အမ်ိဳးသားစာေပဆုကို ဆြတ္ခူးသြားႏိုင္ၿပီျဖစ္တဲ့ စာေရးဆရာမ ဂ်ဴ း

ဆရာမဂ်ဴး ဆိုရင္ လူႀကီးေတြသာမက ယေန႔ေခတ္လူငယ္ေတြကပါ ႀကိဳက္ႏွစ္သက္အားေပးၾကတဲ့ နာမည္ေက်ာ္စာေရးဆရာမတစ္ဦးပဲ ျဖစ္ပါတယ္

ငယ္စဥ္ကတည္းက စာေတြေရးခဲ့တဲ့ ဆရာမဂ်ဴးဟာ ေရနံေခ်ာင္းေဒသေကာလိပ္ ႏွစ္လည္မဂၢဇင္းမွာ “ရာဇဝင္ထဲမွာေမာင့္ကိုထားရစ္ခဲ့” ဝတၳဳတိုတစ္ပုဒ္ စတင္ေရးသားေဖာ္ျပခံရတာကစလို႔

ကဗ်ာ၊ ဝတၳဳတို၊ ဝတၳဳရွည္၊ ေဆာင္းပါး ေပါင္းမ်ားစြာ ေရးသားခဲ့ၿပီး ျဖစ္ပါတယ္။

ဆရာမရဲ႕ ဝတၳဳရွည္ေတြဟာလည္းပဲ ေအာင္ျမင္ခဲ့တဲ့ ခ်ီးက်ဴးခံရတဲ့ ဝတၳဳရွည္ေတြျဖစ္ခဲ့ပါတယ္

ဥပမာ- “ပင္လယ္ႏွင့္တူေသာမိန္းမ” ဝတၳဳဆိုရင္ အေကာင္းဆုံးလက္ရာ (Masterpiece) အျဖစ္ ၫႊန္းဆိုေဖာ္ျပျခင္းခံရတာပါ

ဒါ့အျပင္ ဆရာမရဲ႕ လက္ရာေတြကိုလည္း႐ုပ္ရွင္ဇာတ္ကားအျဖစ္ ႐ိုက္ကူးပုံေဖာ္တာေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။

ဒီလို စာဖတ္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္အားေပးခဲ့တဲ့ ဆရာမဂ်ဴးဟာ အခုဆိုရင္ ၂၀၁၈ ခုႏွစ္အတြက္ အမ်ိဳးသားစာေပဆု(ဝတၳဳရွည္)ကို ဂ်ဴးစာေပကထြက္ရွိတဲ့ “သက္တံ့တို႔ျဖင့္ရက္ဖြဲ႕ ခ်စ္သူရဲ႕ ၿခဳံလႊာ” ဝတၳဳနဲ႔ ရရွိခဲ့ပါတယ္

ဒီသတင္းဟာ ဆရာမဂ်ဴးရဲ႕ ပရိသတ္ေတြအတြက္ ဝမ္းသာစရာသတင္းျဖစ္သလို

ဆရာမအတြက္လည္း ေအာင္ျမင္မႈပန္းတိုင္ ေနာက္တစ္ခုကို ထပ္မံစိုက္ထူႏိုင္ခဲ့တာျဖစ္လို႔ ပရိသတ္ႀကီးတို႔ပါဝမ္းသာရေအာင္ ေဖာ္ျပေရးသားလိုက္ရပါတယ္ေနာ္။

unicode

ဆရာမဂျူး ဆိုရင် လူကြီးတွေသာမက ယနေ့ခေတ်လူငယ်တွေကပါ ကြိုက်နှစ်သက်အားပေးကြတဲ့ နာမည်ကျော်စာရေးဆရာမတစ်ဦးပဲ ဖြစ်ပါတယ်

ငယ်စဉ်ကတည်းက စာတွေရေးခဲ့တဲ့ ဆရာမဂျူးဟာ ရေနံချောင်းဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းမှာ “ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုတစ်ပုဒ် စတင်ရေးသားဖော်ပြခံရတာကစလို့

ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး ပေါင်းများစွာ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။

ဆရာမရဲ့ ဝတ္ထုရှည်တွေဟာလည်းပဲ အောင်မြင်ခဲ့တဲ့ ချီးကျူးခံရတဲ့ ဝတ္ထုရှည်တွေဖြစ်ခဲ့ပါတယ်

ဥပမာ- “ပင်လယ်နှင့်တူသောမိန်းမ” ဝတ္ထုဆိုရင် အကောင်းဆုံးလက်ရာ (Masterpiece) အဖြစ် ညွှန်းဆိုဖော်ပြခြင်းခံရတာပါ

ဒါ့အပြင် ဆရာမရဲ့ လက်ရာတွေကိုလည်းရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်တာတွေလည်း အများကြီးရှိခဲ့ပါတယ်။

ဒီလို စာဖတ်ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးခဲ့တဲ့ ဆရာမဂျူးဟာ အခုဆိုရင် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု(ဝတ္ထုရှည်)ကို ဂျူးစာပေကထွက်ရှိတဲ့ “သက်တံ့တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ” ဝတ္ထုနဲ့ ရရှိခဲ့ပါတယ်

ဒီသတင်းဟာ ဆရာမဂျူးရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းဖြစ်သလို

ဆရာမအတွက်လည်း အောင်မြင်မှုပန်းတိုင် နောက်တစ်ခုကို ထပ်မံစိုက်ထူနိုင်ခဲ့တာဖြစ်လို့ ပရိသတ်ကြီးတို့ပါဝမ်းသာရအောင် ဖော်ပြရေးသားလိုက်ရပါတယ်နော်။