ျပည္တြင္းသတင္း

ရန္ကုန္ကို ဝင္ေမႊ ခဲ့တဲ့ လူနာ (၃၇၈) (ေရႊလမင္း ေဆး႐ုံ မွ ဆရာ ဝန္ ၁၀ ဦးနဲ႔ ေျမာက္/ဥ မွ ဝန္ထမ္း ၁၅ ဦး Q ဝင္ ေနရ)

ရန္ကုန္ကို ဝင္ေမႊ ခဲ့တဲ့ လူနာ (၃၇၈) (ေရႊလမင္း ေဆး႐ုံ မွ ဆရာ ဝန္ ၁၀ ဦးနဲ႔ ေျမာက္/ဥ မွ ဝန္ထမ္း ၁၅ ဦး Q ဝင္ ေနရ)

စစ္ေတြက ပိုးေတြ႕လူနာအမွတ္ (၃၇၈)လာေရာက္ ၿပီး ဓာတ္မွန္ ရိုက္ကူးခဲ့တဲ့ လမ္းမေတာ္ၿမိဳ႕နယ္၊ ေရႊလမင္း အထူးကု ေဆး႐ုံက ဆရာဝန္ နဲ႔ ဆရာမ (၁၀) ဦးကို Q စင္တာသို႔ ေခၚေဆာင္ၿပီး ဓာတ္ခြဲနမူနာ ရယူထားပါတယ္။

 

အဲဒီ ဆရာဝန္ နဲ႔ ဆရာမေတြကို လမ္းမေတာ္ ၿမိဳ႕နယ္၊ (၉) ရပ္ကြက္၊ ေဇာ္ဂ်ီလမ္းရွိ ေရႊလမင္းအထူးကု ေဆး႐ုံကေန ဒီကေန႔ ဩဂုတ္ (၂၁) ရက္က ရန္ကုန္ျပည္သူ ႔ေဆး႐ုံႀကီး နဲ႔ လွိုင္ၿမိဳ႕နယ္တို႔မွာ Quarantine ေခၚေဆာင္ခဲ့ၿပီး က်န္းမာေရး စစ္ေဆးမႈေတြ ျပဳလုပ္ေနတာလို႔ လမ္းမေတာ္မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ထြန္းကေျပာပါတယ္။

 

“Q ထားလိုက္တာ ဟုတ္ပါတယ္။ ဓာတ္မွန္ ရိုက္တဲ့ ဆရာဝန္ပါတယ္။ သူတို႔ ဆက္စပ္တဲ့ သူေတြေပါ့ ” လို႔ ဦးေက်ာ္ထြန္းက ေျပာပါတယ္။ အတည္ျပဳလူနာ (၃၇၈) ဟာ ဩဂုတ္ (၁၂) ရက္က ေရႊလမင္းေဆး႐ုံ ကို ဓာတ္မွန္ လာေရာက္ ရိုက္ခဲ့တယ္လို႔ သိရပါတယ္။

ပိုးေတြ႕လူနာ ေဆး႐ုံေရာက္ ရွိစဥ္ ဝန္ေဆာင္မႈ အနီးကပ္ေပး ခဲ့တဲ့ ဆရာဝန္ နဲ႔ ဆရာမ (၁၀) ဦးရွိခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ဆက္ တြဲသတင္းအရ အဲ့ဒီဆရာဝန္နဲ႔ ဆရာမေတြကို ပထမအႀကိမ္ စစ္ေဆးရာမွာေတာ့ Negativeအေျဖထြက္ရွိတယ္လို႔ သိရပါတယ္။ မေန႔ကလည္း စစ္ေတြ ၿမိဳ႕နယ္က ပိုးေတြ႕လူနာ (၃၇၈) တည္းခိုခဲ့တဲ့ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ည) ရပ္ကြက္၊ ေခမာေက်ာင္းလမ္း က ေဆြမ်ိဳးေတြ အပါ အဝင္ ဆက္စပ္သူ (၁၅) ဦးကို Q စင္တာသို႔ ပို႔ေဆာင္ၿပီး ဓာတ္ခြဲနမူနာ ရယူထားပါတယ္။

Credit;

Unicode

ရန်ကုန်ကို ဝင်မွှေ ခဲ့တဲ့ လူနာ (၃၇၈) (ရွှေလမင်း ဆေးရုံ မှ ဆရာ ဝန် ၁၀ ဦးနဲ့ မြောက်/ဥ မှ ဝန်ထမ်း ၁၅ ဦး Q ဝင် နေရ)

စစ်တွေက ပိုးတွေ့လူနာအမှတ် (၃၇၈)လာရောက် ပြီး ဓာတ်မှန် ရိုက်ကူးခဲ့တဲ့ လမ်းမတော်မြို့နယ်၊ ရွှေလမင်း အထူးကု ဆေးရုံက ဆရာဝန် နဲ့ ဆရာမ (၁၀) ဦးကို Q စင်တာသို့ ခေါ်ဆောင်ပြီး ဓာတ်ခွဲနမူနာ ရယူထားပါတယ်။

အဲဒီ ဆရာဝန် နဲ့ ဆရာမတွေကို လမ်းမတော် မြို့နယ်၊ (၉) ရပ်ကွက်၊ ဇော်ဂျီလမ်းရှိ ရွှေလမင်းအထူးကု ဆေးရုံကနေ ဒီကနေ့ ဩဂုတ် (၂၁) ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး နဲ့ လှိုင်မြို့နယ်တို့မှာ Quarantine ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေတာလို့ လမ်းမတော်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းကပြောပါတယ်။

“Q ထားလိုက်တာ ဟုတ်ပါတယ်။ ဓာတ်မှန် ရိုက်တဲ့ ဆရာဝန်ပါတယ်။ သူတို့ ဆက်စပ်တဲ့ သူတွေပေါ့ ” လို့ ဦးကျော်ထွန်းက ပြောပါတယ်။ အတည်ပြုလူနာ (၃၇၈) ဟာ ဩဂုတ် (၁၂) ရက်က ရွှေလမင်းဆေးရုံ ကို ဓာတ်မှန် လာရောက် ရိုက်ခဲ့တယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာ ဆေးရုံရောက် ရှိစဉ် ဝန်ဆောင်မှု အနီးကပ်ပေး ခဲ့တဲ့ ဆရာဝန် နဲ့ ဆရာမ (၁၀) ဦးရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက် တွဲသတင်းအရ အဲ့ဒီဆရာဝန်နဲ့ ဆရာမတွေကို ပထမအကြိမ် စစ်ဆေးရာမှာတော့ Negativeအဖြေထွက်ရှိတယ်လို့ သိရပါတယ်။ မနေ့ကလည်း စစ်တွေ မြို့နယ်က ပိုးတွေ့လူနာ (၃၇၈) တည်းခိုခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ ခေမာကျောင်းလမ်း က ဆွေမျိုးတွေ အပါ အဝင် ဆက်စပ်သူ (၁၅) ဦးကို Q စင်တာသို့ ပို့ဆောင်ပြီး ဓာတ်ခွဲနမူနာ ရယူထားပါတယ်။

Credit;