ျပည္တြင္းသတင္း

မႏၲေလးမွာ ပိုးေတြ႕တဲ့ ရဲဝန္ထမ္းနဲ႔ ထိေတြ႕သူအားလုံး အေျဖ ေပၚထြက္လာပါၿပီ

မႏၲေလးမွာ ပိုးေတြ႕တဲ့ ရဲဝန္ထမ္းနဲ႔ ထိေတြ႕သူအားလုံး အေျဖ ေပၚထြက္လာပါၿပီ

မႏၲေလးမွာ ပိုးေတြ႕တဲ့ ရဲဝန္ထမ္းနဲ႔ ထိေတြ႕သူအားလုံးမွာ ေရာဂါပိုးမေတြ႕

ထိေတြ႕ထားသူ (၁၂၁)ဦးစလုံး negativeျဖစ္ပါတယ္။ မႏၲေလးက ရဲသင္တန္းေက်ာင္းမွာ လူနာအမွတ္(၅၈၇) နဲ႔အတူ သင္တန္းတက္ခဲ့တဲ့ မႏၲေလးၿမိဳ႕က ရဲအရာရွိအတတ္သင္ေက်ာင္းက သင္တန္းသား၊ နည္းျပဆရာေတြအပါအဝင္ ႐ုံးဝန္ထမ္း ၁၂၁ ဦးရဲ႕ ေဆးစစ္ခ်က္အေျဖက All Negative ျဖစ္တယ္လို႔ သိရပါတယ္။

 

“ဟုတ္ကဲ့အေျဖထြက္ပါၿပီ။ အကုန္လုံး Negative ပါရွင့္” လို႔ မႏၲေလးၿမိဳ႕က ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(မႏၲေလး) ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေမဝင့္ဝါက ေျပာပါတယ္။

 

ပိုးေတြ႕လူနာ(၅၈၇) က ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကေန၊ မႏၲေလးၿမိဳ႕က ရဲအရာရွိအတတ္သင္ေက်ာင္းမွာ စခန္းမႉးသင္တန္းလာတက္ေနတဲ့ ရဲအုပ္တစ္ဦးျဖစ္ပါတယ္။ၾသဂုတ္လ ၂၇ ရက္ေန႔က အဆိုပါ ရဲတပ္သားမွာ ကိုဗစ္ေရာဂါကူးစက္ခံရေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။

 

လူနာကိုေတာ့ အဲဒီေန႔မွာပဲ ကန္ေတာ္နဒီေဆး႐ုံဆီပို႔ထားလိုက္ၿပီး သူနဲ႔အတူ ရခိုင္ျပည္နယ္ကေနပါလာသူ ၆ ဥဦးကိုလည္းေရာဂါပိုးရွိမရွိစစ္ေဆးခဲ့ရာမွာလည္း ေရာဂါပိုးမေတြ႕ရွိခဲ့ပါဘူး။

 

ဒါ့အျပင္ သင္တန္းေက်ာင္းက ထိေတြ႕ထားသူအားလုံးကိုလည္း ဓာတ္ခြဲစစ္ေဆးခဲ့ရာမွာလည္း အားလုံးမွာေရာဂါပိုးမေတြ႕ရွိခဲ့ပါဘူး။လက္ရွိမွာေတာ့ သင္တန္းေက်ာင္းကို Lockdown ခ်ထားဆဲျဖစ္ၿပီး သင္တန္းေက်ာင္းအတြင္းကလူေတြကိုလည္း Quarantine ဆက္လက္ထားရွိထားတယ္လို႔ သိရပါတယ္။

ဓူဝံ

Unicode

မန္တလေးမှာ ပိုးတွေ့တဲ့ ရဲဝန်ထမ်းနဲ့ ထိတွေ့သူအားလုံး အဖြေ ပေါ်ထွက်လာပါပြီ

မန္တလေးမှာ ပိုးတွေ့တဲ့ ရဲဝန်ထမ်းနဲ့ ထိတွေ့သူအားလုံးမှာ ရောဂါပိုးမတွေ့

ထိတွေ့ထားသူ (၁၂၁)ဦးစလုံး negativeဖြစ်ပါတယ်။ မန္တလေးက ရဲသင်တန်းကျောင်းမှာ လူနာအမှတ်(၅၈၇) နဲ့အတူ သင်တန်းတက်ခဲ့တဲ့ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းက သင်တန်းသား၊ နည်းပြဆရာတွေအပါအဝင် ရုံးဝန်ထမ်း ၁၂၁ ဦးရဲ့ ဆေးစစ်ချက်အဖြေက All Negative ဖြစ်တယ်လို့ သိရပါတယ်။

“ဟုတ်ကဲ့အဖြေထွက်ပါပြီ။ အကုန်လုံး Negative ပါရှင့်” လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါက ပြောပါတယ်။

ပိုးတွေ့လူနာ(၅၈၇) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။သြဂုတ်လ ၂၇ ရက်နေ့က အဆိုပါ ရဲတပ်သားမှာ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

လူနာကိုတော့ အဲဒီနေ့မှာပဲ ကန်တော်နဒီဆေးရုံဆီပို့ထားလိုက်ပြီး သူနဲ့အတူ ရခိုင်ပြည်နယ်ကနေပါလာသူ ၆ ဥဦးကိုလည်းရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

ဒါ့အပြင် သင်တန်းကျောင်းက ထိတွေ့ထားသူအားလုံးကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာလည်း အားလုံးမှာရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။လက်ရှိမှာတော့ သင်တန်းကျောင်းကို Lockdown ချထားဆဲဖြစ်ပြီး သင်တန်းကျောင်းအတွင်းကလူတွေကိုလည်း Quarantine ဆက်လက်ထားရှိထားတယ်လို့ သိရပါတယ်။

ဓူဝံ