အေထြအေထြဗဟုသုတ

ကံႏွိမ့္ ကံပိတ္ ေနသူမ်ားအတြက္ ကံေခၚနည္း

ကံႏွိမ့္ ကံပိတ္ ေနသူမ်ားအတြက္ ကံေခၚနည္း

ကံ ပိတ္ရျခင္းအေၾကာင္းကေတာ့ အလြန္နက္နဲပါတယ္ လက္ရွိကိုယ့္ရဲ့အျပဳအမူ အေနအထိုင္ ေနအိမ္အခန္း ထားသိုမူ႔ အမွားအယြင္း အသုံးအေဆာင္ပစၥည္း အမွားအယြင္း ဘုန္းကံနိမ့္ေစမူ႔ အျပဳအမူေတြအျပင္ အတိတ္အကုသိုလ္ကံရဲ့ အတားအဆီး အစရွိသျဖင့္ ဘက္ေပါင္းစုံကေန ရွိေနနိူင္ပါတယ္။

အခုေျပာမယ့္ နည္းကေတာ့ အဲဒီအတားအဆီးေတြ ေက်ာ္လႊားၿပီး မိမိစိတ္ရွည္ရွည္နဲ႔လုပ္ေနသမၽွကံပိတ္တာေတြ တျဖည္းျဖည္း အားနည္းေစၿပီးေကာင္းကံေတြ အက်ိဳးေပးလာေစမွာပါ။ အခုလုပ္ရမယ့္ အရာေတြကို ေျပာျပပါမယ္။

၁။ မိမိျပဳခဲ့ဖူးသမၽွေသာ ကုသိုလ္ေတြထဲက မွတ္မွတ္ရရ ျဖစ္ခဲ့ရၿပီး ပီတိျဖစ္ခဲ့ရတဲ့ ကုသိုလ္ ၁၁ မ်ိဳးကို စာရြက္နဲ႔ ခ်ေရးၿပီး ပလပ္စတစ္ ေလာင္းထားပါ။ နံနက္တိုင္း အိပ္ယာထထခ်င္း အဲဒီစာရြက္ကိုအစအဆုံးဖတ္ၿပီး ေက်နပ္ပီတိျဖစ္ပါေစ။

အဲဒီစာရြက္ကိုဖတ္ၿပီးမွသာ မ်က္ႏွာသစ္ သြားတိုက္ပါ။ တကယ္လို႔ ကိုယ့္မွာ မွတ္မွတ္ရရ ကုသိုလ္က ၁၁ မ်ိဳး မရွိေသးလည္း ရွိသေလာက္ ခ်ေရးပါ ျပည့္ေအာင္ထပ္လႉပါ ထပ္ျဖည့္ေရးပါ။

၂။ နံနက္တိုင္း ဆဲဆိုတိုင္းထြာျခင္း ေရွာင္ပါ။ အေကာင္းဆုံးက ေမတၱာသုတ္တရား ဖြင့္ေပးပါ။

၃။ အိမ္ေရွ႕လမ္းမေပၚ ဆန္ၾကဲပါ။

၄။ မ်က္ႏွစ္သစ္ေနစဥ္ စိတ္ထဲကေန သတၱဝါအားလုံး က်န္းမာခ်မ္းသာၾကပါေစ လို႔ ဆုေတာင္းပါ။

၅။ ဘုရား ေသာက္ေတာ္ေရ ကပ္လႉေပးပါ။ ကပ္လႉေနစဥ္ မိမိစိတ္ထဲမွာ တကယ့္သက္ရွိထင္ရွား ျမတ္စြာဘုရားအား အာ႐ုံျပဳ၍ ကပ္လႉ ေပးပါ။ မိမိႏူတ္မွလည္း အရဟံ အရဟံ ဟုရြတ္ေပးပါ။

၆။ ေသာၾကာနံနက္တိုင္း ရွင္သီဝလိကိုယ္ေတာ္ျမတ္ႀကီးအား သီးေမႊးဌက္ေပ်ာသီးကို အခြံႏႊာ သၾကားျဖဴး၍ လႉေပးပါ အပတ္တိုင္းလႉေပးပါ။

၇။ တစ္လႏွစ္ႀကိမ္‌ မိမိေမြးနံေထာင့္မွာ သန႔္ရွင္းေရးေသခ်ာလုပ္၍ ပဌာန္းအက်ယ္ရြတ္ၿပီး အမၽွေဝပါ။

၈။ အဂၤါေန႔ည‌‌ေန 4:30 ႏွင့္ 7:30 ၾကား‌ေရာက္တိုင္း ေငြ 200 ကို လူသြားလမ္းေပၚ လူမသိေအာင္ ပစ္ခ်ပါ။

၉။ ေလးလတစ္ႀကိမ္ အသက္ႀကီး ရဟန္းတစ္ပါးအား ပ်ားရည္ႏွင့္ ေရစစ္လႉေပးပါ။

၁၀။ ညမအိပ္ခင္ ဘုရားစင္ေရွ႕(သို႔မဟုတ္) မိမိအိပ္ယာေပၚမွေန၍ ဘုရားရွင္အား အာ႐ုံျပဳ၍ “ဘုရားတပည့္ေတာ္သည္ သံသရာအစမွစ၍ ယခုဘဝ ယခုအခ်ိန္အထိတိုင္ေအာင္ အန‌‌ေႏၲာ အနႏၲငါးပါးႏွင့္ ခင္ပြန္းႀကီး ၁၀ ပါးတို႔အေပၚ၌ ကာယကံ ဝစီကံ မေနာကံတို႔ျဖင့္ ျပစ္မွားမိခဲ့သည္ရွိေသာ္ ထိုအျပစ္သို႔ေျပေပ်ာက္ေစရန္ ေတာင္းပန္ကန္ေတာ့ပါသည္ မိမိအေပၚ ျပစ္မွားသူတို႔ကိုလည္း ခြင့္လႊတ္ပါသည္။

ထို႔အျပင္ သံသရာႏွင့္ ယခုဘဝတြင္ မိမိကသူတစ္ပါးကိုလည္း‌ေကာင္း သူတစ္ပါးက မိမိအေပၚကိုလည္းေကာင္း က်ိန္ဆိုခဲ့ေသာ က်ိန္စာမ်ားရွိပါကလည္း ေျပေပ်ာက္ပါေစဘုရား ဦးသုံးႀကိမ္ခ်ကန္ေတာ့ၿပီးအိပ္ပါ။ အိပ္ေနစဥ္ တစ္ျခားဘာအေၾကာင္းအရာမွ မေတြးဘဲ ဘုရားရွင္ရဲ့ ျပဳံးေတာ္မ‌ူေသာ မ်က္ႏွာေတာ္ကိုစိတ္ထဲက အာ႐ုံျပဳၿပီး အရဟံ အရဟံ ဟုစိတ္ထဲကေနရြတ္ဆိုၿပီးအိပ္ပါ။

ယခုေရးျပခဲ့တဲ့ အခ်က္ ၁၀ ခ်က္ကိုသာ ယုံယုံၾကည္ၾကည္လုပ္ၾကည့္ပါ ဘယ္ေလာက္ပဲ ကံဆိုးကံဆိုး ဘယ္ေလာက္ပဲကံေတြ ပိတ္ခ်င္သေလာက္ပိတ္ေနပါေစ ထူးျခားစြာ ကံေတြပြင့္လာၿပီး ကုသိုလ္ကံေတြအက်ိဳးေပးလာပါလိမ့္မယ္။ နည္းကလြယ္ပါတယ္ ယုံယုံၾကည္ၾကည္နဲ႔ စြဲစြဲျမဲျမဲလုပ္ဖို႔သာ လိုပါတယ္။ ခုႏွစ္ရက္ သားသမီးအေပါင္း ကံပြင့္ လာဘ္ရႊင္ ေအာင္ပြဲဆင္နိူင္ၾကပါေစေသာ္။

ေက်ာ္ဘိုဘိုဟိန္

Unicode

ကံပိတ် ကံနှိမ့် နေသူများအတွက် ကံခေါ်နည်း

ကံ ပိတ်ရခြင်းအကြောင်းကတော့ အလွန်နက်နဲပါတယ် လက်ရှိကိုယ့်ရဲ့အပြုအမူ အနေအထိုင် နေအိမ်အခန်း ထားသိုမူ့ အမှားအယွင်း အသုံးအဆောင်ပစ္စည်း အမှားအယွင်း ဘုန်းကံနိမ့်စေမူ့ အပြုအမူတွေအပြင် အတိတ်အကုသိုလ်ကံရဲ့ အတားအဆီး အစရှိသဖြင့် ဘက်ပေါင်းစုံကနေ ရှိနေနိူင်ပါတယ်။

အခုပြောမယ့် နည်းကတော့ အဲဒီအတားအဆီးတွေ ကျော်လွှားပြီး မိမိစိတ်ရှည်ရှည်နဲ့လုပ်နေသမျှကံပိတ်တာတွေ တဖြည်းဖြည်း အားနည်းစေပြီးကောင်းကံတွေ အကျိုးပေးလာစေမှာပါ။ အခုလုပ်ရမယ့် အရာတွေကို ပြောပြပါမယ်။

၁။ မိမိပြုခဲ့ဖူးသမျှသော ကုသိုလ်တွေထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရပြီး ပီတိဖြစ်ခဲ့ရတဲ့ ကုသိုလ် ၁၁ မျိုးကို စာရွက်နဲ့ ချရေးပြီး ပလပ်စတစ် လောင်းထားပါ။ နံနက်တိုင်း အိပ်ယာထထချင်း အဲဒီစာရွက်ကိုအစအဆုံးဖတ်ပြီး ကျေနပ်ပီတိဖြစ်ပါစေ။

အဲဒီစာရွက်ကိုဖတ်ပြီးမှသာ မျက်နှာသစ် သွားတိုက်ပါ။ တကယ်လို့ ကိုယ့်မှာ မှတ်မှတ်ရရ ကုသိုလ်က ၁၁ မျိုး မရှိသေးလည်း ရှိသလောက် ချရေးပါ ပြည့်အောင်ထပ်လှူပါ ထပ်ဖြည့်ရေးပါ။

၂။ နံနက်တိုင်း ဆဲဆိုတိုင်းထွာခြင်း ရှောင်ပါ။ အကောင်းဆုံးက မေတ္တာသုတ်တရား ဖွင့်ပေးပါ။

၃။ အိမ်ရှေ့လမ်းမပေါ် ဆန်ကြဲပါ။

၄။ မျက်နှစ်သစ်နေစဉ် စိတ်ထဲကနေ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ လို့ ဆုတောင်းပါ။

၅။ ဘုရား သောက်တော်ရေ ကပ်လှူပေးပါ။ ကပ်လှူနေစဉ် မိမိစိတ်ထဲမှာ တကယ့်သက်ရှိထင်ရှား မြတ်စွာဘုရားအား အာရုံပြု၍ ကပ်လှူ ပေးပါ။ မိမိနူတ်မှလည်း အရဟံ အရဟံ ဟုရွတ်ပေးပါ။

၆။ သောကြာနံနက်တိုင်း ရှင်သီဝလိကိုယ်တော်မြတ်ကြီးအား သီးမွှေးဌက်ပျောသီးကို အခွံနွှာ သကြားဖြူး၍ လှူပေးပါ အပတ်တိုင်းလှူပေးပါ။

၇။ တစ်လနှစ်ကြိမ်‌ မိမိမွေးနံထောင့်မှာ သန့်ရှင်းရေးသေချာလုပ်၍ ပဌာန်းအကျယ်ရွတ်ပြီး အမျှဝေပါ။

၈။ အင်္ဂါနေ့ည‌‌နေ 4:30 နှင့် 7:30 ကြား‌ရောက်တိုင်း ငွေ 200 ကို လူသွားလမ်းပေါ် လူမသိအောင် ပစ်ချပါ။

၉။ လေးလတစ်ကြိမ် အသက်ကြီး ရဟန်းတစ်ပါးအား ပျားရည်နှင့် ရေစစ်လှူပေးပါ။

၁၀။ ညမအိပ်ခင် ဘုရားစင်ရှေ့(သို့မဟုတ်) မိမိအိပ်ယာပေါ်မှနေ၍ ဘုရားရှင်အား အာရုံပြု၍ “ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယခုဘဝ ယခုအချိန်အထိတိုင်အောင် အန‌‌န္တော အနန္တငါးပါးနှင့် ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ်၌ ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်သို့ပြေပျောက်စေရန် တောင်းပန်ကန်တော့ပါသည် မိမိအပေါ် ပြစ်မှားသူတို့ကိုလည်း ခွင့်လွှတ်ပါသည်။

ထို့အပြင် သံသရာနှင့် ယခုဘဝတွင် မိမိကသူတစ်ပါးကိုလည်း‌ကောင်း သူတစ်ပါးက မိမိအပေါ်ကိုလည်းကောင်း ကျိန်ဆိုခဲ့သော ကျိန်စာများရှိပါကလည်း ပြေပျောက်ပါစေဘုရား ဦးသုံးကြိမ်ချကန်တော့ပြီးအိပ်ပါ။ အိပ်နေစဉ် တစ်ခြားဘာအကြောင်းအရာမှ မတွေးဘဲ ဘုရားရှင်ရဲ့ ပြုံးတော်မ‌ူသော မျက်နှာတော်ကိုစိတ်ထဲက အာရုံပြုပြီး အရဟံ အရဟံ ဟုစိတ်ထဲကနေရွတ်ဆိုပြီးအိပ်ပါ။

ယခုရေးပြခဲ့တဲ့ အချက် ၁၀ ချက်ကိုသာ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ ဘယ်လောက်ပဲ ကံဆိုးကံဆိုး ဘယ်လောက်ပဲကံတွေ ပိတ်ချင်သလောက်ပိတ်နေပါစေ ထူးခြားစွာ ကံတွေပွင့်လာပြီး ကုသိုလ်ကံတွေအကျိုးပေးလာပါလိမ့်မယ်။ နည်းကလွယ်ပါတယ် ယုံယုံကြည်ကြည်နဲ့ စွဲစွဲမြဲမြဲလုပ်ဖို့သာ လိုပါတယ်။ ခုနှစ်ရက် သားသမီးအပေါင်း ကံပွင့် လာဘ်ရွှင် အောင်ပွဲဆင်နိူင်ကြပါစေသော်။

ကျော်ဘိုဘိုဟိန်