ျပည္တြင္းသတင္း

စစ္ေကာင္စီကဖြဲ႕စည္းတဲ့ ဂီတအစည္းအ႐ုံး(ဗဟို) အမႈေဆာင္အဖြဲ႕ဝင္အျဖစ္ထည့္သြင္းျခင္းကိို ျငင္းဆိုလိုက္တဲ့ မေနာ

စစ္ေကာင္စီက ဖြဲ႕စည္းလိုက္တဲ့ ျမန္မာနိုင္ငံဂီတအစည္းအ႐ုံး(ဗဟို) ယာယီမွာ အမႈေဆာင္အဖြဲ႕ဝင္အျဖစ္ထည့္သြင္းျခင္း ခံထားရတဲ့

အဆိုေတာ္ မေနာဟာ လုပ္ဆာင္ရန္ အခက္အခဲရွိတဲ့အတြက္ ဒီေန႔ ဇြန္ ၃ရက္၊ရက္စြဲနဲ႔ ေမတၱာရပ္ခံစာ ပို႔ထားတယ္လို႔ သူရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္

“ဒီမနက္မွ သိရတာ ျဖစ္ပါတယ္။ကၽြန္ေတာ္ သိသိျခင္းပဲ ေမတၱာရပ္ခံစာ ပို႔ထားပါတယ္ခင္ဗ်ာ။”လို႔ ေရးသားထားၿပီး သူ႔လက္ေရးမူ စာတစ္ေစာင္နဲ႔ဂီတအစည္းအ႐ုံးဖြဲ႕စည္းေၾကာင္း ေၾကာညာခ်က္လည္း တင္ထားတာေတြ႕ရပါတယ္။ေမတၱာရပ္ခံခ်က္စာထဲမွာ “ကၽြန္ေတာ္ မေနာသည္အႏုပညာပိုင္းမွာလည္း ဝါသနာရွင္ အဆင့္သာျဖစ္ပါသည္။ပညာရွင္ မဟုတ္ပါခင္ဗ်ာ။အတန္းပညာပိုင္းမွာလည္း မူလတန္းသာ ေအာင္ခဲ့သူျဖစ္ပါသည္

အသက္အရြယ္ပိုင္းဆိုလၽွင္ျဖင့္ ၃၈ႏွစ္သာ ရွိေသးေသာေၾကာင့္ အဘက္ဘက္မွ အားနည္းခ်က္မ်ားစြာ ရွိေနပါသည္။သို႔ျဖစ္ပါ၍ ျမန္မာနိုင္ငံ ဂီတ အစည္းအ႐ုံး(ဗဟို)၏အမႈေဆာင္အဖြဲ႕ဝင္ အျဖစ္ႏွင့္ မသင့္ေတာ္ျခင္းေၾကာင့္ ခြင့္လႊတ္ နားလည္ေစလိုပါသည္။

ကၽြန္ေတာ္ မေနာအား ျမန္မာနိုင္ငံ ဂီတအစည္းအ႐ုံ(ဗဟို)အေနျဖင့္အမႈေဆာင္အဖြဲ႕ဝင္ မဟုတ္ဘဲ ပရဟိတ ကိစၥမ်ားခိုင္းေစလိုလၽွင္ အခ်ိန္မေရြး မဆိုင္းမတြဘဲ ေဆာင္ရြက္ေပးပါမည္ဟု အသိေပးရင္း ေလးစားအပ္ပါေသာလူႀကီးမင္းမ်ား၊အႏုပညာရွင္မ်ားအား အႏူးအညႊတ္ ေမတၱာရပ္ခံအပ္ပါသည္။”လို႔ ေရးသားထားပါတယ္

အဆိုေတာ္မေနာဟာ မႏၲေလးၿမိဳ႕မွာေနထိုင္ၿပီး ဗိုလ္ေအာင္ဒင္၊အေႂကြး၊ ၾကာျဖဴ၊အခ်စ္စစ္ရဲ့တန္ဖိုး၊ေတာင္သမန္အင္းရဲ့ကဗ်ာ စတဲ့ သီခ်င္းေတြနဲ႔ နာမည္ႀကီးခဲ့သူလည္းျဖစ္ပါတယ္

ျမန္မာနိုင္ငံဂီတ အစည္းအ႐ုံး (ဗဟို)ယာယီ အမႈေဆာင္အဖြဲ႕ အမည္စာရင္းမွာ နာယက အျဖစ္ (ဦး)ဘိုကေလးတင့္ေအာင္၊(ေဒၚ)တင္တင္ျမ၊(ဦး)ဟသၤာတျမင့္ေငြ၊ဦးတင္ဦးေလး၊ျမန္မာျပည္ သိန္းတန္တို႔ပါဝင္ၿပီး ဥကၠ႒ အျဖစ္ ဦးညီညီဝင္း(ခ)ကိုင္ဇာ၊ဒုဥကၠ႒(၁) အျဖစ္ ဦးလြင္ျမင့္၊ဒုဥကၠ႒ (၂)အျဖစ္ စႏၵယားသိန္းျမင့္သန္း စတဲ့သူေတြ ပါဝင္ပါတယ္

Unicode

စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီမှာ အမှုဆောင်အဖွဲ့ဝင်အဖြစ်ထည့်သွင်းခြင်း ခံထားရတဲ့အဆိုတော် မနောဟာ လုပ်ဆာင်ရန် အခက်အခဲရှိတဲ့အတွက် ဒီနေ့ ဇွန် ၃ရက်၊ရက်စွဲနဲ့ မေတ္တာရပ်ခံစာ ပို့ထားတယ်လို့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်

“ဒီမနက်မှ သိရတာ ဖြစ်ပါတယ်။ကျွန်တော် သိသိခြင်းပဲ မေတ္တာရပ်ခံစာ ပို့ထားပါတယ်ခင်ဗျာ။”လို့ ရေးသားထားပြီး သူ့လက်ရေးမူ စာတစ်စောင်နဲ့ဂီတအစည်းအရုံးဖွဲ့စည်းကြောင်း ကြောညာချက်လည်း တင်ထားတာတွေ့ရပါတယ်။မေတ္တာရပ်ခံချက်စာထဲမှာ “ကျွန်တော် မနောသည်

 

အနုပညာပိုင်းမှာလည်း ဝါသနာရှင် အဆင့်သာဖြစ်ပါသည်။ပညာရှင် မဟုတ်ပါခင်ဗျာ။အတန်းပညာပိုင်းမှာလည်း မူလတန်းသာ အောင်ခဲ့သူဖြစ်ပါသည်။

အသက်အရွယ်ပိုင်းဆိုလျှင်ဖြင့် ၃၈နှစ်သာ ရှိသေးသောကြောင့် အဘက်ဘက်မှ အားနည်းချက်များစွာ ရှိနေပါသည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး(ဗဟို)၏အမှုဆောင်အဖွဲ့ဝင် အဖြစ်နှင့် မသင့်တော်ခြင်းကြောင့် ခွင့်လွှတ် နားလည်စေလိုပါသည်။

ကျွန်တော် မနောအား မြန်မာနိုင်ငံ ဂီတအစည်းအရုံ(ဗဟို)အနေဖြင့်အမှုဆောင်အဖွဲ့ဝင် မဟုတ်ဘဲ ပရဟိတ ကိစ္စများခိုင်းစေလိုလျှင် အချိန်မရွေး မဆိုင်းမတွဘဲ ဆောင်ရွက်ပေးပါမည်ဟု အသိပေးရင်း လေးစားအပ်ပါသောလူကြီးမင်းများ၊အနုပညာရှင်များအား အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။”လို့ ရေးသားထားပါတယ်

အဆိုတော်မနောဟာ မန္တလေးမြို့မှာနေထိုင်ပြီး ဗိုလ်အောင်ဒင်၊အကြွေး၊ ကြာဖြူ၊အချစ်စစ်ရဲ့တန်ဖိုး၊တောင်သမန်အင်းရဲ့ကဗျာ စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်

မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)ယာယီ အမှုဆောင်အဖွဲ့ အမည်စာရင်းမှာ နာယက အဖြစ် (ဦး)ဘိုကလေးတင့်အောင်၊(ဒေါ်)တင်တင်မြ၊(ဦး)ဟင်္သာတမြင့်ငွေ၊ဦးတင်ဦးလေး၊မြန်မာပြည် သိန်းတန်တို့ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ် ဦးညီညီဝင်း(ခ)ကိုင်ဇာ၊ဒုဥက္ကဋ္ဌ(၁) အဖြစ် ဦးလွင်မြင့်၊ဒုဥက္ကဋ္ဌ (၂)အဖြစ် စန္ဒယားသိန်းမြင့်သန်း စတဲ့သူတွေ ပါဝင်ပါတယ်