ေက်ာက္ဆို ေၾကာက္ကိုမေၾကာက္ေတာ့တာ …
သူရွိေနလို႔ ခါးနာခါးေအာင့္ျဖစ္ေနတာ …အခုေတာ့ သူထြက္က်လာခဲ့ပါၿပီ
အခ်ိန္က…ယေန႔ည၁၁နာရီ၁၀မိနစ္ခန္႔ကျဖစ္သည္ …ဘယ္ဘက္က ခါးတစ္ျခမ္းကိုက္ေနတာ ႏွစ္လသုံးလေလာက္ရွိေနပါၿပီ
ဆီေက်ာက္တည္ေရာဂါနဲ႔ရင္ပါးေနၿပီျဖစ္ေသာေၾကာင့္…မေၾကာက္ရြံ႕ေတာ့ေပ…ဒီေက်ာက္ႀကီးရွိေနမွန္းသိေနတာေတာ့…သုံးေလးလခန္႔ရွိေနပါၿပီ
ဒီတစ္ခါေက်ာက္က အသက္ရႈရင္ေတာင္ေအာင့္ေအာင့္လာတယ္…ခါးေအာင့္ေအာင့္ေနလို႔ ဘယ္ဘက္ကိုေစာင္းအိပ္လို႔မရျဖစ္ေနပါတယ္
သူရွိေနရင္…ခါးကတင္ၿပီးနာေနတယ္…ဘယ္ဘက္ျခမ္းဆီးခုံကို လက္နဲ႔အဖိမခံႏိုင္ဘူး…ေတာ္ေတာ္နာပါတယ္…ေဆးရုံသြားဓာတ္မွန္ရိုက္ၾကည့္ေတာ့
ေသခ်ာေပါက္သူ႔ကို ေတြ႔သည္ …ဆရာဝန္က ေခ်ဖို႔ သို႔မဟုတ္ ခြဲထုတ္ဖို႔ေျပာပါသည္…ႀကီးလြန္းလို႔သူ႔ဘာလို မထြက္က်ႏိုင္ေၾကာင္းေျပာျပပါသည္
ေနလို႔ရရင္ ေနေနလိုက္သည္…ေနလို႔မရေအာင္နာလာရင္ေတာ့ လက္သုံးေဆးကိုအသုံးျပဳရေတာ့သည္
ထိုေဆးက လြယ္လြယ္ေလးပါ…ေက်ာက္ဖရုံသီးကို သခြါးျခစ္နဲ႔ျခစ္ၿပီး…ရွာလကာရည္…အနည္းငယ္ထည့္၍ …အလယ္တည္ပန္းကန္နဲ႔
တစ္ဝက္ေလာက္ကို…တစ္ရက္ ႏွစ္ရက္နဲ႔ အကုန္စားေပးလိုက္ရံုပါပဲ…အဲဒီလို သုံးခါေလာက္လုပ္စားလိုက္တာနဲ႔အခုျမင္ေတြ႔ရတဲ့ေက်ာက္ႀကီးလည္း
မေနႏိုင္ေတာ့ပဲ ဆီးလမ္းေၾကာင္းကေနဒလိမ့္ေခါက္ေကြး ထြက္က်ခဲ့ရေတာ့တာပါပဲ…ရံဖန္ရံခါ အုန္းေရလဲ အဝေသာက္ေပးဖို႔…လိုပါသည္
ေက်ာက္တည္တတ္တဲ့ေဝဒနာရွင္မ်ားအတြက္သတင္းေကာင္းေပးလိုက္ပါတယ္ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း ေက်ာက္ထြက္က်လာလို႔
ပုံႏွင့္တကြ ေရးတင္ခဲ့ဘူးတာရွိပါတယ္ေက်ာက္ဖရံုသီးနဲ႔ ရွာလကာေရနဲ႔ ေရာစပ္ထားတာပါ
ဟင္းစားဇြန္းနဲ႔ ေမာက္ေမာက္ခပ္၍ တစ္ေန႔သုံးႀကိမ္ေလာက္စားေပးပါ စားလို႔ေကာင္းပါတယ္
Crd း ပိေတာက္အိမ္
Unicode
ကျောက်ဆို ကြောက်ကိုမကြောက်တော့တာ …
သူရှိနေလို့ ခါးနာခါးအောင့်ဖြစ်နေတာ …အခုတော့ သူထွက်ကျလာခဲ့ပါပြီ…
အချိန်က…ယနေ့ည၁၁နာရီ၁ဝမိနစ်ခန့်ကဖြစ်သည် …ဘယ်ဘက်က ခါးတစ်ခြမ်းကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ…
ဆီကျောက်တည်ရောဂါနဲ့ရင်ပါးနေပြီဖြစ်သောကြောင့်…မကြောက်ရွံ့တော့ပေ…ဒီကျောက်ကြီးရှိနေမှန်းသိနေတာတော့…သုံးလေးလခန့်ရှိနေပါပြီ…
ဒီတစ်ခါကျောက်က အသက်ရှုရင်တောင်အောင့်အောင့်လာတယ်…ခါးအောင့်အောင့်နေလို့ ဘယ်ဘက်ကိုစောင်းအိပ်လို့မရဖြစ်နေပါတယ်…
သူရှိနေရင်…ခါးကတင်ပြီးနာနေတယ်…ဘယ်ဘက်ခြမ်းဆီးခုံကို လက်နဲ့အဖိမခံနိုင်ဘူး…တော်တော်နာပါတယ်…ဆေးရုံသွားဓာတ်မှန်ရိုက်ကြည့်တော့.
သေချာပေါက်သူ့ကို တွေ့သည် …ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ပြောပါသည်…ကြီးလွန်းလို့သူ့ဘာလို မထွက်ကျနိုင်ကြောင်းပြောပြပါသည်
နေလို့ရရင် နေနေလိုက်သည်…နေလို့မရအောင်နာလာရင်တော့ လက်သုံးဆေးကိုအသုံးပြုရတော့သည်
ထိုဆေးက လွယ်လွယ်လေးပါ…ကျောက်ဖရုံသီးကို သခွါးခြစ်နဲ့ခြစ်ပြီး…ရှာလကာရည်…အနည်းငယ်ထည့်၍ …အလယ်တည်ပန်းကန်နဲ့
တစ်ဝက်လောက်ကို…တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ…အဲဒီလို သုံးခါလောက်လုပ်စားလိုက်တာနဲ့အခုမြင်တွေ့ရတဲ့ကျောက်ကြီးလည်း
မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေဒလိမ့်ခေါက်ကွေး ထွက်ကျခဲ့ရတော့တာပါပဲ…ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေးဖို့…လိုပါသည်
ကျောက်တည်တတ်တဲ့ဝေဒနာရှင်များအတွက်သတင်းကောင်းပေးလိုက်ပါတယ်ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ကျောက်ထွက်ကျလာလို့
ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ်ကျောက်ဖရုံသီးနဲ့ ရှာလကာရေနဲ့ ရောစပ်ထားတာပါ
ဟင်းစားဇွန်းနဲ့ မောက်မောက်ခပ်၍ တစ်နေ့သုံးကြိမ်လောက်စားပေးပါ စားလို့ကောင်းပါတယ်…
Crd း ပိတောက်အိမ်