ဗဟုသုတ

ဖုုန်းကိုင်တဲ့ ပုံစံက ဖော်ပြနေတဲ့ သင့်ရဲ့အကျင့်စရိုက်

ဖုန်းကိုင်တဲ့ ပုံစံက ဖော်ပြနေတဲ့ သင့်ရဲ့အကျင့်စရိုက်

သင် ဖုန်းကိုင်တဲ့ ပုံစံ က သင့် အကျင့် စရိုက် ကို ဖော်ပြနေတယ် ဆိုတာ သိပါသလား …?

ပရိသတ်ကြီးတို့ရေ။ ဖုန်းကိုင်တဲ့ပုံစံကိုကြည့်ပြီး သူ့ရဲ့အကျင့်စရိုက်တွေကို ခန့်မှန်းလို့ရနေတယ်ဆိုရင် အံ့သြဖို့ကောင်းပါသလား။ ပုံထဲမှာကြည့်ပြီးတော့ သင်ဘယ်လိုအကျင့်စရိုက်တွေရှိနေတယ်ဆိုတာ ဖတ်ကြည့်ပါလား။ မှန်တယ်ဆိုရင် သင်ကဘယ်နံပါတ်လဲဆိုတာ ကွန်မန့် မှာရေးပေးသွားပါဦးနော် ….

(၁) A ပုံစံ (လက်တစ်ဖက်တည်းဖြင့်ကိုင်ပြီး လက်မဖြင့်နှိပ်သူ)

ခန့်မှန်းရခက်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ ပြိုင်ဖက်ကင်း sexy ကျပါတယ်။ အမှတ်သညာကြီးပါတယ်။ မိမိကြိုက်နှစ်သက်ရာကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ လျှို့ဝှက်တတ်ပါတယ်။ အလုပ်အလွန်ကြိုးစားပါတယ်။ အလုပ်ကိုလေးစားတတ်ပါတယ်

အိုင်ဒီယာကောင်းပါတယ်။ ချက်ဆိုနားခွက်က မီးတောက်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းများပါတယ်။ တီထွင်ဆန်းသစ်မှုကောင်းပါတယ်။ ညှို့ဓာတ်ပြင်းပါတယ် …

– အတွင်းစိတ်

သင်ဟာအမှန်တကယ်ဆိုရင် အလွယ်တကူလိုက်လျောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ဘယ်သူက သင့်အပေါ်အမှန်တကယ်ကောင်းတယ် မကောင်းဘူးဆိုတာ အသေအချာသိပါတယ်။ ကောင်းမွန်စွာထိန်းချုပ်တတ်ပြီး အချစ်နှင့်အမုန်းသေသေချာချာ ကွဲကွဲပြားပြားသိသူပါ

အခြားသူက သင့်အပေါ်မှာ တရားလွန်မလုပ်ရင် သင်ဘက်ကအမောက်ထောင်ပြမှာမဟုတ်ပါဘူး။ တစ်ခါတရံမှာ တစ်ပါးသူအပေါ်အမှီပြုချင်ရင်လည်း သင့်ဘက်ကနေ ဟန်ဆောင်နေမှာလည်းမဟုတ်ပါဘူး။ တစ်ခါတစ်လေ နှုတ်မြန်တတ်ပြီး စိတ်ထဲမှာ မပါပဲပြောလိုက်မိတတ်ပါတယ်။ သင့်စိတ်ထဲမှာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုပြီး လူတွေကိုလည်း စိတ်ချမ်းမြေ့စေလိုပါတယ် …

– အချစ်စိတ်

သင်အခြားလူအပေါ် ယုံကြည်မိပြီဆိုရင် အဲ့ဒီလူအပေါ်ကို အပြစ်မမြင်တတ်ပါဘူး။ သင့်ကိုယ်သင်လည်း အရမ်းကို ကာကွယ်တတ်တဲ့သူပါ။ တစ်ခါခံစားရဖူးပါက နောက်တစ်ကြိမ်ဒီလို ထပ်ဖြစ်မှာကို မလိုလားသလို မဖြစ်အောင်လည်း ကြိုတင်ကာကွယ် လေ့ရှိပါတယ်။ နောက်တစ်ကြိမ်ယုံကြည်ဖို့လည်းခက်ခဲသွားပါတယ်။ အချစ်ကိုတန်ဖိုးထားပြီး မိမိချစ်တဲ့သူအတွက် တစ်သက်လုံးအနစ်နာခံချစ် တတ်ပါတယ်

(၂) B ပုံစံ (ဘယ်ဘက်လက်မှဖုန်းကိုကိုင်ထားပြီး ညာဘက်လက်မှလက်မဖြင့် အသုံးပြုသူ)

ခံစားမှုပြင်းထန်သူဖြစ်ပါတယ်။ စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပါတယ်။ အာရုံခံစားမှုအားကောင်းပါတယ်။ အခြားသူများကိုကူညီတတ်ပါတယ်။ လုံခြုံမှုအားနည်းပါတယ်။ ကိုယ်ချင်းစာစိတ်အလွန်ကြီးပါတယ်။ လှိုက်လှိုက်လှဲလှဲရှိပါတယ်

အသေးစိတ် လေ့လာမှု အားနည်းပါတယ်။ စိတ်လောသူတစ်ဦးလည်းဖြစ်ပါတယ်။ အတွေ့အကြုံကြွယ်ဝပါတယ်။ သိလိုစိတ်အားကြီးပါတယ်။ စွန့်စားရတာကိုနှစ်သက်ပါတယ်။ ကလေးဆန်ပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုအားကြီးပါတယ် …

– အတွင်းစိတ်

ကာကွယ်ခံရတာကိုနှစ်သက်ပါတယ်။ ကိုယ့်အပေါ်စိတ်ရင်းမှန်နဲ့ဆက်ဆံသူကို လိုချင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ သင်ကသိပ်ကို သဘောကောင်းလွန်း အားကြီးလို့ အခြားသူများရဲ့အသုံးချမှုကိုခံရတတ်ပါတယ်။ ဒါပေမယ့် အချစ် နဲ့အမုန်းကိုတော့ သေချာခွဲခြားသိပြီး ခံစားချက်အတိုင်းတုန့်ပြန်တတ်ပါတယ် …

– အချစ်စိတ်

သင်ကစိတ်ထဲမှာရှိတဲ့အတိုင်း ထုတ်ဖော်မှုအပိုင်းမှာအားနည်းတတ်ပါတယ်။ စိတ်ထဲမှာကြိုက်နှစ်သက်သော်လည်း အခြားသူကမိမိကြိုက်နှစ်သက်နေ တယ်ဆိုတာကိုခံစားလို့မရနိုင်ဖြစ်တတ်ပါတယ်။ သင်က မရိုးမသား လုပ်တာ မဟုတ်သော်လည်း တကယ်ဖော်ပြနိုင်စွမ်းကတော့ အားနည်းတယ်လို့ပဲဆိုပါရစေ

တစ်ခါတစ်ရံ စိတ်အတွင်းခံစားချက်ကို ထုတ်ဖော်လေ့ မရှိပဲ သိမ်းထားတတ်ပါတယ်။ ဒေါသ မရှိတာတော့မဟုတ်ပဲ အချစ်ကြောင့် မိမိစိတ်ကို ချိုးနှိမ်ထားတတ်ပါတယ်။ သင်ကအခြားသူ အပေါ်မှာကောင်းတာ အကျင့်ဖြစ်နေတော့ တကိုယ်ကောင်းဆန်တယ်ဆိုတာ ဘာလဲဆိုတာတောင် မေ့နေသူပါ

(၃) C ပုံစံ (လက်နှစ်ဖက်ဖြင့်ဖုန်းကိုင်ပြီး လက်မဖြင့်ဖုန်းကိုအသုံးပြုသူ)
တီထွင်မှုစွမ်းအားကြီးမားပါတယ်။ စွဲဆောင်မှုကောင်းပြီး အပေါင်းအသင်းများပါတယ်။ သဘောထားကြီးပါတယ်။ သင်ယူတာလည်းမြန်ဆန်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာလည်း သူ့ရဲ့တစ်ခုတည်းသော စန်းလို့လည်းပြောနိုင်ပါတယ်။ မာနကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။ အလုပ်အပေါ်တန်ဖိုးထားပြီး အလုပ်ကိုသေချုာဇောက်ချလုပ်တတ်ပါတယ်။ ဘဝရည်မှန်းချက်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်

-အတွင်းစိတ်

အတွင်းစိတ်က အရမ်းကိုပျော့ညံ့ပါတယ်။ တစ်ခါတစ်ရံလုပ်ချင်သော်လည်း စိုးရိမ်စိတ်လွန်ကဲတတ်ပါတယ်။ ရည်မှန်းချက်ကြီးမားသော်လည်း ကျရှုံးမှာကို အလွန်စိုးရိမ်သူပါ။ ဘေးနားမှာ နားလည်တတ်ပြီးအားပေးမည့် သူတစ်ယောက် အမြဲလိုအပ်ပါတယ်

သင်လိုချင်တာက အမှန်တကယ်ဆိုရင် အများကြီးမဟုတ်ပါဘူး။ သင့်ကိုနားလည်ပေးမယ့်သူတစ်ယောက် ရှိနေချင်တာပါ။အမှန်တကယ်က မိမိကိုနားလည်ပေးပြီး မိမိလုပ်ချင်တာကို အားပေးမယ့်သူတစ်ယောက်ရှိရင် သင့်ဘဝကပြည့်စုံပါပြီ

– အချစ်စိတ်

အစဉ်းစားလွန်တတ်ပါတယ်။ အရင်ကဇာတ်လမ်းလိုမျိုးပြန်လည် ခံစားရမှာမျိုးကို ကြောက်ရွံတတ်ပါတယ်။ကိုယ့်ကို ဂရုစိုက်မယ့် သူရှိတာတောင် တစ်ခါတစ်ရံမှာ တွေဝေနေတတ်ပါတယ်။ အရမ်းချစ်တတ်တဲ့အတွက်လည်း ချစ်သူမုန်းတီးသွားမှာကို အင်မတန်စိုးရိမ်တတ်သူတွေပါ

ဒါကြောင့်ချစ်သူတွေ အနိုင်ကျင့်တာ ခံရတတ်ပြီး မိမိကတော့ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပါတယ်။ တစ်ယောက်တည်းနေရမှာကိုကြောက်တဲ့အတွက် ကိုယ့်ဘက်ကတော့ အမြဲအလျော့ပေးနေရတယ်လို့ပဲဆိုချင်ပါတယ် …

(၄) D ပုံစံ (ဖုန်းကိုလက်တစ်ဖက်ကကိုင်ထားပြီး အခြားတစ်ဖက်က လက်ညှိုးကိုအသုံးပြုကာ ဖုန်းသုံးတတ်သူ)

ဉာဏ်ထက်မြက်ပါတယ်။ တီထွင်လိုစိတ်ကြီးမားပါတယ်။ ခံစားချက်အတိုင်း ဖော်ပြတတ်ပါတယ်။ စကားကြွယ်ဝသူတစ်ဦးလည်းဖြစ်ပါတယ်။ တုန့်ပြန်မှုမြန်ဆန်ပါတယ်။ အလှအပနှင့် အနုပညာအပေါ်စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ အခြားသူများကိုနားလည်တတ်ပြီး တစ်ခါတစ်ရံ အခြားသူများ၏ခံစားချက်ကို ဂရုစိုက်လွန်းတတ်ပါတယ်

– အတွင်းစိတ်

သင်ဟာတစ်ခါတစ်ရံမှာ တိတ်တဆိတ်နေတတ်ပါတယ်။ဒါဟာအမှန်ဆိုသင့်ရဲ့ နွေးထွေးသောအပြုအမူတစ်ခုပါ။ အခြားသူများကိုယ့်အတွက် ဒဏ်ရာရမှာ စိုးတဲ့အတွက် ကိုယ်ပဲအနစ်နာခံလိုက်တဲ့သဘောပါ

သင့်ကိုကြည့်ရတာ နားလည်ရခက်ခဲမယ်လို့ ထင်ရသော်လည်း သင်ကအမှန်တကယ်ဆို နားလည်ရခက်တဲ့လူတစ်ဦးတော့မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တုန့်ပြန်မှုမြန်လွန်းတာကြောင့် အခြားသူများကိုတော့ စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင့်အိပ်မက်ကတော့ သင့်ကိုနားလည်ပေးမယ့်သူတစ်ဦး ရှိနေဖို့ အတွက်ပါပဲ

– အချစ်စိတ်

သင်က ငြိမ်သက်တဲ့အချစ် အေးချမ်းတဲ့အချစ်ကိုပဲလိုချင်သူ တစ်ဦးဖြစ်ပါတယ်။ သွားနေကျ နေရာတစ်ခုဟာ သင့်အတွက်တော့ စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့အကောင်းဆုံးနေရာပါပဲ။ သင့်ရဲ့အားနည်းချက် ကတော့ စိတ်ပျော့တာပဲဖြစ်ပါတယ်

ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စော်ကားခဲ့သူဖြစ်ပါစေ သူ့ဘက်က ခေါင်းလေးငုံပြီး တောင်းပန်လိုက်ရင် ချက်ခြင်းကျေအေးပေးတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်သူငယ်ချင်းတွေ မျက်ရည်ကျတာကို လုံးဝမကြည့်ရက်တဲ့သူပါ။ သူတို့ကပဲ ကိုယ့်ကို မျက်ရည်နဲ့ အနိုင်ယူသွားမှာပါပဲ

ခရစ်ဒစ်