ေယာက်ာ္းတစ္ေယာက္ကို ေအာင္ျမင္ေအာင္ ပံ့ပိုးေပးနိုင္တဲ့ မိန္းမ ၁၀ မ်ိဳး
မိန္းမတစ္ေယာက္ဟာ ေယာက်ာ္းတစ္ေယာက္ကို အေအာင္ျမင္ဆုံးေနရာကို တြန္းပို႔နိုင္သလို
အနိမ့္က်ဆုံးျဖစ္ေအာင္လည္း ဆြဲခ်တတ္ပါေသးတယ္။ ဒီေတာ့ မိန္းမတစ္ေယာက္ရဲ့ ေနရာက ဘယ္ေလာက္ေတာင္
အဓိကက်တတ္သလဲဆိုတာနဲ႔ ဘယ္လိုအခ်က္ေလးေတြ ပိုင္ဆိုင္ထားရမလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္။
၁။ သေဘာထားႀကီးၿပီး လူအကဲခတ္ေတာ္တဲ့မိန္းမ
သူမဟာ အင္မတန္မွ ပါးနပ္တတ္ၿပီး သင္ရဲ့မ်က္တေတာင္တခတ္တြင္းမွာ သင္ဘာျဖစ္ေနလဲဆိုတာကို
အကဲခတ္ခန႔္မွန္းသိရွိနိုင္ၿပီး သင္ေပ်ာ္ေနခ်ိန္မွာ သင္နဲ႔အတူေပ်ာ္ရႊင္မႈေတြကို အတူခံစားေပးတတ္ပါတယ္။
သင္မ်က္ေမွာင္တစ္ခ်က္ကုတ္လိုက္လို႔ ဘယ္ေလာက္ပဲ သင္ကေပ်ာ္ရႊင္ခ်င္ေယာင္ ေဆာင္ျပေဆာင္ျပ
သင့္ရဲ့ဒုကၡေတြ အခက္ခဲေတြကို ေဝမၽွၿပီး ခံစားနားလည္ ေျဖရွင္းေပးတတ္ပါတယ္။
၂။ ဂုဏ္သတင္းေက်ာ္ေဇာ္ေမႊးပ်ံ႕တဲ့မိန္းမ
သူမဟာ ဘယ္ေလာက္ပဲ သင့္ထက္ ပညာေတြတတ္ေနပါေစ၊ ဘယ္ေလာက္ပဲ ရာထူးဂုဏ္ရွိန္ေတြရွိေနပါေစ
သင့္ကို သင့္ရဲ့ပတ္ဝန္းက်င္အသိုင္းဝိုင္းမွာ သင့္ကိုေနရာေပး ေလးေလးစားစား ဆက္ဆံတတ္ၿပီး သူမရဲ့ ဂုဏ္ရွိန္ဝါနဲ႔ သင့္ကိုပါ လႊမ္းျခဳံေတာက္ပေစပါတယ္။
၃။ သဘာအလွေလးနဲ႔ ေအးခ်မ္းတဲ့မိန္းမ
သူမရဲ့အလွဟာ ပန္းေလးတစ္ပြင့္လို မေတာက္ပေနေပမဲ့ ေအးခ်မ္းမႈရွိပါတယ္။
သင္ၾကည့္လိုက္တိုင္း သူမဟာ ေအးခ်မ္းတဲ့အသြင္အတိုင္း အျပဳမႈေတြပါ ေအးခ်မ္းျငင္သာေနပါလိမ္မယ္။
သင့္ရဲ့လုပ္ငန္းခြင္ထဲမွာ သင့္တြက္ အေထာက္အပံ့မေပးနိုင္ေပမဲ့ တျခားမိန္းမေတြလို ပူေလာင္ျငဴစူမႈ အလ်ဥ္းမရွိပဲ သင့္ကိုေအးခ်မ္းမႈေတြနဲ႔ သာယာေစနိုင္ပါတယ္။
၄။ ဦးေႏွာက္ေျပးတဲ့မိန္းမ
သူမဟာ အင္မတန္မွ ထိုးထြင္းဉာဏ္ရွိၿပီး သင္အခက္ခဲေလးတစ္ခု ၾကဳံလာၿပီဆိုတာနဲ႔ ေျပလည္မဲ့ေျဖရွင္းနည္းကို တစ္ထိုင္တည္း ထုတ္ေပးနိုင္တဲ့သူမ်ိဳးပါ။
စီးပြားေရးလုပ္တဲ့အခါမွာလည္း သင့္ကိုေနာက္ကြယ္ကေန အေကာင္းဆုံး အႀကံေတြနဲ႔ ေရွ႕ဆက္လို႔ရေအာင္ ပို႔ေဆာင္ေပးတဲ့ သူမ်ိဴးပါ။
၅။ ေပါ့ေပ့ါပါးပါးနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတဲ့မိန္းမ
ဒီလိုမိန္းမေတြဟာ သင္ဘာပဲလုပ္လုပ္ အျမဲတေစ ယုံၾကည္ခ်က္အျပည့္နဲ႔ အားေပးတတ္ပါတယ္။
သင္ေအာင္ျမင္သြားခဲ့ရင္လည္း သူ႔ေၾကာင့္ပါလို႔ မ႑ပ္တိုင္တပ္ျပမွာမဟုတ္သလို ၊ ရႈံးနိမ့္ခဲ့ရင္လည္း ျငဴစူေျပာဆိုေနမွာ မဟုတ္ပါဘူး။
အရမ္းစိတ္ညစ္ေနတဲ့အခ်ိန္မွာ သင့္ကို ေႏြးေထြးစြာအားေပးပါလိမ့္မယ္။
သူ႔ရဲ့သင့္ေပၚ ယုံၾကည္ခ်က္ေတြနဲ႔ ျပတ္သားမႈေတြေၾကာင့္ သင္ဟာ လဲရာမွခ်က္ခ်င္းေတာင္ ျပန္ထထိုင္နိုင္ေလာက္ေအာင္ သူမစြမ္းေဆာင္နိုင္ပါလိမ့္မယ္။
၆။ ကိုယ့္ကိုယ္ကို ခ်စ္ျမတ္နိုးတဲ့မိန္းမ
သူမဟာအင္မတန္မွမိမိကိုယ္ကိုအျမဲလိုလိုအျပင္ဆင္ပိုင္းမွာေရာဂုဏ္သိကၡာပိုင္းေတြမွာပါ
ျခယ္သျပင္ဆင္ေနေလ့ရွိပါတယ္။ သူမဟာ ဘယ္ေတာ့မဆို သူေၾကာင့္သင္နံမည္ပ်က္ေစမွာ
မဟုတ္သလို အသိုင္းဝိုင္းေရွ႕ထြက္တဲ့အခါမွာလည္း သူ႔ေၾကာင့္သင္ဟာ အလိုလိုေနရင္းနဲ႔
ဂုဏ္ရွိေစနိုင္မဲ့ မိန္းမမ်ိဳးပါ။ ဘယ္ေတာ့မွ သူ႔အလွေၾကာင့္ သင့္ရဲ့ပူပန္မႈေတြကို အေနထိုင္ေတြနဲ႔ ေျဖာက္ဖ်တ္ပစ္တတ္ပါတယ္။
၇။ တာဝန္ယူတတ္တဲ့မိန္းမ
သူမဟာ သင့္ရဲ့ဝင္ေငြထြက္ေငြနဲ႔ ကိုက္ညီေအာင္ သုံးစြဲစီစစ္သလို ၊ စုသင့္တာစု သုံးသင့္တာသုံးၿပီး
သင့္ကိုဘယ္ေတာ့မွ စားဝတ္ေနေရးတြက္ ပူပန္ေစမွာ မဟုတ္ပါဘူး ။
သူမဟာ အလုပ္လုပ္တဲ့ေနရာမွာ အင္မတန္မွ တိက်ၿပီး တာဝန္ယူစိတ္အျပည့္လည္း ရွိတတ္ပါတယ္။
၈။ စကားေျပာဆို ကၽြမ္းက်င္တဲ့မိန္းမ
သူမဟာ စကားေျပာျခင္း အတတ္ပညာကို တစ္ဖတ္ကမ္းခပ္ ကၽြမ္းက်င္တတ္ၿပီး
အေပါင္းသင့္ဆံ့တဲ့သူျဖစ္ပါလိမ့္မယ္။ သူမနဲ႔စကားေျပာလိုက္တိုင္း လူတိုင္းစိတ္ခ်မ္းသာရၿပီး
ဘယ္လိုလူကို ဘယ္လို အေျခေနမ်ိဳးမွာ ဘာေျပာရမလဲဆိုတာနဲ႔ သူမဟာ လူေတြကို ေကာင္းေကာင္းစြဲေဆာင္နိုင္ပါတယ္။
သူမေၾကာင့္ပဲ သင္ဟာ ဒိထက္က်ယ္ျပန႔္တဲ့ အသိုင္းဝိုင္းတစ္ခုကို သိကၽြမ္းခြင့္ရနိုင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။
၉။ ဆုံးျဖတ္ခ်က္ ျပတ္သားတဲ့မိန္းမ
သူမဟာ စဥ္းစားဆုံးျဖတ္တဲ့ေနရာမွာ အင္မတန္မွ ပညာသားပါၿပီး အရာရာ စိတ္ခ်ရပါတယ္။
ဘယ္ေတာ့မွ ေသးေသးမႊားမႊားကိစၥေတြနဲ႔ အေတာ္တန္ႀကီးတဲ့ ကိစၥေတြကို သင့္ဆီမေရာက္ေစပဲ ေျဖရွင္းတတ္ပါတယ္။
သင့္ရဲ့အလုပ္ကိုင္ေတြကို ဘယ္ေတာ့မွမထိခိုက္ေစပဲ အိမ္မႈကိစၥေတြပါ သူတစ္ေယာက္တည္း ျဖစ္ေအာင္စီမံတတ္ၿပီး
သင့္ကိုအလုပ္လုပ္တဲ့ေနရာမွာ စိတ္အျပည့္ဝရေအာင္ လႊတ္ထားေပးတတ္ပါတယ္။
၁၀။ ေခတ္အျမင္ရွိတဲ့မိန္းမ
သူမဟာ အင္မတန္မွ ေခတ္နဲ႔ေလ်ာညီစြာေနထိုင္တတ္ၿပီး အေနထိုင္တည္ၿငိမ္တတ္ပါတယ္။
အမ်ားသူငွာနဲ႔ သဟဇာတရွိၿပီးသင္ရဲ့လုပ္ေဖၚကိုင္ဖက္ေတြနဲကလည္း ေက်လည္စြာဆက္ဆံတတ္ပါတယ္။
သင္မိတ္ဆက္ေပးလာသမၽွ လုပ္ေဖၚကိုင္ဖက္မိန္းကေလးေတြကိုလည္း ဘယ္ေတာ့မွ
သံသယမ်က္လုံးနဲ႔ မၾကည့္ပဲ သူငယ္ခ်င္းျဖစ္ေအာင္ ဆြဲေဆာင္သိမ္းသြင္းတတ္ပါေသးတယ္။
Unicode
ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ၁၀ မျိုး
မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို
အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင်
အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ
သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို
အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။
သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ
သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။
၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ
သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ
သင့်ကို သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။
၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ
သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။
သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။
သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။
၄။ ဦးနှောက်ပြေးတဲ့မိန်းမ
သူမဟာ အင်မတန်မှ ထိုးထွင်းဉာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။
စီးပွားရေးလုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ။
၅။ ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမ
ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။
သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။
အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ သင့်ကို နွေးထွေးစွာအားပေးပါလိမ့်မယ်။
သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမစွမ်းဆောင်နိုင်ပါလိမ့်မယ်။
၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ
သူမဟာအင်မတန်မှမိမိကိုယ်ကိုအမြဲလိုလိုအပြင်ဆင်ပိုင်းမှာရောဂုဏ်သိက္ခာပိုင်းတွေမှာပါ
ခြယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့်သင်နံမည်ပျက်စေမှာ
မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့
ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။
၇။ တာဝန်ယူတတ်တဲ့မိန်းမ
သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး
သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။
သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။
၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ
သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး
အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်းစိတ်ချမ်းသာရပြီး
ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင်ပါတယ်။
သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့်ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ
သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။
ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ်။
သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှမထိခိုက်စေပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး
သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ်။
၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ
သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာနေထိုင်တတ်ပြီး အနေထိုင်တည်ငြိမ်တတ်ပါတယ်။
အများသူငှာနဲ့ သဟဇာတရှိပြီးသင်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ်ပါတယ်။
သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက်မိန်းကလေးတွေကိုလည်း ဘယ်တော့မှ
သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းတတ်ပါသေးတယ်။