ဆရာဝန်နဲ့ ပြသင့်တဲ့အထိ အရမ်းကို depression ဝင်နေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ
လူတိုင်းမှာ တစ်ခါတစ်လေ စိတ်ဓာတ်ကျခြင်းတွေ၊ စိတ်အားငယ်ခြင်းတွေကို ဖြစ်ပေါ်လေ့ရှိတတ်ကြပါတယ်။ ဒါ
က လူတိုင်းနီးပါး ဖြစ်လေ့ရှိတဲ့ အရာတစ်ခုဖြစ်ပေမယ့် ပုံမှန်ထက် အချိန်ကြာလာခဲ့မယ်ဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။
ဒီအချက်တွေက သင့်ရဲ့ depression ဝင်မှုတွေက ပိုဆိုးဝါးလာပြီး ဆရာဝန်နဲ့ ပြသသင့်နေပြီဆိုတာကို ဖော်ပြလို့နေပါတယ်နော်။
အစားပိုစားလာတယ် သို့ အစားနည်းလာတယ်
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ လူတစ်ယောက်ရဲ့ စားသောက်ပုံနှုန်းဟာ ပြောင်းလဲလာတတ်ပါတယ်။
တစ်ချို့တွေက စိတ်ညစ်နေရင် ဘာမှစားမဝင်တော့တာမျိုး ဖြစ်တတ်သလို တစ်ချို့တွေကျပြန်တော့ စိတ်ညစ်လေ ပိုစားလေ ပုံစံမျိုးလည်း ရှိတတ်ပါတယ်။
ဒါက ဦးနှောက်မှာ negative အတွေးတွေ အရမ်းများနေတဲ့အတွက် ကိုယ်စားသောက်ရမယ့် ပမာဏကို မတွက်ဆနိုင်တော့တာပါ။ ဒီလို အချိန်တစ်ခုအထိ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါပြီ။
အအိပ်များတယ် သို့ အိပ်စက်ချိန်နည်းတယ်
တစ်ချို့လူတွေက သူတို့ရဲ့ စိတ်ဓာတ်ကျခြင်းကို ဖံုံးဖိဖို့ကြိုးစားတဲ့အခါ များများအိပ်တတ်ကြပါတယ်။ တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်သလို ခံစားနေရတတ်ပြီး သူတို့ရဲ့ ခံစားချက်တွေကနေ ထွက်ပြေးဖို့ ပိုပိုပြီး အိပ်စက်တတ်ကြတာပါ။
ဒါပေမယ့် တစ်ချို့တွေကျပြန်တော့ စိတ်ညစ်စရာတွေ ရှိနေတဲ့အခါ အိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အိပ်စက်ချိန်ဟာ လူတွေအတွက် အရေးကြီးသလို အိပ်စက်ချိန်
အရမ်းနည်းရင်လည်း မကောင်းသလို အအိပ်များရင်လည်း မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘာမဟုတ်တာလေးနဲ့ ဒေါသတွေ ကြီးနေတတ်တယ်
လူအနည်းစုမှာ ဖြစ်တတ်တဲ့ အချက်တစ်ခုက depression တွေဝင်နေတဲ့အချိန်မှာ ဆတ်ဆတ်ထိမခံနိုင် ဖြစ်တတ်ကြတာပါ။
ဘာမဟုတ်တာလေးနဲ့ ဒေါသတွေကြီးနေတတ်တာ၊ သေးသေးလေးကိစ္စကို အကြီးကြီးဖြစ်အောင် ပေါက်ကွဲနေတတ်တာ စသဖြင့် စိတ်ပိုင်းဆိုင်ရာ sensitive ဖြစ်မှုတွေကို တွေ့လာရပါတယ်။
ဒါဟာ depression ဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပြီး ကိုယ့်အတွက် ထိခိုက်မှုတွေ ရှိလာနိုင်လို့ အမြန်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်နော်။
အာရုံစိုက်လို့ မရတာ
တစ်ချို့လူတွေက depression ဝင်နေတဲ့အချိန်မှာ ဘာဆိုဘာမှ လုပ်ဆောင်ဖို့ အဆင်မပြေတော့ပဲ အလုပ်မှာလည်း စိတ်ဝင်စားမှု မရှိသလို၊ စိတ်နဲ့လူနဲ့မကပ်ပဲ ဖြစ်နေတတ်ပါတယ်။
ဒီလို အာရုံစိုက်မရတဲ့ ပြသနာက ကြာလာရင် ဆိုးဝါးလာနိုင်လို့ ဆရာဝန်နဲ့ အချိန်မှီ ပြသသင့်ပါတယ်။
Khin
ဆရာဝန္နဲ႔ ျပသင့္တဲ့အထိ အရမ္းကို depression ဝင္ေနၿပီဆိုတာ ေဖာ္ျပေနတဲ့ အခ်က္ေတြ
လူတိုင္းမွာ တစ္ခါတစ္ေလ စိတ္ဓာတ္က်ျခင္းေတြ၊ စိတ္အားငယ္ျခင္းေတြကို ျဖစ္ေပၚေလ့ရွိတတ္ၾကပါတယ္။ ဒါ
က လူတိုင္းနီးပါး ျဖစ္ေလ့ရွိတဲ့ အရာတစ္ခုျဖစ္ေပမယ့္ ပုံမွန္ထက္ အခ်ိန္ၾကာလာခဲ့မယ္ဆိုရင္ေတာ့ စိုးရိမ္ရတဲ့ အေျခအေနေတြ ျဖစ္လာတတ္ပါတယ္။
ဒီအခ်က္ေတြက သင့္ရဲ့ depression ဝင္မႈေတြက ပိုဆိုးဝါးလာၿပီး ဆရာဝန္နဲ႔ ျပသသင့္ေနၿပီဆိုတာကို ေဖာ္ျပလို႔ေနပါတယ္ေနာ္။
အစားပိုစားလာတယ္ သို႔ အစားနည္းလာတယ္
စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာ လူတစ္ေယာက္ရဲ့ စားေသာက္ပုံႏႈန္းဟာ ေျပာင္းလဲလာတတ္ပါတယ္။
တစ္ခ်ိဳ႕ေတြက စိတ္ညစ္ေနရင္ ဘာမွစားမဝင္ေတာ့တာမ်ိဳး ျဖစ္တတ္သလို တစ္ခ်ိဳ႕ေတြက်ျပန္ေတာ့ စိတ္ညစ္ေလ ပိုစားေလ ပုံစံမ်ိဳးလည္း ရွိတတ္ပါတယ္။
ဒါက ဦးေႏွာက္မွာ negative အေတြးေတြ အရမ္းမ်ားေနတဲ့အတြက္ ကိုယ္စားေသာက္ရမယ့္ ပမာဏကို မတြက္ဆနိုင္ေတာ့တာပါ။ ဒီလို အခ်ိန္တစ္ခုအထိ ျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါၿပီ။
အအိပ္မ်ားတယ္ သို႔ အိပ္စက္ခ်ိန္နည္းတယ္
တစ္ခ်ိဳ႕လူေတြက သူတို႔ရဲ့ စိတ္ဓာတ္က်ျခင္းကို ဖံုံးဖိဖို႔ႀကိဳးစားတဲ့အခါ မ်ားမ်ားအိပ္တတ္ၾကပါတယ္။ တစ္ခ်ိန္လုံး ပင္ပန္းႏြမ္းနယ္သလို ခံစားေနရတတ္ၿပီး သူတို႔ရဲ့ ခံစားခ်က္ေတြကေန ထြက္ေျပးဖို႔ ပိုပိုၿပီး အိပ္စက္တတ္ၾကတာပါ။
ဒါေပမယ့္ တစ္ခ်ိဳ႕ေတြက်ျပန္ေတာ့ စိတ္ညစ္စရာေတြ ရွိေနတဲ့အခါ အိပ္မေပ်ာ္တာမ်ိဳးေတြ ျဖစ္တတ္ၾကပါတယ္။ အိပ္စက္ခ်ိန္ဟာ လူေတြအတြက္ အေရးႀကီးသလို အိပ္စက္ခ်ိန္
အရမ္းနည္းရင္လည္း မေကာင္းသလို အအိပ္မ်ားရင္လည္း မေကာင္းပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
ဘာမဟုတ္တာေလးနဲ႔ ေဒါသေတြ ႀကီးေနတတ္တယ္
လူအနည္းစုမွာ ျဖစ္တတ္တဲ့ အခ်က္တစ္ခုက depression ေတြဝင္ေနတဲ့အခ်ိန္မွာ ဆတ္ဆတ္ထိမခံနိုင္ ျဖစ္တတ္ၾကတာပါ။
ဘာမဟုတ္တာေလးနဲ႔ ေဒါသေတြႀကီးေနတတ္တာ၊ ေသးေသးေလးကိစၥကို အႀကီးႀကီးျဖစ္ေအာင္ ေပါက္ကြဲေနတတ္တာ စသျဖင့္ စိတ္ပိုင္းဆိုင္ရာ sensitive ျဖစ္မႈေတြကို ေတြ႕လာရပါတယ္။
ဒါဟာ depression ဝင္ျခင္းရဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးျဖစ္ၿပီး ကိုယ့္အတြက္ ထိခိုက္မႈေတြ ရွိလာနိုင္လို႔ အျမန္ဆုံး ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္ေနာ္။
အာ႐ုံစိုက္လို႔ မရတာ
တစ္ခ်ိဳ႕လူေတြက depression ဝင္ေနတဲ့အခ်ိန္မွာ ဘာဆိုဘာမွ လုပ္ေဆာင္ဖို႔ အဆင္မေျပေတာ့ပဲ အလုပ္မွာလည္း စိတ္ဝင္စားမႈ မရွိသလို၊ စိတ္နဲ႔လူနဲ႔မကပ္ပဲ ျဖစ္ေနတတ္ပါတယ္။
ဒီလို အာ႐ုံစိုက္မရတဲ့ ျပသနာက ၾကာလာရင္ ဆိုးဝါးလာနိုင္လို႔ ဆရာဝန္နဲ႔ အခ်ိန္မွီ ျပသသင့္ပါတယ္။
Khin


