က်မၼာေရး ဗဟုသုတ

နဂါးေမာက္သီး စားသုံးျခင္းရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ား

နဂါးေမာက္သီးေတြဟာ အရင္တုန္းကေတာ့ ေတာင္အေမရိကမွာသာ စိုက္လို႔ရတာမွန္ေပမယ့္ အခုေနာက္ပိုင္းမွာ ေတာ့ အာရွႏိုင္ငံေတြမွာပါ စိုက္ပ်ိဳးလို႔ရေနတာေၾကာင့္ ေဈးကြက္ထဲမွာ အလြယ္တကူ ဝယ္လို႔ရတဲ့ အသီးအႏွံတမ်ိဳးပဲ ျဖစ္ပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ နဂါးေမာက္သီးႀကိဳက္သူေတြအတြက္ သတင္းေကာင္းတခုျဖစ္သလို အခုမွ စစားမယ့္သူေတြလည္း သိထားသင့္တဲ့ နဂါးေမာက္သီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြပဲ ျဖစ္ပါတယ္။

(၁) ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတယ္

နဂါးေမာက္သီးကို အစာမစားခင္ စားေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ နဂါးေမာက္သီးမွာပါဝင္တဲ့ ကယ္လ္ဆီယမ္နဲ႔ ေဖာ့စဖိတ္ဓာတ္ေတြဟာ ခႏၶာကိုယ္တြင္း ျဖစ္စဥ္ေတြကို ေကာင္းမြန္ေစၿပီး

အစားအစာေတြမွာ ပါဝင္တဲ့ အဆီဓာတ္နဲ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ထိန္းသိမ္းလိုသူေတြနဲ႔ အထူးပဲ သင့္ေတာ္ပါတယ္။။

(၂) ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္

နဂါးေမာက္သီးမွာပါဝင္တဲ့ ဗီတာမင္စီဓာတ္ဟာ ခႏၶာကိုယ္ခုခံအားစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ ကိုယ္ခံအားကို ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္မို႔လို႔ နာတာရွည္လူမမာေတြနဲ႔ မၾကာခဏ ဖ်ားနာတတ္သူေတြအေနနဲ႔ နဂါးေမာက္သီးကို စားသုံးေပးသင့္ပါတယ္။

(၃) အစာေခ်စနစ္ကို ေကာင္းမြန္ေစတယ္

ဝမ္းပ်က္ဝမ္းေလွ်ာျခင္းအတြက္ နဂါးေမာက္သီးဟာ သဘာဝေဆးဝါးတမ်ိဳးျဖစ္ၿပီး အစာအိမ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္တာေၾကာင့္ အစာအိမ္က်န္းမာေရးျပႆနာရွိသူေတြ ပုံမွန္စားသုံးေပးသင့္တဲ့ အသီးတမ်ိဳးျဖစ္ပါတယ္။

(၄) ေသြးအားေကာင္းေစတယ္

နဂါးေမာက္သီးမွာ သံဓာတ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေသြးအားနည္းသူေတြနဲ႔ ကိုယ္ဝန္ေဆာင္သည္အတြက္ အထူးပဲ သင့္ေတာ္ပါတယ္။

(၅) ေက်ာက္ကပ္က်န္းမာေရးကို ေကာင္းမြန္ေစတယ္

နဂါးေမာက္သီးဟာ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ဆီးလမ္းေၾကာင္းစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ ေက်ာက္ကပ္က်န္းမာေရး မေကာင္းသူေတြနဲ႔ ေက်ာက္ကပ္ေရာဂါ ကာကြယ္လိုသူေတြအတြက္ သင့္ေတာ္ပါတယ္။

The Irrawaddy – Burmese Edition (HEALTH)

Unicode ဖြင့်ဖတ်ပါ
★★★★★

နဂါးမောက်သီး စားသုံးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု
====================

နဂါးမောက်သီးတွေဟာ အရင်တုန်းကတော့ တောင်အမေရိကမှာသာ စိုက်လို့ရတာမှန်ပေမယ့် အခုနောက်ပိုင်းမှာ တော့ အာရှနိုင်ငံတွေမှာပါ စိုက်ပျိုးလို့ရနေတာကြောင့် ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အသီးအနှံတမျိုးပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ နဂါးမောက်သီးကြိုက်သူတွေအတွက် သတင်းကောင်းတခုဖြစ်သလို အခုမှ စစားမယ့်သူတွေလည်း သိထားသင့်တဲ့ နဂါးမောက်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို လျော့ကျစေတယ်

နဂါးမောက်သီးကို အစာမစားခင် စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး

အစားအစာတွေမှာ ပါဝင်တဲ့ အဆီဓာတ်နဲ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေနဲ့ အထူးပဲ သင့်တော်ပါတယ်။။

(၂) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

နဂါးမောက်သီးမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်ခံအားကို မြင့်တက်စေပါတယ်။ ဒါကြောင့်မို့လို့ နာတာရှည်လူမမာတွေနဲ့ မကြာခဏ ဖျားနာတတ်သူတွေအနေနဲ့ နဂါးမောက်သီးကို စားသုံးပေးသင့်ပါတယ်။

(၃) အစာချေစနစ်ကို ကောင်းမွန်စေတယ်

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် နဂါးမောက်သီးဟာ သဘာဝဆေးဝါးတမျိုးဖြစ်ပြီး အစာအိမ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် အစာအိမ်ကျန်းမာရေးပြဿနာရှိသူတွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။

(၄) သွေးအားကောင်းစေတယ်

နဂါးမောက်သီးမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းသူတွေနဲ့ ကိုယ်ဝန်ဆောင်သည်အတွက် အထူးပဲ သင့်တော်ပါတယ်။

(၅) ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေတယ်

နဂါးမောက်သီးဟာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆီးလမ်းကြောင်းစနစ်ကို ကောင်းမွန်စေတာကြောင့် ကျောက်ကပ်ကျန်းမာရေး မကောင်းသူတွေနဲ့ ကျောက်ကပ်ရောဂါ ကာကွယ်လိုသူတွေအတွက် သင့်တော်ပါတယ်။

The Irrawaddy – Burmese Edition (HEALTH)