သင့္ကို ေရာဂါဘယကင္းၿပီး အသက္ရွည္ေစမယ့္ တ႐ုတ္႐ိုးရာေလ့က်င့္ခန္း(၅)မ်ိဳး
တ႐ုတ္ႏိုင္ငံမွာ အေနာက္တိုင္း ေဆးပညာ မထြန္းကား ခင္က က်န္းမာေရး ေစာင့္ေရွာက္မႈေတြ အတြက္ အသုံးျပဳ ခဲ့ ၾက တဲ့ တ႐ုတ္႐ိုးရာ ေဆးပညာေတြ ရွိ ပါ တယ္ ။ အဲ့ဒီ ေဆးပညာေတြက ဘယ္ေလာက္ ေကာင္းလဲ ဆိုေတာ့ ေရွးေခတ္ တ႐ုတ္ လူမ်ိဳးေတြ ဟာ ႏွစ္ေတြ ရာခ်ီ ၿပီး အသက္ရွည္ ၾက တာ ကို ၾကည့္ ရင္ သိ ႏိုင္ ပါ တယ္
အဲ့ဒီ ေဆးပညာေတြထဲက အခုေခတ္ အထိ အသုံးျပဳ ေန ၾက တဲ့ ႀကီးမားတဲ့ ေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ ေပးႏိုင္တဲ့ တ႐ုတ္႐ိုးရာ က်န္းမာေရး ေလ့က်င့္ခန္းတခ်ိဳ႕ကို ေဖာ္ျပ ေပးခ်င္ပါတယ္
( ၁ ) လက္ေကာက္ဝတ္ ေလ့က်င့္ခန္း

မတ္တပ္ ရပ္ၿပီး လက္ႏွစ္ဘက္ကို အ ေရွ႕ တည့္တည့္ကို ဆန႔္ လိုက္ ပါ ။ လက္ေကာက္ဝတ္ႏွစ္ဖက္ကို ပုံမွာ ျပထားတဲ့ အတိုင္း အႀကိမ္ ၁၅၀ လုပ္ေပးပါ။ ဒီေလ့က်င့္ခန္းက သင့္ရဲ႕ ေနာက္ေက်ာ နဲ႔ ေက်ာ႐ိုးဆိုင္ရာက်န္းမာေရးကိုေကာင္းမြန္ေစၿပီး ပခုံး နာက်င္ တာေတြ ၊ ဇက္ ေၾကာတက္တာ ေတြကို သက္သာ ေစ ပါ တယ္
( ၂ ) လက္ေခ်ာင္းေလ့က်င့္ခန္း

လက္ႏွစ္ဖက္ကို ေရွ႕ကို ဆန႔္တန္းၿပီး လက္ေခ်ာင္းေလးေတြကို ေထာင္ လိုက္ ပါ ။ လက္မ မပါဘဲ က်န္တဲ့ လက္ေခ်ာင္း ေလးေခ်ာင္းကို ေကြး လိုက္ဆန႔္လိုက္ အႀကိမ္ ၁၅၀ လုပ္ေပးပါ။ ဒီေလ့က်င့္ခန္းက အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ၊ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ ေစ ပါ တယ္
( ၃ ) လက္မ ေလ့က်င့္ခန္း

လက္ကိုေထာင္ထားၿပီး လက္မကို လက္ဝါးဘက္ကိုကပ္လိုက္၊ ေဘးဘက္ကိုျပန္ခြာလိုက္ အႀကိမ္ ၁၅၀ လုပ္ေပးပါ။ ဒီေလ့က်င့္ခန္းက အဆုတ္ကိုက်န္းမာေစၿပီး အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါေတြမျဖစ္ပြားေအာင္ ကာကြယ္ေပးပါတယ္
( ၄ ) ေျခက်င္းဝတ္ေလ့က်င့္ခန္း

ထိုင္ခုံမွာထိုင္ၿပီး ေျခက်င္းဝတ္ကို အတြင္းဘက္က ေန အျပင္ဘက္ ၊ အျပင္က ေနအတြင္းဘက္ အျပန္အလွန္ လွည့္ေပးပါ။ ဒီ ေလ့က်င့္ ခန္း ကို လည္း အႀကိမ္ ၁၅၀ လုပ္ေပးပါ ။ ေျခ က်င္းဝတ္ကို ဒီလို လွည့္ေပးျခင္းျဖင့္ အစာအိမ္ ၊ အသည္းနဲ႔ ေက်ာက္ကပ္ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေရာဂါႀကီးႀကီးမားမားမျဖစ္ေအာင္ တားဆီး ေပး ႏိုင္ ပါ တယ္
(၅) ငါးမိနစ္ အ ေျပး ေလ့က်င့္ခန္း

တစ္ေန႔မွာ ငါးမိနစ္ေျပးမယ္ဆိုရင္ သင့္ရဲ႕သက္တမ္းကို သုံးႏွစ္ေလာက္ပိုရွည္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္တစ္ခုလုံးက်န္းမာတက္ႂကြဖို႔ အခ်ိန္ အမ်ားႀကီး ေပးစရာ မလို ပါ ဘူး ၊ တစ္ေန႔မွာ ငါးမိနစ္ေလာက္ ေျပး ႐ုံ ပါ ပဲ
Credit : MAY THAZINHTOO
Unicode
သင့်ကို ရောဂါဘယကင်းပြီး အသက်ရှည်စေမယ့် တရုတ်ရိုးရာလေ့ကျင့်ခန်း(၅)မျိုး
တရုတ်နိုင်ငံမှာ အနောက်တိုင်း ဆေးပညာ မထွန်းကား ခင်က ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက် အသုံးပြု ခဲ့ ကြ တဲ့ တရုတ်ရိုးရာ ဆေးပညာတွေ ရှိ ပါ တယ်
အဲ့ဒီ ဆေးပညာတွေက ဘယ်လောက် ကောင်းလဲ ဆိုတော့ ရှေးခေတ် တရုတ် လူမျိုးတွေ ဟာ နှစ်တွေ ရာချီ ပြီး အသက်ရှည် ကြ တာ ကို ကြည့် ရင် သိ နိုင် ပါ တယ်
အဲ့ဒီ ဆေးပညာတွေထဲက အခုခေတ် အထိ အသုံးပြု နေ ကြ တဲ့ ကြီးမားတဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်တဲ့ တရုတ်ရိုးရာ ကျန်းမာရေး လေ့ကျင့်ခန်းတချို့ကို ဖော်ပြ ပေးချင်ပါတယ်
( ၁ ) လက်ကောက်ဝတ် လေ့ကျင့်ခန်း
မတ်တပ် ရပ်ပြီး လက်နှစ်ဘက်ကို အ ရှေ့ တည့်တည့်ကို ဆန့် လိုက် ပါ ။ လက်ကောက်ဝတ်နှစ်ဖက်ကို ပုံမှာ ပြထားတဲ့ အတိုင်း အကြိမ် ၁၅၀ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့ နောက်ကျော နဲ့ ကျောရိုးဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပြီး ပခုံး နာကျင် တာတွေ ၊ ဇက် ကြောတက်တာ တွေကို သက်သာ စေ ပါ တယ်
( ၂ ) လက်ချောင်းလေ့ကျင့်ခန်း
လက်နှစ်ဖက်ကို ရှေ့ကို ဆန့်တန်းပြီး လက်ချောင်းလေးတွေကို ထောင် လိုက် ပါ ။ လက်မ မပါဘဲ ကျန်တဲ့ လက်ချောင်း လေးချောင်းကို ကွေး လိုက်ဆန့်လိုက် အကြိမ် ၁၅၀ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး ၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့သွေးလှည့်ပတ်မှုကို ကောင်းမွန် စေ ပါ တယ်
( ၃ ) လက်မ လေ့ကျင့်ခန်း
လက်ကိုထောင်ထားပြီး လက်မကို လက်ဝါးဘက်ကိုကပ်လိုက်၊ ဘေးဘက်ကိုပြန်ခွာလိုက် အကြိမ် ၁၅၀ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အဆုတ်ကိုကျန်းမာစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်
( ၄ ) ခြေကျင်းဝတ်လေ့ကျင့်ခန်း
ထိုင်ခုံမှာထိုင်ပြီး ခြေကျင်းဝတ်ကို အတွင်းဘက်က နေ အပြင်ဘက် ၊ အပြင်က နေအတွင်းဘက် အပြန်အလှန် လှည့်ပေးပါ။ ဒီ လေ့ကျင့် ခန်း ကို လည်း အကြိမ် ၁၅၀ လုပ်ပေးပါ ။ ခြေ ကျင်းဝတ်ကို ဒီလို လှည့်ပေးခြင်းဖြင့် အစာအိမ် ၊ အသည်းနဲ့ ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ရောဂါကြီးကြီးမားမားမဖြစ်အောင် တားဆီး ပေး နိုင် ပါ တယ်
(၅) ငါးမိနစ် အ ပြေး လေ့ကျင့်ခန်း
တစ်နေ့မှာ ငါးမိနစ်ပြေးမယ်ဆိုရင် သင့်ရဲ့သက်တမ်းကို သုံးနှစ်လောက်ပိုရှည်စေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာတက်ကြွဖို့ အချိန် အများကြီး ပေးစရာ မလို ပါ ဘူး ၊ တစ်နေ့မှာ ငါးမိနစ်လောက် ပြေး ရုံ ပါ ပဲ
Credit : MAY THAZINHTOO



