ယေန႔ ဇြဲကပင္ေတာင္ေပၚ လူ(၂)ဦး ေသဆုံးမႈသတင္းအျပၫ္႔အစုံ
ဇြဲကပင္ေတာင္ေပၚ ေကဘယ္ကားတပ္ဆင္ျခင္းျပဳလုပ္ရာတြင္ အလုပ္လုပ္ေနေသာ အလုပ္သမား လင္မယားႏွစ္ေယာက္သည္ လြန္ခဲ့ေသာ ၾကာသပေတးေန႔ ညကဇြဲကပင္ေတာင္ေပၚတြင္ လၽွပ္စီးလက္ မိုးႀကိဳးပစ္၍ လၽွပ္စစ္မီးပ်က္သြားၿပီ မိမိတို႔ေနထိုင္ေသာ အခန္းမီးလင္းနိုင္ရန္အတြက္ အခန္းအတြင္းရွိ မီးစက္ႀကီးကိုနိုးကာ လၽွပ္စစ္မီးမ်ားတပ္ဆင္ရာမွ လင္မယား၂ေယာက္ႏွင့္ အခန္းအတြင္းရွိေခြးတစ္ေကာင္ပါ ဓာတ္လိုက္ၿပီး ေသဆုံးသြားၾကပါသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားကေတာင္ေပၚသို႔ တက္ေရာက္စစ္ေဆးရာ အခန္းအတြင္းသံမံတလင္း အစိုဓာတ္ႏွင့္ မီးႀကိဳးစျဖင့္ ထိေနသည္ကို
ေတြ႕ရွိသည္။ ထိုလင္မယား၂ ေယာက္သည္ အခန္းအားပိတ္ထား၍ အျပင္မွလူမ်ားကမျမင္ရေပ။
ေခြးေသေကာင္မွ ပုတ္နံထြက္လာသျဖင့္ ဇြဲကပင္ေတာင္ေပၚလုပ္အားဒါနျပဳအဖြဲ႕ (တစ္ဘက္ ၅၀၀ အဖြဲ႕)မွ ၂၆-၇-၂၀၂၀ေန႔ နံနက္ေတာင္ေပၚသို႔ တက္လာစဥ္
ေတာင္ေပၚရွိတာဝန္ရွိ သံဃာတစ္ပါးအားေလၽွာက္တင္၍ နံေနေသာအနံ့အားရွာေဖြၾကရာ အခန္းအတြင္း လင္မယား၂ေယာက္ ႏွင့္ ေခြးတစ္ေကာင္ပါေသဆုံးေနေၾကာင္း ေတြ႕ရွိရပါသည္။
(ေသဆုံးသူအမ်ိဳးသမီးမွာ ကိုယ္ဝန္ ၅ လရွိၿပီ ေခြးေသအားေတာင္ေပၚတစ္ေနရာတြင္ ျမႇပ္ႏွံေပးလိုက္ပါသည္။)
အေလာင္းအား ေတာင္ေပၚမွ ေတာင္ေအာက္အထိေရာက္ေအာင္ ဝိုင္းဝန္းကူညီသယ္ဆင္းေပးၾကေသာ ဘားအံၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ႏွင့္ အရပ္ဖက္လူမႈကူညီေရးအသင္းအဖြဲ႕မ်ား လူမႈကယ္ဆယ္ေရးအဖြဲ႕အစည္းမ်ား ဝိုင္းဝန္းကူညီေပးခဲ့ၾကသူ တစ္ဦးတစ္ေယာက္ခ်င္းစီကို က်န္ရစ္သူမိသားစုမ်ားကိုယ္စား ေက်းဇူးအထူးပင္တင္ရွိပါသည္။စားစရာ အခ်ိဳရည္ႏွင့္ ေရသန႔္မ်ားအားလႉဒါန္းေပးေသာ ေစတနာရွင္မ်ားကိုလည္းေက်းဇူးတင္ရွိပါသည္။
သတင္းဓါတ္ပုံ-မိုးထက္ျမင့္
unicode
ယနေ့ ဇွဲကပင်တောင်ပေါ် လူ(၂)ဦး သေဆုံးမှုသတင်းအပြည့်အစုံ
ဇွဲကပင်တောင်ပေါ် ကေဘယ်ကားတပ်ဆင်ခြင်းပြုလုပ်ရာတွင် အလုပ်လုပ်နေသော အလုပ်သမား လင်မယားနှစ်ယောက်သည် လွန်ခဲ့သော ကြာသပတေးနေ့ ညကဇွဲကပင်တောင်ပေါ်တွင် လျှပ်စီးလက် မိုးကြိုးပစ်၍ လျှပ်စစ်မီးပျက်သွားပြီ မိမိတို့နေထိုင်သော အခန်းမီးလင်းနိုင်ရန်အတွက် အခန်းအတွင်းရှိ မီးစက်ကြီးကိုနိုးကာ လျှပ်စစ်မီးများတပ်ဆင်ရာမှ လင်မယား၂ယောက်နှင့် အခန်းအတွင်းရှိခွေးတစ်ကောင်ပါ ဓာတ်လိုက်ပြီး သေဆုံးသွားကြပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကတောင်ပေါ်သို့ တက်ရောက်စစ်ဆေးရာ အခန်းအတွင်းသံမံတလင်း အစိုဓာတ်နှင့် မီးကြိုးစဖြင့် ထိနေသည်ကို
တွေ့ရှိသည်။ ထိုလင်မယား၂ ယောက်သည် အခန်းအားပိတ်ထား၍ အပြင်မှလူများကမမြင်ရပေ။
ခွေးသေကောင်မှ ပုတ်နံထွက်လာသဖြင့် ဇွဲကပင်တောင်ပေါ်လုပ်အားဒါနပြုအဖွဲ့ (တစ်ဘက် ၅၀၀ အဖွဲ့)မှ ၂၆-၇-၂၀၂ဝနေ့ နံနက်တောင်ပေါ်သို့ တက်လာစဉ်
တောင်ပေါ်ရှိတာဝန်ရှိ သံဃာတစ်ပါးအားလျှောက်တင်၍ နံနေသောအနံ့အားရှာဖွေကြရာ အခန်းအတွင်း လင်မယား၂ယောက် နှင့် ခွေးတစ်ကောင်ပါသေဆုံးနေကြောင်း တွေ့ရှိရပါသည်။
(သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန် ၅ လရှိပြီ ခွေးသေအားတောင်ပေါ်တစ်နေရာတွင် မြှပ်နှံပေးလိုက်ပါသည်။)
အလောင်းအား တောင်ပေါ်မှ တောင်အောက်အထိရောက်အောင် ဝိုင်းဝန်းကူညီသယ်ဆင်းပေးကြသော ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျန်ရစ်သူမိသားစုများကိုယ်စား ကျေးဇူးအထူးပင်တင်ရှိပါသည်။စားစရာ အချိုရည်နှင့် ရေသန့်များအားလှူဒါန်းပေးသော စေတနာရှင်များကိုလည်းကျေးဇူးတင်ရှိပါသည်။
သတင်းဓါတ်ပုံ-မိုးထက်မြင့်