ကျန်းမာရေးပြဿနာအများစုရဲ့ အစက အစားအသောက်၊ အိပ်စက်ခြင်းတို့နဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ ဘ၀နေထိုင်မှုပုံစံကိုရဖို့ အာဟာရရှိတဲ့အစားအသောက်တွေ စားဖို့လိုအပ်သလို ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်ပေးဖို့လည်းလိုပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကိုနှောက်ယှက်လို့ အိပ်ရာဘေးမှာထားမအိပ်သင့်တဲ့အရာကတော့
(၁) နှိုးစက်နာရ
ီ
freepik by freepik
တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို အချိန်တိကျစွာ လုပ်ဆောင်နိုင်ဖို့ နှိုးစက် နာရီတွေကို လူတော်တော်များများအသုံးပြုကြပါတယ် ။ ဒါပေမယ့် အိပ်ရာဘေးမှာထားပြီး ရေရှည်မအိပ်သင့်ပါဘူး ။ မနက်ခင်း နှိုးစက် alarm သံကြောင့် ရုတ်တရက်နိုးထလာတဲ့အခါ စိတ်ဖိအားကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ အသံကြောင့် လန့်နိုးသလိုဖြစ်ရတဲ့အတွက် ရေရှည်မှာ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါအထိဖြစ်ပွားနိုင်ပါတယ် ။ နှိုးစက်ကြောင့်ဖြစ်ပေါ်လာမယ့် စိတ်ဖိအားမဖြစ်စေဖို့ အိပ်ရာနဲ့ ၂ မီတာအကွာမှာထားပေးပါ ။
(၂) ဖုန်း
freepik by freepik
ဖုန်းကိုအိပ်ရာဘေးမှာမထားသင့်တဲ့ အကြောင်းအရင်းကတော့ ဖုန်းကထွက်တဲ့ ရေဒီယိုလှိုင်းတွေကြောင့်မဟုတ်ပါဘူး။ မအိပ်ခင်အချိန်ထိဖုန်းသုံးတတ်တဲ့ အလေ့အထကြောင့်ပါ။တစ်နေကုန်ပင်ပန်းထားတဲ့အတွက် မျက်လုံးကိုအနားပေးသင့်တဲ့အချိန်မှာ ဖုန်းသုံးရင်း မျက်လုံးကိုအားစိုက်ရတာကြောင့် အာရုံကြောတွေကိုထိခိုက်လာစေပြီး ရေရှည်မှာ မျက်စိမှုန်တာ ၊ ပါဝါတိုးတာတွေနဲ့ မျက်စိရောဂါတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်
(၃) အပင်များ ၊ ပန်းအိုးများ ထားခြင်း
freepik by freepik
ပန်းပင်တွေ အိမ်မှာထားရင် အောက်ဆီဂျင်ကိုထုတ်လွှတ်လို့ကျန်းမာရေးပိုကောင်းမယ်ထင်ကြပေမယ့် အိပ်ရာနားမှာတော့လုံးဝမထားသင့်ပါဘူး ။ အပင်တွေက နေ့ဘက်မှာတော့ အောက်ဆီဂျင်ထုတ်လွှတ်တယ်ဆိုပေမယ့် ညဘက်မှတော့ အောက်ဆီဂျင်တွေကို စုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကိုသာ ထုတ်လွှတ်ပေးတာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေများနေတဲ့ အခန်းထဲမှာအိပ်စက်တာက သင့်ခန္ဓာကိုယ်ကိုပင်ပန်းလာစေပါတယ်။
(၄) အရုပ်တွေ
shutterstock By fizkes
မိန်းကလေးတွေအတွက်တော့ အရုပ်တွေက ညဘက်အဖော်ဖြစ်သလို ခေါင်းအုံးလည်းဟုတ်ပါတယ် ။ သို့ပေမယ့် မလျော်တာကြာတဲ့ အရုပ်တွေမှာတော့ ဘက်တီးရီးယားတွေ နဲ့ အညစ်အကြေးတွေ စုပုံနေတတ်လို့ လုံးဝမထားသင့်ပါဘူး ။
Kay