အေထြအေထြဗဟုသုတ






 


 

Photo #Khaosod


Unicode

ကြံကြံဖန်ဖန်ဗျာ…ကလေးငယ်ရှိသူတွေသတိထားကြပါ

ကြံကြံဖန်ဖန် အဝတ်လျှော်စက်ထဲဝင်ဆော့ရင်းခြေထောက်ညှပ်ပြီးပြန်မထွက်တတ်တဲ့ ၅ နှစ်သားကလေး

#ကလေးငယ်ရှိသူတွေသတိထားကြပါ

ထိုင်းနိုင်ငံ နခွန်ရတ်စီမာခရိုင် နုန်းဆွန်မြို့နယ် မခမ်းရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် နန်းဝမ်းဝိဖာ သည် ဩဂုတ်လ ၂၂ ရက်နေ့က နေအိမ်တွင် အဝတ်လျှော်စက်ထဲမှအဝတ်တွေယူပြီး အပြင်ထုတ်လှန်းနေစဉ် သူ၏သားဖြစ်သူ ၅ နှစ်သားကလေးသည် သူ့ဘေးရှိဇလုံကြီးထဲဝင်ရောက်ဆော့နေရင်းမှ ရုတ်တရက်ငယ်သံပါအောင်အော်ငိုသံ ( ဥဝဲ.. ဥဝဲ.. 😭 ) ကြားသဖြင့်ပြေးဝင်လာကြည့်ရာ အဝတ်လျှော်စက်အခြောက်ခံ ပုံးထဲတွင်ခန္ဓာကိုယ်တစ်ဝက်ညှပ်နေသဖြင့် အချိန် ၂ နာရီအကြာဆွဲထုတ်သော်လည်း မရခဲ့၍ ကယ်ဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်းခံခဲ့သည်ဟုဆိုပါသည် ။

 

ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အဝတ်လျှော်စက်ထဲက အခြောက်ခံဖိုက်ဘာပုံးကိုဖြုတ်ယူပြီး Cutter စက်ဖြင့်ဖြတ်တောက်ကာဆွဲထုတ်ခဲ့ရပါတယ် ၊ ကလေးကတော့အကြောက်လွန်ပြီး ငိုယုံကလွဲပြီးဘာထိခိုက်မှုမှမရှိခဲ့ကြောင်းသိရှိရသည် ။

Photo #Khaosod

#SiThuMaung #လူဇိုးလေး #ဖြစ်တတ်ပါတယ် 🤣