ကံကြမ္မာဆိုတာ ခက်မှန်းရခက်လွန်းပါတယ် ။ မသိဘဲ ကိုယ့်ဘေးကိုဖြတ်လျှောက်သွားတဲ့သူမျိုးဟာလည်း တစ်ခါတစ်လေမှာကိုယ့်ရဲ့ဖူးစာဖြစ်သွားတတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Mr Ye အမည်ရှိတဲ့အမျိုးသားဟာ ဇနီးဖြစ်သူရဲ့ဓာတ်ပုံတွေထည့်ထားတဲ့သေတ္တာကို မွှေနောက်ခဲ့လို့ မမျှော်လင့်ထားတဲ့ ဓာတ်ပုံတစ်ပုံတွေ့ရှိခဲ့ပါတယ် ။ အဲဒါကတော့ လွန်ခဲ့တဲ့ 2000 ခုနှစ် July လက Mr Ye ဟာ Qingdao မြို့သို့အလည်သွားရောက်ခဲ့တုန်းက ဓာတ်ပုံဖြစ်နေပါတယ် ။ ထိုအချိန်တုန်းက ဇနီးဖြစ်သူကလည်း ခွဲစိတ်ကုသမှုခံယူပြီးစအချိန်ဖြစ်တဲ့အတွက် အပန်းဖြေ ဖို့ဆိုပြီး သူမရဲ့မိခင်နဲ့အတူ Qingdao မြို့သို့လာရောက်လည်ပတ်ခဲ့တဲ့အချိန်ဖြစ်ပါတယ် ။
ထို့နောက် တစ်နယ်တခြားစီကလာရောက်ကြသူတွေဖြစ်တဲ့အတွက် May Fourth Square ရုပ်တုရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်ဖို့ အကြောင်းဖန်လာကြပြီး နှစ်ယောက်လုံးက အမှတ်တရဓာတ်ပုံကို တစ်နေရာစီရိုက်ကူးခဲ့ကြပါတယ် ။ ဇနီးဖြစ်သူ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံရဲ့အနောက်မှာ Mr Ye ကလည်း ဓာတ်ပုံရိုက်ဖို့ post ပေးနေပုံကို တွေ့ရှိခဲ့ပြီးနောက်မှာမှ Mr Ye ဟာ မထင်မှတ်ထားလောက်အောင် တိုက်ဆိုင်လွန်းလှတဲ့ ၎င်းတို့အဖြစ်ကို အံ့သြသွားခဲ့ကြပါတယ် ။
ပိုဆိုးတာကတော့ အဆိုပါဓာတ်ပုံရိုက်ပြီး 11နှစ်ကြာတဲ့အထိ ၎င်းတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမသိကြပါဘူး ။ Mr Ye ဟာ သူတို့စုံတွဲရဲ့ဓာတ်ပုံကို social media ပေါ်မှာဝေမျှခဲ့ပြီး Qingdao မြို့ဟာ ၎င်းတို့စုံတွဲအတွက်အဓိပ္ပါယ်ရှိလွန်းတဲ့မြို့ဖြစ်ပြီး ၊ ကလေးတွေအရွယ်ရောက်ပြီးချိန်မှာမှ ပြန်ပြီးသွားရောက်လည်ပတ်ဖို့စီစဉ်းထားကြောင်း ပြောဆိုသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Source:matadornetwork
ကံၾကမၼာဆိုတာ ခက္မွန္းရခက္လြန္းပါတယ္ ။ မသိဘဲ ကိုယ့္ေဘးကိုျဖတ္ေလွ်ာက္သြားတဲ့သူမ်ိဳးဟာလည္း တစ္ခါတစ္ေလမွာကိုယ့္ရဲ႕ဖူးစာျဖစ္သြားတတ္ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက Mr Ye အမည္ရွိတဲ့အမ်ိဳးသားဟာ ဇနီးျဖစ္သူရဲ႕ဓာတ္ပုံေတြထည့္ထားတဲ့ေသတၱာကို ေမႊေနာက္ခဲ့လို႔ မေမွ်ာ္လင့္ထားတဲ့ ဓာတ္ပုံတစ္ပုံေတြ႕ရွိခဲ့ပါတယ္ ။ အဲဒါကေတာ့ လြန္ခဲ့တဲ့ 2000 ခုႏွစ္ July လက Mr Ye ဟာ Qingdao ၿမိဳ႕သို႔အလည္သြားေရာက္ခဲ့တုန္းက ဓာတ္ပုံျဖစ္ေနပါတယ္ ။ ထိုအခ်ိန္တုန္းက ဇနီးျဖစ္သူကလည္း ခြဲစိတ္ကုသမႈခံယူၿပီးစအခ်ိန္ျဖစ္တဲ့အတြက္ အပန္းေျဖ ဖို႔ဆိုၿပီး သူမရဲ႕မိခင္နဲ႔အတူ Qingdao ၿမိဳ႕သို႔လာေရာက္လည္ပတ္ခဲ့တဲ့အခ်ိန္ျဖစ္ပါတယ္ ။
ထို႔ေနာက္ တစ္နယ္တျခားစီကလာေရာက္ၾကသူေတြျဖစ္တဲ့အတြက္ May Fourth Square ႐ုပ္တုေရွ႕မွာ အမွတ္တရဓာတ္ပုံ႐ိုက္ဖို႔ အေၾကာင္းဖန္လာၾကၿပီး ႏွစ္ေယာက္လုံးက အမွတ္တရဓာတ္ပုံကို တစ္ေနရာစီ႐ိုက္ကူးခဲ့ၾကပါတယ္ ။ ဇနီးျဖစ္သူ ႐ိုက္ကူးခဲ့တဲ့ဓာတ္ပုံရဲ႕အေနာက္မွာ Mr Ye ကလည္း ဓာတ္ပုံ႐ိုက္ဖို႔ post ေပးေနပုံကို ေတြ႕ရွိခဲ့ၿပီးေနာက္မွာမွ Mr Ye ဟာ မထင္မွတ္ထားေလာက္ေအာင္ တိုက္ဆိုင္လြန္းလွတဲ့ ၎တို႔အျဖစ္ကို အံ့ၾသသြားခဲ့ၾကပါတယ္ ။
ပိုဆိုးတာကေတာ့ အဆိုပါဓာတ္ပုံ႐ိုက္ၿပီး 11ႏွစ္ၾကာတဲ့အထိ ၎တို႔စုံတြဲဟာ တစ္ေယာက္နဲ႔တစ္ေယာက္ လုံးဝမသိၾကပါဘူး ။ Mr Ye ဟာ သူတို႔စုံတြဲရဲ႕ဓာတ္ပုံကို social media ေပၚမွာေဝမွ်ခဲ့ၿပီး Qingdao ၿမိဳ႕ဟာ ၎တို႔စုံတြဲအတြက္အဓိပၸါယ္ရွိလြန္းတဲ့ၿမိဳ႕ျဖစ္ၿပီး ၊ ကေလးေတြအ႐ြယ္ေရာက္ၿပီးခ်ိန္မွာမွ ျပန္ၿပီးသြားေရာက္လည္ပတ္ဖို႔စီစဥ္းထားေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။
Jasmine (Mckzone Daily)
Source:matadornetwork