စတိတ်စင်ပေါ်မှာ ကပြဖျော်ဖြေမှုတွေလုပ်နေစဉ် အိပ်မောကျသွားခဲ့တဲ့ ကလေးငယ်ရဲ့ရယ်မောဖွယ်အဖြစ်
ကိုယ်တွေ ငယ်ရွယ်စဉ်အချိန် မူကြို ၊ သူငယ်တန်း ကလေးဘဝတုန်းက စတိတ်စင်ပေါ်မှာ သီချင်းဆို ၊ ကပြ ဖျော်ဖြေတင်ဆက်မှုမျိုးတွေ ပြုလုပ်ဖူးကြမှာပါ ။
ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ကလေးမလေးဟာ ကပြဖျော်ဖြေတင်ဆက်မှုပြုလုပ်နေစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့လို့ ပွဲလာရောက်ကြည့်ရှုသူတိုင်းကို ရယ်ပွဲကျစေခဲ့ပြီး ၊
သူ့ရဲ့ video လေးဟာလည်း social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ 5 နှစ်အရွယ်သာရှိသေးတဲ့
ကလေးမလေးဟာ ပြီးခဲ့တဲ့ မတ်လ 22 ရက်နေ့က Wenzhou မြို့ရဲ့ မူကြိုကျောင်းတစ်ခုမှာ ကပြဖျော်ဖြေတင်ဆက်နေခဲ့တာပါ ။
သူမဟာ စတိတ်စင်ပေါ်မှာ ထိုင်လျက်နဲ့ အိပ်မောကျနေခဲ့တာပါ ။ အစပိုင်းမှာတော့ သူမနဲ့တွဲဖက် ကပြရတဲ့ကလေးမက သူမအိပ်မောကျနေမှန်းကို သတိမထားမိခဲ့ပါဘူး ။
နောက်မှ သူမကိုကြည့်လိုက်တော့မှ အိပ်မောကျနေမှန်းသိခဲ့လို့ နှိုးထခဲ့ပါသေးတယ် ။ ဒါပေမဲ့လည်း ကလေးမက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေခဲ့လို့ လုံးဝပြန်မထလာခဲ့ဘဲ ဆက်ပြီး အိပ်နေခဲ့တာပါ ။
ဒါကြောင့် ပွဲလာရောက်ကြည့်ရှုသူတွေက သီချင်းသံတွေဆူညံနေပြီး မီးတွေလင်းထိန်နေအောင် ထွန်းထားတဲ့ စတိတ်စင်ပေါ်မှာ ကနေရင်းနဲ့အိပ်မောကျသွားခဲ့တဲ့ ကလေးမလေးရဲ့အဖြစ်ကို ရယ်မောခဲ့ကြပါတယ် ။
ကပြဖျော်ဖြေတင်ဆက်မှုမပြုလုပ်ခင် နေ့ခင်းတစ်ရေးတစ်မောမအိပ်ရသေးလို့ ယခုလို စတိတ်စင်ပေါ်မှာ ကလေးမလေးက အိပ်မောကျသွားခဲ့ရတာပါ ။ ကလေးတွေရဲ့အပြုအမှုက တစ်ကယ့်ကို အပြစ်ကင်းစင်လွန်းလှပါတယ်လေ ။
Unicode

photo credit
credit to original writer