Zawgyi
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
Unicode
မအလ စစ်ကောင်စီတပ် လက်နက်ကြီးများကြောင့် ထိုင်းကားလမ်းပေါ်ကျရောက်၍ သွားနေသာ ထိုင်းနိုင်ငံသားများ ထွက်ပြေးရ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ် မှ လက်နက်ကြီးကျည်များ ထိုင်းကားလမ်းများပေါ်ကျရောက်၍ သွားနေသာ
ထိုင်းနိုင်ငံသားများ ထွက်ပြေးရကြောင်း AAC အဖွဲ့မှ ဦးရဲမင်းက ပြောကြားသည်။ “အခုက လက်နက်ကြီးကျည်တွေက ထိုင်းကားလမ်းတွေပေါ်ကျတော့ ကားတွေ
အကုန်ပြန်လှည့်ပြီး ထွက်ပြေးရတာ။ ထိုင်းနိုင်ငံသားတွေပေါ့။ ကားတွေကလည်း ထိုင်းကားတွေ။ အကုန် ပြန်လှည့်ပြေးရတာ။ အဲဒီလမ်းက စစ်ရှောင်စခန်းကိုသွား တဲ့
ကားလမ်း” ဟု ဦးရဲမင်းက ပြောသည်။စစ်ကောင်စီတပ်က ပစ်လိုက်သော လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းအနီးသို့လည်း ကျရောက်ခဲ့ပြီး
သက်ကြီးရွယ်အို စစ်ရှောင် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိထားသည်။