ၾကားသိရသမွ်

နွားပေါက်လေးကို မွေးပြီးနောက် အသက်မရှင်နိုင်တော့မှန်းသိပြီး နွားလေးကို စောင့်ရှောက်ပေးဖို့ ကတိပေးခဲ့တဲ့ အမျိုးသားကို အဆက်မပြက်နမ်းနေခဲ့တဲ့ နွားမကြီး(ရုပ်သံ)…




Unicode

Freser အမည်ရှိ မိခင်နွားမကြီးဟာ သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး နွားကလေးကို မွေးဖွားခဲ့ပြီး ကလေးမွေးဖွားစဉ်အတွင်း ကူညီပေးခဲ့တဲ့ Ismael အမည်ရှိ အမျိုးသားကို အထူးပင်ကျေးဇူးတင်ကြောင်း ပြသရန် Ismael ကို အနမ်းပေးခဲ့လိုက်ပါတယ် ။ မတည်ငြိမ်တဲ့ကျန်းမာရေးအခြေအနေများကြောင့် Freser နွားမကြီးဟာ ကလေးမွေးဖွားစဉ်မှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါတယ် ။

Ismael က Freser ကို သူမမရှိတဲ့နောက် နွားပေါက်လေးကို ကျွေးမွေးပေးဖို့ အာမခံခဲ့ပြီး Freser က ချစ်ခင်ကြင်နာမှုနဲ့ အနမ်းပေးခြင်းဖြင့် သူရဲ့အကူအညီကို ပြန်ဆပ်လိုက်ပါတယ် ။

မွေးဖွားမှုပြီးဆုံးတဲ့အခါ freser မိခင်နွားမကြီးက ငိုပြီး ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာခဲ့ပါတယ် ။ နွားပေါက်လေးကို မွေးပြီးနောက် ဖရက်ဆာရဲ့ အခြေအနေမှာ မက်တပ်မရပ်နိုင်တော့ဘဲ အထူးအားနည်းခဲ့ပါတယ် ။ ကလေးငယ်ကို မြင်ပြီးနောက် Freser က Ismael ကို ကျေးဇူးတင်ကြောင်းဖော်ပြနေသကဲ့သို့ အဆက်မပြတ်နမ်းခဲ့ပါတယ် ။ အဲ့တာကို Freser ရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်ပါတယ် ။ သူမကို အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ပြီး နွားပေါက်လေး Savi နဲ့ Ismael တို့ကို ချန်ထားခဲ့ပါတယ် ။ Savi လေးကိုတော့ Ismael က ကောင်းကောင်း ပြုစုစောင့်ရှောက်မယ်လို့ Freser ကို အာမခံထားပါတယ် ။