
















လူသားတို့သည် ချစ်စဖွယ် ငါးလေးများကိုလည်း အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူထားတတ်ကြသည်။သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် တိရ စ္ဆာန်ချစ်တတ်သူဖြစ်ပြီး အိမ်တွင် ဈေးကြီးဆုံးငါးလေးတစ်ကောင်ကို အလှမွေးထားခဲ့ရာ ငါးကန်ကိုလည်း သန့်ရှင်းရေးအမြဲလုပ်ပေးပြီး ဂရုစိုက်ပေးခဲ့သည်။ ထို့နောက် အမျိုးသားသည် အလုပ်သွားသည့်အခါတိုင်းမှာလည်း အိမ်မှာကျန်ခဲ့တဲ့ဇနီးဖြစ်သူကို သူ့အချစ်ဆုံး ငါးလေးအား ဂရုတစိုက်အစာကျွေးရန်နှင့် ငါးကန်ကို လည်း ရေလဲပေးပြီး သန့်ရှင်းရေးလုပ်ပေးရန် အမြဲလိုလို မှာကြားခဲ့သည်။ ဇနီးဖြစ်သူမှလည်း အစပိုင်းတွင် စိတ်ပါလက်ပါနှင့် သန့်ရှင်းရေးလုပ်ပေးခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ အိမ်အလုပ်ကလည်းရှိသေးတာကြောင့် ငြို ငင်လာခဲ့ရာ ငါးလေးကို ကြော်စားပစ်ခဲ့သည်။ ခင်ပွန်းဖြစ်သူမှ ပြန်လာသောအခါ သူ့ငါးလေးကိုမတွေ့တော့၍ မေးမြန်းခဲ့ရာတွင် စားပွဲဝိုင်းရှိပန်းကန်ထဲမှာ ရောက်သွားပြီဟု ရယ်မောရင်း ဆိုခဲ့၍ ငါး ချစ်တဲ့ခင်ပွန်းဖြစ်သူတစ်ယောက် ကြေကွဲသွားရသည်။ Rain (For Ialinks) Unicode ခင်ပွန်းဖြစ်သူမှ […]
ငွေထည့်ခဲ့တဲ့သူတွေကို ငွေတန်ဖိုးရဲ့အဆ တစ်ထောင်ပြန်ပေးခဲ့ သူတောင်းစားလုပ်ရပ် တစ်နေ့ကဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာတွေ့မိတယ်။ သူတောင်းစားနေပုံက ထူးခြားနေတယ် “အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်…ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံလာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့မှတ်နေတယ်။ ဒါပေမယ့် လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့အတွေးနဲသူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး တစ်ချို့ကတော့ သနားတာနဲ့ထည့်သွားကြတာပေါ့ဗျာ။သိပ်မကြာပါဘူး… သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကိုအပင်ပန်းခံ ပြီး သူတို့ထည့်ခဲ့တဲ့ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးတယ်။ အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်းပျံ့သွားတာပေါ့။ သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်။ […]
တစ်ခါအားသွင်းထားတာနဲ့ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်ခန့်) အထိ မောင်းနှင်နိုင်မယ့် လျှပ်စစ်ဆိုင်ကယ် ကို အိန္ဒိယနိုင်ငံမှာ ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ဆိုင်ကယ်ဟာ အိန္ဒိယ Startup တစ်ခုဖြစ်တဲ့ OBEN EV ကုမ္ပဏီရဲ့ ပထမဆုံးလျှပ်စစ်ဆိုင်ကယ်ဖြစ်ပြီး 4.4 kWh လစ်သီယံအိုင်ယွန်း ဘက်ထရီတပ်ဆင်ထားပြီး 10kW လျှပ်စစ်မော်တာ ပါဝင်ပါတယ်။ ၃ စက္ကန့်အတွင်း 0-40km/h နှုန်း အရှိန်တင်နိုင်ပြီး အမြင့်ဆုံး တစ်နာရီ ကီလို ၁၀၀ နှုန်းအထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ အားအပြည့် တစ်ခါသွင်းထားမယ်ဆိုရင် ခရီးကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး အားအပြည့်သွင်းဖို့ ၂ နာရီခန့် ကြာမြင့်မယ်လို့လည်း သိရပါတယ်။ အကြမ်းခံပြီး […]