ေ႐ႊဘိုၿမိဳ႕မရဲစခန္းကို လက္ပစ္ဗုံးမ်ားျဖင့္ တိုက္ခိုက္ခဲ့ဟု ေ႐ႊဘို PDF ေျပာ
ဧရာဝတီ၊ ေအာက္တိုဘာ ၁၀ ၊ ၂၀၂၁
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ရွိ ေ႐ႊဘိုၿမိဳ႕မ ရဲစခန္းထဲသို႔ ေအာက္တိုဘာလ ၁၀ ရက္ နံနက္ ၈ နာရီတြင္ လက္ပစ္ဗုံး ၁၀ လုံး ပစ္သြင္း တိုက္ခိုက္ခဲ့ေၾကာင္း People Defense Force Shwe Bo ထံက သိရသည္။
လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ခဲ့ၿပီးေနာက္ People Defense Force Shwe Bo မွ ရဲေဘာ္မ်ားက ခ်က္ခ်င္းျပန္လည္ဆုတ္ခြာခဲ့သျဖင့္ ေပါက္ကြဲမႈအတြင္း စစ္ေကာင္စီဘက္က ထိခိုက္ဒဏ္ရာရမႈကို လတ္တေလာတြင္ အတည္မျပဳႏိုင္ေသးေၾကာင္း People Defense Force Shwe Bo မွ တာဝန္ရွိသူတဦးက ဧရာဝတီသို႔ ေျပာသည္။
People Defense Force Shwe Bo မွ ရဲေဘာ္မ်ား ျပန္ လည္ဆုတ္ခြာခဲ့ၿပီးေနာက္တြင္ ရဲစခန္းအတြင္းမွ ေသနတ္ျဖင့္ ရမ္းသမ္း ပစ္ခတ္မႈမ်ားရွိေၾကာင္း ၎က ဆိုသည္။
ေ႐ႊဘိုၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ အာဏာသိမ္းမႈ ဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ားကို အၾကမ္းဖက္ ဖိႏွိပ္ခဲ့သလို လတ္တေလာတြင္ ရဲစခန္းေရွ႕ျဖတ္သည့္ ဆိုင္ကယ္မ်ားကို ဖမ္းၿပီး ေငြႏွင့္ ေ႐ြးယူခိုင္းျခင္း ၎တို႔ႀကိဳက္သည့္ ဆိုင္ကယ္မ်ားကို အပိုင္သိမ္းျခင္းမ်ား ေဆာင္႐ြက္ေနသျဖင့္ ပစ္မွတ္ထား တိုက္ခိုက္ရျခင္းျဖစ္ ေၾကာင္း PDF Shwe Bo မွ တာဝန္ရွိသူတဦးက ရွင္းျပ သည္။
ေ႐ႊဘိုၿမိဳ႕မ ရဲစခန္းသည္ စခန္း၏ အေရွ႕၌ “လာမဝိုင္းနဲ႔ ေသတတ္သည္” ဟု ဆိုင္းဘုတ္ခ်ိတ္ကာ ျပည္သူ႔ကာ ကြယ္ေရး တပ္ဖြဲ႕မ်ားကို စိန္ေခၚထားၿပီး ထိုသို႔ ဆိုင္းဘုတ္တင္ၿပီး မၾကာမီ ရက္ပိုင္းမွာပင္ လက္ပစ္ဗုံးျဖင့္ ပစ္သြင္းတိုက္ခိုက္ခံရျခင္းျဖစ္သည္။
ရွှေဘိုမြို့မရဲစခန်းကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ဟု ရွှေဘို PDF ပြော
ဧရာဝတီ၊ အောက်တိုဘာ ၁၀ ၊ ၂၀၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရွှေဘိုမြို့မ ရဲစခန်းထဲသို့ အောက်တိုဘာလ ၁၀ ရက် နံနက် ၈ နာရီတွင် လက်ပစ်ဗုံး ၁၀ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း People Defense Force Shwe Bo ထံက သိရသည်။
လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် People Defense Force Shwe Bo မှ ရဲဘော်များက ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့သဖြင့် ပေါက်ကွဲမှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း People Defense Force Shwe Bo မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
People Defense Force Shwe Bo မှ ရဲဘော်များ ပြန် လည်ဆုတ်ခွာခဲ့ပြီးနောက်တွင် ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုများရှိကြောင်း ၎င်းက ဆိုသည်။
ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အကြမ်းဖက် ဖိနှိပ်ခဲ့သလို လတ်တလောတွင် ရဲစခန်းရှေ့ဖြတ်သည့် ဆိုင်ကယ်များကို ဖမ်းပြီး ငွေနှင့် ရွေးယူခိုင်းခြင်း ၎င်းတို့ကြိုက်သည့် ဆိုင်ကယ်များကို အပိုင်သိမ်းခြင်းများ ဆောင်ရွက်နေသဖြင့် ပစ်မှတ်ထား တိုက်ခိုက်ရခြင်းဖြစ် ကြောင်း PDF Shwe Bo မှ တာဝန်ရှိသူတဦးက ရှင်းပြ သည်။
ရွှေဘိုမြို့မ ရဲစခန်းသည် စခန်း၏ အရှေ့၌ “လာမဝိုင်းနဲ့ သေတတ်သည်” ဟု ဆိုင်းဘုတ်ချိတ်ကာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များကို စိန်ခေါ်ထားပြီး ထိုသို့ ဆိုင်းဘုတ်တင်ပြီး မကြာမီ ရက်ပိုင်းမှာပင် လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။