ၾကားသိရသမွ်

ျမန္မာျပည္ရဲ႕ေႏြဦးေတာ္လွန္ေရးအတြက္ ေငြက်ပ္သိန္းေပါင္း (၁၆၀၀) ေက်ာ္လႉဒါန္းေပးခဲ့တဲ့ အေမရိက က အလႉရွင္မိသားစု

Zawgyi

ျမန္မာျပည္ရဲ႕ေႏြဦးေတာ္လွန္ေရးအတြက္ ေငြက်ပ္သိန္းေပါင္း (၁၆၀၀) ေက်ာ္လႉဒါန္းေပးခဲ့တဲ့ အေမရိက က အလႉရွင္မိသားစု

ျမန္မာျပည္အက်ပ္အတည္းကာလေတြနဲ႔ရင္ဆိုင္ေနရခ်ိန္မွာ ျပည္ပေရာက္ျမန္မာျပည္သားေတြဟာလည္းအမိေျမအတြက္ႏိုင္ရာတာဝန္ထမ္းခဲ့ၾကပါတယ္။ဒီေန႔မွာလည္းအေမရိကႏိုင္ငံမွာေနထိုင္တဲ့(ကိုေဇာ္မ်ိဳး + မသူသူေအာင္)မိသားစုကျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္အေမရိကန္ေဒၚလာတစ္သိန္းလႉဒါန္းေပးခဲ့ပါတယ္။

ဒီေငြပမာဏဟာအေတာ္ေလးကိုမ်ားျပားၿပီး ျမန္မာေငြနဲ႔ဆိုေငြက်ပ္သိန္းေပါင္း (၁၆၀၀) ေက်ာ္ခန႔္ရွိပါတယ္။ေငြေၾကးထက္ေစတနာကပိုလြန္သြားတဲ့အခ်ိန္မွာလႉဒါန္းတဲ့ပမာဏထက္ လႉဒါန္းသူရဲ႕သဒၶါစိတ္ကသာပိုၿပီးၾကည္ႏူးစရာေကာင္းလြန္းတာမ်ိဳးပါ။

လူ႔အခြင့္အေရးအျပည့္အဝရတဲ့ႏိုင္ငံမွာေအးေအးခ်မ္းခ်မ္းေနလို႔ရေပမယ့္ အမိေျမရဲ႕အခက္အခဲကိုလ်စ္လ်ဴမရႈဘဲအခုလိုလႉဒါန္းေပးတဲ့ေစတနာကေျပာမကုန္ႏိုင္ေအာင္ပါပဲ။ဝမ္းပန္းတသာလႉဒါန္းေပးၾကတဲ့အလႉရွင္ေတြကိုျမန္မာျပည္သူျပည္သားေတြကသာဓုအႀကိမ္ႀကိမ္ေခၚဆိုၾကၿပီးေက်းဇူးတင္ေၾကာင္းေတြလည္းေျပာခဲ့ပါေသးတယ္။

ဒီေငြေတြဟာတကယ္လိုအပ္ေနတဲ့ေနရာေတြကိုေရာက္ေတာ့မွာျဖစ္လို႔အခက္အခဲျဖစ္သူေတြအတြက္အုတ္တစ္ခ်ပ္သဲတစ္ပြင့္စာေလာက္အဆင္ေျပသြားရင္ေတာင္ေက်နပ္စရာေကာင္းလြန္းပါတယ္။

အလႉရွင္မိသားစုရဲ႕ေျပာင္ေျမာက္တဲ့ေစတနာနဲ႔လႉဒါန္းေနတဲ့ပုံရိပ္ေတြကိုကိုေဇာ္မ်ိဳး + မသူသူေအာင္ မိသားစုကေႏြဦးေတာ္လွန္ေရးအတြက္ ေဒၚလာတစ္သိန္းလႉဒါန္းေၾကာင္းသိရွိရတဲ့အတြက္ႏိုင္ငံခ်စ္စိတ္နဲ႔အတူေမြး‌ဖြားရာဇာတိေျမအေပၚ ထားရွိတဲ့ေစတနာတို႔ကိုျမင္မိရင္း တကယ္ကိုပဲေလးစားဂုဏ္ယူမိပါတယ္ခင္ဗ်ာ။

အလႉရွင္မိသားစုကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာပါေစ။အေရးေတာ္ပုံေအာင္ရမည္။ဆိုၿပီးပီတိျဖစ္ရသူတစ္ေယာက္ကေဝမွ်လာခဲ့ပါတယ္။ဘယ္ဖက္ကတစ္ဆုပ္ႀကဲလို႔ညာဖက္ကတစ္လွည္းဝင္ပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးပါတယ္။ဤသတင္းကို Like & Shareလုပ္သြားေပးၾကပါ။

Unicode

မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်လှူဒါန်းပေးခဲ့တဲ့ အမေရိက က အလှူရှင်မိသားစု

မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာလည်းအမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။ဒီနေ့မှာလည်းအမေရိကနိုင်ငံမှာနေထိုင်တဲ့(ကိုဇော်မျိုး + မသူသူအောင်)မိသားစုကမြန်မာ့နွေဦးတော်လှန်ရေးအတွက်အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။

ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆိုငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာလှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။

လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာအေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့အခက်အခဲကိုလျစ်လျူမရှုဘဲအခုလိုလှူဒါန်းပေးတဲ့စေတနာကပြောမကုန်နိုင်အောင်ပါပဲ။ဝမ်းပန်းတသာလှူဒါန်းပေးကြတဲ့အလှူရှင်တွေကိုမြန်မာပြည်သူပြည်သားတွေကသာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီးကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။

ဒီငွေတွေဟာတကယ်လိုအပ်နေတဲ့နေရာတွေကိုရောက်တော့မှာဖြစ်လို့အခက်အခဲဖြစ်သူတွေအတွက်အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွားရင်တောင်ကျေနပ်စရာကောင်းလွန်းပါတယ်။

အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကိုကိုဇော်မျိုး + မသူသူအောင် မိသားစုကနွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်းလှူဒါန်းကြောင်းသိရှိရတဲ့အတွက်နိုင်ငံချစ်စိတ်နဲ့အတူမွေး‌ဖွားရာဇာတိမြေအပေါ် ထားရှိတဲ့စေတနာတို့ကိုမြင်မိရင်း တကယ်ကိုပဲလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ။

အလှူရှင်မိသားစုကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။အရေးတော်ပုံအောင်ရမည်။ဆိုပြီးပီတိဖြစ်ရသူတစ်ယောက်ကဝေမျှလာခဲ့ပါတယ်။ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ညာဖက်ကတစ်လှည်းဝင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။ဤသတင်းကို Like & Shareလုပ်သွားပေးကြပါ။