“ပီတိမ်က္ရည္ဝဲရတဲ့ ျပည္သူတဦး၏ ေမတၱာ”
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
ေန႕ခင္းတုန္းကဆိုင္ကို သားအမိႏွစ္ေယာက္ဝင္လာတယ္။ႏြမ္းႏြမ္းပါးပါးေလးဆိုတာျမင္တာနဲ႕သိသာပါတယ္။ကေလးငယ္က မ်က္စိမျမင္ရွာဘူး။အေမျဖစ္သူကဂစ္တာေစ်း ဘယ္ေလာက္လဲလို႔ေမးတယ္။..
အနိမ့္ဆုံး ၃၅၀၀၀က်ပ္လို႔ ေျဖလိုက္ေတာ့မ်က္ႏွာပ်က္သြားတာကို ျမင္လိုက္ရတယ္။ကေလးကေပ်ာ္႐ႊင္ခုန္ေပါက္ေနတာ ဂစ္တာရေတာ့မယ္ဆိုၿပီးေတာ့ေပါ့။သူ႕အေမရဲ႕ ပ်က္ေနတဲ့မ်က္ႏွာကို သူမျမင္ရဘူးေလ။…
ကြၽန္မမွာ ၅၀၀၀က်ပ္ပဲပါတယ္။ဒီဂစ္တာအျပာေလးကို ခ်န္ထားေပးပါလား။ကြၽန္မ ေစ်းေရာင္းၿပီးလို႔ ရတဲ့အျမတ္ကို ေန႕တိုင္းလာသြင္းပါ့မယ္။ ၃၅၀၀၀ က်ပ္ ျပည့္ရင္ ဂစ္တာယူမယ္ေလ။အာ့လိုေလးလုပ္ေပးပါလား အစ္ကိုတဲ့ ။…
ရင္ထဲမွာ နင့္ေနေအာင္ နာက်င္သြားတယ္ဗ်ာ။အေမက သားျဖစ္ခ်င္တာကို မျဖစ္ျဖစ္ေအာင္လုပ္ေပးမဲ့မိခင္ေမတၱာက အထင္းရွားႀကီးဗ်ာ။မ်က္ရည္ေတာင္ဝဲသြားမိတယ္။ကေလးက ဂစ္တာတီးတက္လားေမးေတာ့ အရမ္းကြၽမ္းတယ္ဆိုလို႔ႀကိဳးညွိၿပီး ဂစ္တာေပးလိုက္တယ္။…
ကေလးက ဂစ္တာရတာနဲ႕ ေပ်ာ္႐ႊင္စြာတီးေတာ့ပဲ။ကြၽန္ေတာ္ခ်က္ခ်င္းသိလိုက္တယ္။ကေလးက ဂစ္တာမတီးတက္ဘူး။ ေကာ့ဒ္ေတာင္မကိုင္တက္ဘူး။ဒါေပမယ့္ဖ်ားသြားတယ္၊ သူတီးတာ အရမ္းနားေထာင္လို႔ ေကာင္းတယ္။ ဟာမိုနီျဖစ္တယ္။..
သူ႕ကိုင္တဲ့ လက္ကြက္ေတြက စိတ္ထင္တာေတြေလွ်ာက္ႏွိပ္ေနတာ။ဒါေပမယ့္ ထြက္လာတဲ့အသံေတြက သာယာနာေပ်ာ္ဖြယ္ျဖစ္တယ္။စိတ္ကေတြးေနတုန္းအစ္ကို ၅၀၀၀ ေပးခဲ့မယ္ေနာ္။ေနာက္ေန႕မွ က်န္တဲ့ပိုက္ဆံေတြ ရသေလာက္လာသြင္းေပးမယ္။…
ဟုတ္ကဲ့၊ ေပးခဲ့ပါဆိုေတာ့…အေမျဖစ္သူက ေပ်ာ္႐ႊင္သြားတာကို ဖုံးမရ ဖိမရနဲ႕…ဂစ္တာကို တစ္ခါတည္းယူသြားလိုက္ပါဗ်ာ။ က်န္တဲ့ပိုက္ဆံလဲ လာမေပးနဲ႕ေတာ့၊ ၅၀၀၀ နဲ႕ေရာင္းလိုက္တယ္ပဲထားလိုက္ပါ
အေမျဖစ္သူက လက္အုပ္ခ်ီတယ္။ကိုယ့္မွာ မနည္းျပန္ေတာင္းပန္ေနရတယ္။ကေလးက ဂစ္တာရလို႔ခုန္ေပါက္ေနတာ ခင္ဗ်ားတို႔ကို ျမင္ေစခ်င္တယ္ဗ်ာ။ကြၽန္ေတာ္က August Rush ႐ုပ္ရွင္ကားေလးက ခ်ာတိတ္ေလးေတာင္ေျပးၿပီး သတိရမိတယ္ဗ်ာ။…
အေမျဖစ္သူက လက္ထဲမွာက်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ ေၾကမြေနတဲ့ ပိုက္ဆံေတြကို ညီညာေအာင္လုပ္ၿပီး ကြၽန္ေတာ့္ကိုေပးတယ္။ဒီသားအမိရဲ႕ ပိုက္ဆံကို ကြၽန္ေတာ္မယူခ်င္ပါဘူး။😔😔ဒါေပမယ့္ ကြၽန္ေတာ္ယူလိုက္တယ္။သူတို႔ရဲ႕စိတ္ထဲမွာဂစ္တာကို ဝယ္တယ္လို႔ပဲ စိတ္ခံစားေစခ်င္တယ္။…
အေမျဖစ္သူကိုလဲ ေလးစားမိတယ္။သူတို႔အတြက္ ဒီပိုက္ဆံ ၅၀၀၀ ဟာ သိပ္တန္ဖိုးရွိမွန္းလဲသိပါတယ္။အလကားဆိုတဲ့ဟာကို သူတို႔ကို မခံစားေစခ်င္ဘူး။အလကားဆိုရင္ လူေတြက တန္ဖိုးမထားတက္ၾကဘူးေလ။Source-Linnmoe…
(မွတ္ခ်က္-လူမူကြန္ယက္မွာ ျပည္သူတဦးေရးသားထားသည္ကိုေလးစားစြာျဖင့္ ျပန္လည္ေဖာ္ျပေပးထားျခင္းျဖစ္ပါသည္)
ယူနီကုဒ်ဖြင့် ဖတ်ရန်
“ပီတိမျက်ရည်ဝဲရတဲ့ ပြည်သူတဦး၏ မေတ္တာ”
နေ့ခင်းတုန်းကဆိုင်ကို သားအမိနှစ်ယောက်ဝင်လာတယ်။နွမ်းနွမ်းပါးပါးလေးဆိုတာမြင်တာနဲ့သိသာပါတယ်။ကလေးငယ်က မျက်စိမမြင်ရှာဘူး။အမေဖြစ်သူကဂစ်တာဈေး ဘယ်လောက်လဲလို့မေးတယ်။..
အနိမ့်ဆုံး ၃၅၀၀၀ကျပ်လို့ ဖြေလိုက်တော့မျက်နှာပျက်သွားတာကို မြင်လိုက်ရတယ်။ကလေးကပျော်ရွှင်ခုန်ပေါက်နေတာ ဂစ်တာရတော့မယ်ဆိုပြီးတော့ပေါ့။သူ့အမေရဲ့ ပျက်နေတဲ့မျက်နှာကို သူမမြင်ရဘူးလေ။…
ကျွန်မမှာ ၅၀၀၀ကျပ်ပဲပါတယ်။ဒီဂစ်တာအပြာလေးကို ချန်ထားပေးပါလား။ကျွန်မ ဈေးရောင်းပြီးလို့ ရတဲ့အမြတ်ကို နေ့တိုင်းလာသွင်းပါ့မယ်။ ၃၅၀၀၀ ကျပ် ပြည့်ရင် ဂစ်တာယူမယ်လေ။အာ့လိုလေးလုပ်ပေးပါလား အစ်ကိုတဲ့ ။…
ရင်ထဲမှာ နင့်နေအောင် နာကျင်သွားတယ်ဗျာ။အမေက သားဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ပေးမဲ့မိခင်မေတ္တာက အထင်းရှားကြီးဗျာ။မျက်ရည်တောင်ဝဲသွားမိတယ်။ကလေးက ဂစ်တာတီးတက်လားမေးတော့ အရမ်းကျွမ်းတယ်ဆိုလို့ကြိုးညှိပြီး ဂစ်တာပေးလိုက်တယ်။…
ကလေးက ဂစ်တာရတာနဲ့ ပျော်ရွှင်စွာတီးတော့ပဲ။ကျွန်တော်ချက်ချင်းသိလိုက်တယ်။ကလေးက ဂစ်တာမတီးတက်ဘူး။ ကော့ဒ်တောင်မကိုင်တက်ဘူး။ဒါပေမယ့်ဖျားသွားတယ်၊ သူတီးတာ အရမ်းနားထောင်လို့ ကောင်းတယ်။ ဟာမိုနီဖြစ်တယ်။..
သူ့ကိုင်တဲ့ လက်ကွက်တွေက စိတ်ထင်တာတွေလျှောက်နှိပ်နေတာ။ဒါပေမယ့် ထွက်လာတဲ့အသံတွေက သာယာနာပျော်ဖွယ်ဖြစ်တယ်။စိတ်ကတွေးနေတုန်းအစ်ကို ၅၀၀၀ ပေးခဲ့မယ်နော်။နောက်နေ့မှ ကျန်တဲ့ပိုက်ဆံတွေ ရသလောက်လာသွင်းပေးမယ်။…
ဟုတ်ကဲ့၊ ပေးခဲ့ပါဆိုတော့…အမေဖြစ်သူက ပျော်ရွှင်သွားတာကို ဖုံးမရ ဖိမရနဲ့…ဂစ်တာကို တစ်ခါတည်းယူသွားလိုက်ပါဗျာ။ ကျန်တဲ့ပိုက်ဆံလဲ လာမပေးနဲ့တော့၊ ၅၀၀၀ နဲ့ရောင်းလိုက်တယ်ပဲထားလိုက်ပါ။…
အမေဖြစ်သူက လက်အုပ်ချီတယ်။ကိုယ့်မှာ မနည်းပြန်တောင်းပန်နေရတယ်။ကလေးက ဂစ်တာရလို့ခုန်ပေါက်နေတာ ခင်ဗျားတို့ကို မြင်စေချင်တယ်ဗျာ။ကျွန်တော်က August Rush ရုပ်ရှင်ကားလေးက ချာတိတ်လေးတောင်ပြေးပြီး သတိရမိတယ်ဗျာ။…
အမေဖြစ်သူက လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ကြေမွနေတဲ့ ပိုက်ဆံတွေကို ညီညာအောင်လုပ်ပြီး ကျွန်တော့်ကိုပေးတယ်။ဒီသားအမိရဲ့ ပိုက်ဆံကို ကျွန်တော်မယူချင်ပါဘူး။😔😔ဒါပေမယ့် ကျွန်တော်ယူလိုက်တယ်။သူတို့ရဲ့စိတ်ထဲမှာဂစ်တာကို ဝယ်တယ်လို့ပဲ စိတ်ခံစားစေချင်တယ်။…
အမေဖြစ်သူကိုလဲ လေးစားမိတယ်။သူတို့အတွက် ဒီပိုက်ဆံ ၅၀၀၀ ဟာ သိပ်တန်ဖိုးရှိမှန်းလဲသိပါတယ်။အလကားဆိုတဲ့ဟာကို သူတို့ကို မခံစားစေချင်ဘူး။အလကားဆိုရင် လူတွေက တန်ဖိုးမထားတက်ကြဘူးလေ။Source-Linnmoe…
(မှတ်ချက်-လူမူကွန်ယက်မှာ ပြည်သူတဦးရေးသားထားသည်ကိုလေးစားစွာဖြင့် ပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်)