ၾကားသိရသမွ်

ပြည်သူတွေကို အရေးပေါ် သတိပေးလာ တဲ့ သရုပ်ဆောင် မင်းမော်ကွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ဟာဆိုရင်တော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့ထပ်တူ ပြတ်ပြတ်

သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါအပြင် ခိုင်မာတဲ့စိတ်ထားကြောင့် အာဏာရှင်ကို

တွန်းလှန်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိတာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ပတ်သတ်လို့ စိတ်ဓာတ်ပြတ်သားတဲ့ မင်းမော်ကွန်း ဟာ သွေးမအေးကြဖို့ ပြည်သူတွေကိုအမြဲတမ်း တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။

အခုလိုအခြေအနေမျိုးမှာ ပြည်သူအချင်းချင်း သွေးမကွဲကြဖို့ ထပ်မံတိုက်တွန်း သတိပေးလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သတ်ပြီး အပြစ်မဲ့တဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။

ဒါအပြင် ပြည်သူတွေအချင်းချင်းကို သွေးကွဲအောင်ဖန်တီးနေကြတဲ့ လူတစ်စုကြောင့် စည်းလုံးမှု့မပြိုကွဲကြစေဖို့ အခုလိုပဲရေးသားထားပါတယ်။

” သွေးကွဲရင်တော့ခွေးဆွဲလိမ့်မယ် သူတို့ရဲ့လက်နက်အကြီးဆုံးဟာ လေယာဉ်တွေမဟုတ်ဘူး သွေးကွဲအောင်လုပ်တာဖြစ်ပါတယ် သတိ

ကြီးကြီးထားကြပါ ချစ်စွာသော ရဲဘော်ရဲဘက်အပေါင်းတို့ ” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။

မင်းမော်ကွန်း ဟာ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့အပြင် အမှန်တရားအတွက် ကျရာတာဝန်ကို ထမ်းဆောင်နေတာကြောင့် လူတစ်စုရဲ့ ကောလဟာလဖန်တီးချက်တွေနဲ့ သတင်းအမှားတွေထွက်ပေါ်လာတတ်ပါသေးတယ်။

ပရိသတ်ကြီးရေ … သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ကတော့ ပြည်သူအချင်းချင်း သွေးမကွဲကြစေဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။