အရမ်းအဖြစ်များပြီး ကြောက်စရာကောင်းတဲ့ ကင်ဆာဖြစ်စေတတ်သည့်အကြောင်းရင်းများ (မဖြစ်ခင် ရှောင်ရှားနိုင်အောင်ပါ။)
မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်ပွားဆုံး (၁၀)နိုင်ငံတွင် ပါဝင်လျှက် ရှိသည်။ မိသားစုတစုထဲတွင် ကင်ဆာဝေဒနာရှင် (၃)ဦးထက်မနည်း တွေ့နေပြီ ဖြစ်ပါသည်။
“ကင်ဆာကြောက်ရင်_ပလတ်စတစ်နဲ့ဖော့ဗူးရှောင်”

ပလပ်စတစ်တွင် ပါဝင်သော ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နှင့် ဒိုင်အောက်ဇင်းဓါတ်များသည် ပူသောအစားအစာ ဆီပါဝင်သော အစားအစာနှင့် ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့် ထည့်၍ သိုလှောင်ထားပါက အစားအသောက်ထဲသို့ ဓါတ်ပြုပျော်ဝင်၍ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းနှင့် မျိုးပွားမှုကို ထိခိုက်ခြင်းတို့ကို ဖြစ်စေပါသည်။
(သားသမီး မရသော စုံတွဲများ သတိချပ်ကြပါ။) မွေးကာစ ကလေးများကို ပလတ်စတစ်နို့ဗူးဖြင့် နို့မှုန့်တိုက်ခြင်းကို လုံးဝ ရှောင်ကြဉ်သင့်သည်။ မိခင်နို့ကို တိုက်ကျွေးခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။
စတီးချိုင့်’ ဖန်ဗူး’ အင်ဖက်’ စက္ကူတို့ဖြင့် ပြောင်းလဲ ထုတ်ပိုးကြပါစို့။

မယ်လမင်း ပန်းကန်ပြားသည်လည်း အပူနှင့်ထိတွေ့လျှင် ကျောက်ကပ်ပျက်စီးေ ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေ၍ ကြွေပန်းကန်’ စတီးပန်းကန်များ ပြောင်းလဲအသုံးပြုပါ။
“ကလေးတွေရှောင်ရမည့်_လေဖောင်းမုန့်များ”

တံဆိပ်အမျိုးမျိုးဖြင့် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချနေသည့် လေဖောင်းမုန့်များ (အာလူးကြော်/ချောင်း’ ဘယာကြော်/ချောင်း’ ကြက်သွန်ကြော်’ ငါးမုန့်ကြော်’ စနက်ခ် Snack များ) စသည်တို့သည် ကြော်ပြီးသားဆီများကို မစွန့်ပစ်ပဲ အကြိမ် (၅၀)ထက် မနည်း ပြန်ကြော်နေသည်ကို တောင်ဒဂုံစက်မှုဇုံရှိ စက်ရုံတရုံတွင် စစ်ဆေးတွေ့ရှိရသည်။
ထိုဆီများ၏ အရောင်သည် ကတ္တရာစေးလို မဲနက်နေသည်။ ထိုအကြော်များကို မအေးမီ ပလတ်စတစ် ပါကင်ထဲသို့ ထည့်၍ ပလတ်စတစ်မှ ကင်ဆာဖြစ်စေတတ်သော ဓါတ်သတ္ထုများ ထိုအကြော်ထဲသို့ ဝင်ရောက်သည့်အပြင် ကြောက်စရာ ကောင်းလှသော ပြန်ကြော်ဆီ အနက်ရောင်များသည်လည်း အသည်းကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်စေ၍ ထိုလေဖောင်းမုန့်များကို လုံးဝမစားသင့်ပေ။
ပြည်ပနိုင်ငံမှ လာသော ပီကေများတွင်လည်း သကြားတု’ တားမြစ်ဆိုးဆေး’ ပလတ်စတစ်’ ရာဘာများနှင့် ပြုလုပ်ပြီး ပီကေအချို့တွင် ကင်ဆာဖြစ်စေသော တိုက်တေနီယမ်ဓါတ် ပါဝင်ခြင်းကြောင့် လုံးဝမစားသင့်ပေ။
“ပြန်ကြော်ဆီနှင့်_ကင်ဆာအန္တရာယ်”

ရေမြောင်းဆီခေါ် ပြန်ကြော်ဆီများသည် တရုတ်နိုင်ငံမူဆယ် ၁၀၅မိုင် လမ်းကြောင်းမှ ဝင်ရောက်လာသလို ထိုင်းနိုင်ငံ ရနောင်းကော့သောင်း’ မြဝတီ နယ်စပ်မှလည်း ဝင်ရောက်လာကာ ဓါတုဆေးများဖြင့် အရောင်ချွတ်’ ပဲဆီအနံ့ ထည့်ကာ ဆီစျေးကွက်တွင် ပဲဆီသန့်ဟု တံဆိပ်ကပ်၍၎င်း’ တံဆိပ်မကပ်ပဲ အလွတ်ရောင်းချ၍၎င်း ’ ကျပ် ၂၅၀၀’ ၃၀၀၀ ကျပ် ပတ်ဝန်းကျင်ဖြင့် ရောင်းချသည်။
လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာ (၁၀) ဆိုင်ကို စစ်ဆေးရာတွင် (၁၀) လုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ’ အီကြာကွေး’ များကို ကြော်နေသဖြင့် ၎င်းတို့ကို စားသုံးမိပါက ပန်ကရိယကင်ဆာ’ အသံအိုးကင်ဆာ’ အစာအိမ်လမ်းကြောင်း ကင်ဆာ’ အူမကြီးကင်ဆာ အမျိုးမျိုးကို ဖြစ်စေသည်။

“အချိုမှုန့်နှင့် ကြက်သားမှုန့်များ”
*ကြက်သားမှုန့်’ အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသ
ည် ဦးဏှောက်နှင့် အာရုံကြော ထိခိုက်စေ၍ လေဖြတ် လေငန်းရောဂါ’ လေးဖက်နာရောဂါ’ နှလုံးရောဂါ’ ကျောက်ကပ်ချို့ယွင်း ပျက်စီးစေသောရောဂါ’ အရိုးပွ’ အရိုးပါး’ အရိုးကျွတ်ဆတ်သော ရောဂါ’ ဆီးချို’ သွေးချို’ သွေးတိုးရောဂါများကို ဖြစ်ပွားစေ၍ ရှောင်ကြဉ်သင့်ပါသည်။
၎င်းတို့အစား ငါးကို ကြက်သွန်အဖြူ အနီ ဂျင်း တို့ဖြင့် ငါးကို ပြုတ်ကာ ငါးရိုးထွင်၍ ဆီတစက်နှစ်စက် ထည့်ပြီး လှော်ပါ။ ထိုငါးအမှုန့်ကို ခြောက်နေအောင်လှော်ပြီး ဟင်းချက်သည့်အခါတိုင်း ထည့်သုံးပါ။ ရေခဲသေတ္တာထဲ ထားလျှင် ၃-ရက် ခန့် ခံပါသည်။ ငါးတွင် Omega-3 ဓါတ်အများဆုံးပါသည်။

“ခြင်ဆေးခွေအန္တရာယ်”
နှာခေါင်းကင်ဆာ’ အဆုတ်ကင်ဆာ’ အသက်ရှူလမ်းကြောင်း ကင်ဆာတို့ကို ဖြစ်ပွားစေသော ခြင်ဆေးခွေတွင် ဓာတု ပိုးသတ်ဆေးများထဲ၌ အပြင်းထန်ဆုံးဟု သတ်မှတ်ထားသော (S.2) ပိုးသတ်ဆေး’ လွှစာမှုန့်’ ဗိုင်ဒါကော်’ ဆိုးဆေးနှင့် ကင်ဆာဖြစ်စေတတ်သော ဖော်မယ်ဒီဟိုက်’ မီဖာဖလူသရင်း နှင့် ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။
၎င်းအပြင် အပြင်းထန်ဆုံး အဆိပ် တမျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှစ၍ ရိုးတွင်းချဉ်ဆီ အထိ အဆိပ် ဖြစ်စေသည်။ ခြင်ဆေးခွေတခွေ၏ အဆိပ်ဓါတ်သည် စီးကရက်အလိပ်ပေါင်း (၁၃၇)လိပ် မှထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့် ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။
အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိ လုံးဝမသုံးအပ်ပေ။ ခြင်ဆေးခွေအစား နနွှင်းမှုန့်နှင့် နနွှင်းတက်ကို အသုံးပြုပါ။

“အချိုရည်များနှင့်ဂျယ်လီများ”
အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး’ တာရှည်ခံဆေး’ သကြားထက် အဆ(၂၀၀) ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကဖိန်းဓါတ်များ ပါဝင်၍ ခံတွင်းကင်ဆာ’ ကျောက်ကပ်ကင်ဆာ’ ဆီးချိုရောဂါ’ အဝလွန်ရောဂါ’ အသည်းကင်ဆာ ရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်လီဗူးများတွင်လည်း တရုတ်မှလာသော ဂျယ်လီပေါင်ဒါ’ တာရှည်ခံဆေးအမျိုးမျိုး’ ပါဝင်၍ ကလေးများကို လုံးဝ မကျွေးသင့်ပါ။
“ကော်ဖီမစ်စ်များ_Coffee mix”
ကဖိန်း’ ကော်ဖီအနံ့’ အချို့ကော်ဖီမစ်စ်များတွင် ထန်းလျှက်ဂျိုးများ ပါဝင်ပါသည်။ ထန်းလျက်ဂျိုးမှာ ရံဖန်ရံခါ သောက်သုံးလျှင် ပြဿနာမရှိသော်လည်း ရေရှည် နေ့စဉ် သောက်သုံးလျှင် ကင်ဆာဖြစ်စေ၍ မသောက်သုံးသင့်ပါ။

ထို့ပြင် ကော်ဖီမစ်စ်တွင် ပါဝင်သော (Creamer) မှာ နို့ဆီအရသာ မျိုးခံစားနိုင်ရန် ရေမှာ (Milk Fat) က အလွယ်တကူ မပျော်ဝင်နိုင်၍ ပျော်ဝင်နိုင်သော အဆီ (Hydro generated vegetable fat) နှင့် အစားထိုးထားခြင်းဖြစ် သည်။
ကော်ဖီမစ်စ်များကို ရေရှည်သောက်သုံးပါက ဆီးချိုရောဂါ’ သွေးတိုးရောဂါ’ ကျောက်ကပ်ပျက်စီးခြင်း’ နှလုံးသွေးတိုးရောဂါ’ စိတ်ကျရောဂါ’ ရင်သားကင်ဆာ’ ဆီးအိမ်ကင်ဆာ’ ဆီးကြိတ်ကင်ဆာ’ ပန်ကရိယကင်ဆာ’ အမျိုးသမီးများ ပဋိသန္ဓေ မတည်နိုင်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေ၍ လုံးဝမ သောက်သုံးသင့်ပါ။
သဘာဝ ကော်ဖီစေ့ဖြင့် ပြုလုပ်ထားသော ကော်ဖီမှုန့်စစ်စစ်’ သကြား’ နို့ စသည်တို့ဖြင့် ကိုယ်တိုင် ပြုလုပ်သော ကော်ဖီကိုသာ သောက်သုံးသင့်ပါသည်။
“ရောင်စုံဆိုးဆေးများနှင့်_အစားအသောက်များ”
*တားမြစ်အန္တာရယ်ရှိ ဆိုးဆေးများအသုံးပြုထားသော မျှစ်နီမျှစ်ဝါ’ ပုဇွန်ချဉ်နီနီ’ အဝါရောင် ဆိုးထားသော ငါးပုဏ္ဏား’ ငါးမြွေထိုး’ ရွှေငါး’ ကြက်သား’ အရောင်ဆိုးထားသော ငရုတ်သီးမှုန့်’ အရောင်တင်မှုန့်’ နနွှင်းမှုန့်’ ပုဇွန်ခြောက်’ လက်ဖက်’ လက်ဖက်ခြောက်’ ငပိ’ ပဲနီလေး’ ပဲဝါလေး’ မက်မန်းသီး’ ဆီးထုတ်’ ဒံပေါက်ဆိုးဆေး စသည်တို့သည် အသည်းရောဂါများ’ အစာအိမ်ရောဂါများနှင့် အစာအိမ်ကင်ဆာ’ အခြား ကင်ဆာရောဂါများလည်း ဖြစ်စေတတ်သောကြောင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

“အကင်များနှင့်_ကင်ဆာရောဂါ”
ပြည်ပနိုင်ငံမှ တင်သွင်းလာတဲ့ တုတ်ထိုး အကင်တွေမှာ သုံးထားတဲ့ တာရှည်ခံဆေးကလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်ပြီး ဒီအသားကင်တွေကို (Freezer) တွေ အအေးခန်းတွေမှာ သိုလှောင်ထားတဲ့ အတွက်လည်း အောက်စီဂျင် ဓါတ်တိုးမှု (Oxidation) ဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် မသန့်တဲ့ ပြန်ကြော်ဆီ တွေနဲ့ ကြော်တဲ့အတွက် ကင်ဆာ ဖြစ်စေနိုင်ပြန်ရော။ ဒါကြောင့် အကင်များကို လုံးဝ လုံးဝ ရှောင်သင့်ပါတယ်။
“သတိထားသင့်သော_အသီးအနှံများ”
*ဓါတုဟော်မုန်းဆေးများ အသုံးပြုထား၍ အဆမတန် ကြီးထွားနေသော မုံလာဥ အဖြူများ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ’ ပိုးသတ်ဆေးအပြင်းစား သုံးထားသည့် ဂေါ်ဖီထုတ်’ ကိုက်လန်’ မုန်ညင်းရွက်’ ပန်းမုံလာထုပ်’ မုံညင်းထုတ်များ’ ဆေးစိမ်ဆေးဖျန်း၍ မှည့်နေသော သရက်သီး’ သင်္ဘောသီး’ လိမ္မော်သီး’ ပန်းသီး’ ငှက်ပျော်သီးစသည်တို့သည် ကင်ဆာဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
Organic ဟု ခေါ်သော ပိုးသတ်ဆေး မသုံးပဲ သဘာဝအတိုင်း ပေါက်သည့် သစ်ဥသစ်ဖု သစ်သီးဝလံများ မိမိခြံထွက် သရက်သီး ခရမ်းချဉ်သီး ရုံးပတီသီး ချဉ်ပေါင် ငရုတ်သီး စသည်များကိုသာ စားသုံးသင့်ပါသည်။

“ဖော်မလင်ခေါ်_ဖော်မယ်ဒီဟိုက်နှင့်ကင်ဆာအန္တရာယ်”
ယခုအခါ ပဲပြားများ’ ချက်နို့ဆီနှင့် မုန့်ဟင်းခါးဖတ်’ မုန့်တီ (နန်းကြီး) ဖတ်များကို တာရှည်ခံအောင် လူသေကောင်တွင် မပုတ်မသိုးအောင်အသုံးပြုသော ဖော်မလင်ကို အသုံးပြုနေကြပါသည်။ ၎င်းဖော်မလင်ခေါ် ဖော်မယ်ဒီဟိုက် အဆိပ်ဓါတ်သည် ကင်ဆာရောဂါ အမျိုးမျိုးကို ဆိုးရွားစွာ ဖြစ်ပေါ်စေ၍ လတ်ဆတ်သော လက်ညှစ်မုန့်ဖတ်များကိုသာ ရွေးချယ်စားသုံးကြပါ။
“သတိထားရမည့် ရေချိုငါးပိ_ငါးခြောက်နှင့် ငံပြာရည်”
အချို့ရေချို ငါးပိများတွင် ယူရီးယား(ပုလဲ) ဓါတ်မြေသြဇာ ထည့်သွင်း ထားကြောင်း သိရသဖြင့် ယူရီးယား (၃)ဂရမ်နှင့် အထက် စားမိပါက အော့အန်ခြင်း ‘ သတိလစ်မေ့မျောခြင်း’ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။
ထို့အပြင် ငါးခြောက်များ လှန်းရာ တွင် ယင်မနား’ လောက်မတက်စေရန် တရုတ်နိုင်ငံမှ လာသော (90%) ယင်ဆေးခဲခေါ် (Tri Chlorophon) ပိုးသတ်ဆေး အသုံးပြုကြောင်း သိရှိရ၍ စားသုံးမိပါက လေဖြတ်လေငန်းရောဂါ’ အာရုံကြော နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေသည်။

“ကင်ဆာဖြစ်စေသော_ဝါးတူ”
တစ်ခါသုံး ဝါးတူတွင် သာမန် မျက်စေ့ဖြင့် မမြင်ရသော အသည်းကင်ဆာ ဖြစ်စေသည့် မှိုများပေါက်ဖွားလေ့ရှိသဖြင့် လုံးဝ မသုံးသင့်ပါ။ သန့်ရှင်းသောဇွန်း’ ခရင်းကို အသုံးပြုပါ။
တရုတ်နိုင်ငံ ယူနမ်နယ်မှ တင်သွင်းသော တစ်ခါသုံး ဝါးတူများတွင်လည်း မှိုမတက်စေရန် ကန့်ငွေ့ (Sulphur Dioxide) နှင့် (၄၈) နာရီ ပေါင်းခံပြီး ရေနံဖယောင်းနဲ့ အရောင်တင်တဲ့အခါ ကင်ဆာဖြစ်တဲ့ (Hydro Carbon) တစ်မျိုး ပါလာပါတယ်။
ပြီးမှ ပိုဖြူသွားအောင် (Hydrogen Peroxide) ဆေးရည်နှင့် ပြုတ်ပါတယ်။ အဲဒီအထဲမှာ (Sodium Pyro Phosphate) တွေပါ ထည့်ပြုတ်တယ်။ ဒါကြောင့် ဝါးတူများကို လုံးဝ အသုံးမပြုကြပါနဲ့။”
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာဝေးကွာကြပါ စေ။ ကင်ဆာရောဂါ ဝေဒနာဆိုးများမှ ၎င်း အခြားရောဂါ ဝေဒနာဆိုးများမှ၎င်း လုံးဝလုံးဝ ကင်းစင်ကြပါစေရှင်။
ချစ်ခင်လေးစားစွာဖြင့်
Credit : မစန္ဒီသင်းမာဦး



