ၾကားသိရသမွ်


ပိုက်ဆံနဲ့ မက်လုံးပေးပြီး အိမ်ဆိုင်လေးတွေကို လိုက်လိမ်နေတဲ့အဖွဲ့… သာကေတမြို့နယ်(သို့) ရန်ကုန်က အိမ်ဆိုင်လေးတွေ ညီမတို့လိုမခံရအောင် ပို့စ်တင်ပေးလိုက်ပါတယ်။

Romantic May နာမည်နဲ့ဆိုင်ကို ပစ္စည်းလာစပ်ပါတယ်‌။ ပစ္စည်း အနည်းဆုံး ၁သိန်းဖိုးဝယ်ရမယ်။ အဲဒါဆို သူတို့ဘက်က မှန်ဘီဒိုနဲ့ ဆိုင်းဘုတ်လာတပ်ပေးမည်ဖြစ်ကြောင်း။

သုံးလေးသိန်းဖိုးဝယ်ပါက လစဉ်ဆိုင်မှာသူတို့ပစ္စည်း ကြော်ငြာပေးခ ပြန်ရမည်ဖြစ်ကြောင်းပြောပီး မက်လုံးပေးက ပစ္စည်းအတင်းထိုးရောင်းပါတယ်။

အိမ်ကအမေကလဲ အသက်ကြီးတော့ ပိုက်ဆံပေးမယ်ဆိုတာကိုမက်ပီး ဝယ်ချလိုက်ပါတယ်။သူတို့ကလဲ ဒီနေ့တစ်ရက်ပဲ အန်တီပိုက်ဆံရှင်းရမည်။

နောက်ရက်ဆိုတာနဲ့ သူတို့ကဆိုင်မှာ ပစ္စည်းတင်ပေးခ တစ်နှစ်စာ ၁၀သိန်းပြန်ပေးမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ရောင်းချသွားပါတယ်။

၂၁၆,၀၀၀ ဖိုး ပစ္စည်းလဲမပေးခဲ့ပါဘူး။ ပစ္စည်း ၇မျိုးထဲ ပါကင်ပိတ်ပီးထားခဲ့ပါတယ်။ အခုတော့ သူတို့ပေးခဲ့တယ်ဆိုတဲ့ရုံးချူပ်ဖုန်းဆိုတာလဲ စက်ပိတ်သွားပါပီ။ နောက်အိမ်ဆိုင်လေးတွေ အလိမ်မခံရအောင်တင်ပေးလိုက်ပါတယ်။

Crd…

zawgyi







Crd…