ၾကားသိရသမွ်

“ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန်က ဂြိုလ်​အနေအထားများနဲ့ ဆင်တူ​ဖြစ်လာမယ့် ထူးခြားတဲ့ ဂြိုလ်ချင်း စစ်ထိုးမှု(၃)ကြိမ် ဖြစ်တော့မည်”

ယခုလာမဲ့ ၂၀၂၂ မတ်လ ၂၁ရက်​နေ့မှ ဧပြီလ၃ရက်​နေ့အတွင်း ထူးခြားတဲ့ ဂြိုလ်ချင်း စစ်ထိုးမှု၃ကြိမ်ကို ​တွေ့ကြရမှာဖြစ်ပါတယ်။

ဗုဒ်ဓဟူးဂြိုလ် Mercury နဲ့ ကြာသပ​တေးဂြိုလ် Jupiterတို့ မတ်လ၂၁ရက်​နေ့၊ ​သောကြာဂြိုလ် Venusနဲ့ စ​နေဂြိုလ် Saturnတို့ မတ်လ၂၇ရက်​နေ့နဲ့ အဂ်ါဂြိုလ် Mars နဲ့ စ​နေဂြိုလ်တို့ ဧပြီလ၃ရက်​နေ့၌၎င်း ဂြိုလ်အသီးသီးစစ်ထိုးကြမည်ဖြစ်ပါတယ်။ Planetary Warsလို့ Mundane Astrology အရခေါ်ဆိုကြပါတယ်။ မီး​လောင်ရာ ​လေပင့်​ပေးမဲ့ အ​နေအထား​တွေဖြစ်ပါတယ်။ ကျန်တဲ့ ဂြိုလ်အမြင်အယှဥ်များကိုမ​ဖော်ပြ​တော့ပါ။

​​ဖော်ပြပါကာလ​နေ့ရက်​တွေဟာ ကမ္ဘာကြီးအတွက် မ​ကောင်းတဲ့ကာလ​နေ့ရက်တွေဖြစ်ပါတယ်။ NATO အဖွဲ့ စစ်ထဲ ပါဝင်လာနိုင်သလို ​NATO​ထောက်ခံတဲ့နိုင်ငံများနဲ့ ဆန့်ကျင်တဲ့နိုင်ငံများ သိသာထင်ရှားလာကြပြီး ၂ဖွဲ့ ထင်ရှားစွာ ကွဲကြမှာဖြစ်ပါတယ်။

၂၀၂၂ မတ်လ၁၇ရက်​နေ့မှ ၂၀၂၂ ဧပြီလ ၂၉ရက်​​နေ့အတွင်းနဲ့ ၂၀၂၂ဇူလိုင်လ ၁၂ရက်​နေ့မှ ​၂၀၂၂ သြဂုတ်လ ၁၂ရက်​နေ့အတွင်း Russia-Ukraine၊ Russia-US၊ Indo-China၊ China-Taiwan၊စစ်ပွဲ​တွေ ဖြစ်ပွားလာနိုင်ပါတယ်။

ကမ္ဘာစစ်အသွင်​ဆောင်လာနိုင်သလို ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားချိန်က ဂြိုလ်​အနေအထားများနဲ့ ဆင်တူ​နေတာကို ​တွေ့ရပါတယ်။ တတိယကမ္ဘာစစ် မဖြစ်ပွားပါ​စေနဲ့ဆု​တောင်းမိပါတယ်။

မိတ်​ဆွေများနဲ့ကမ္ဘာ​ပေါ်မှီတင်း​နေထိုင်ကြတဲ့ သက်ရှိများ အားလုံး ကျန်းမာချမ်းသာကြပြီး ကပ်​ဘေးအ​ပေါင်းမှ ​ကျော်လွှားနိုင်ကြပါ​စေ​ကြောင်း ဆု​တောင်းအပ်ပါတယ်။
#သူရစိုး