မန္တလေးသူတွေ ဖင်ကြား ညိုလို့..စိတ်မဆိုးတတ်မှ အပြည့်အစုံဖတ်ကြည့်နော်..
ရဘူးနော် . . . .ခ်ခ်ခ်( စာရေးတဲ့သူ ပေါက်ပေါက်ရှာရှာတွေးတတ်ပုံများ)
“ဖင်ကြားညို ပြဿ နာ”
1. ဒီရက်ပိုင်းက ပြဿ ဒါးလွတ်ပုံ မရဘူး။
ဘာစာရေးရေး နောက်ဆက်တွဲ ပြဿ နာလေးတွေနဲ့။
2. တရက်က ရေးမိတယ်…
‘မန္တလေးသူ ဖင်ကြားညို’… လို့။
အဲ့ဒါကိုဗျာ မန္တလေးသူ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး ရန်လုပ်တယ်… …
“ဦးသန်ရာ… မန္တလေးသူဖင်ကြားညိုလို့တော့ သိမ်းကြုံးမပြောသင့်ပါဘူးဗျာ”
“ဟာ… သိမ်းကြုံးမပြောမိပါဘူး၊ ကိုယ့်လူကိုယ် ပြောတာပါ”
“ခုမှ မုန်လာဥလာမလုပ်နေနဲ့”
“ကဲ ဒါဆို ငါမေးမယ်၊ ကြမ်းပြင်ပေါ် တင်ပြင်ခွေပြီး အကြာကြီးထိုင်ရင် ခြေမျက်စေ့တွေ ဘာဖြစ်တတ်လဲ ဖြေ”
“ညို မဲ လာတာပေါ့ဗျ”’
“အေး… နောက်တခုမေးမယ်၊ အကြောင်းကြောင်းကြောင့် ဒူး ခဏခဏထောက်ရတဲ့သူတွေရဲ့ ဒူးက ကြာလာရင် ဘာဖြစ်မလဲ”
“ဒူးကြီး ညိုမဲလာတာပေါ့ဗျ”
“ဟုတ်ပြီ… ထပ်မေးမယ်၊ တချို့မိန်းကလေးတွေ ခြေဖနောင့် အထက်နားမှာ ဘာလို့ မဲမဲအကွက်လေး ဖြစ်နေတာလဲ”
“သူ့ ကြိုးသိုင်းဖိနပ်က ကြိုးနဲ့ ပွတ်မိလို့ပေါ့ဗျ”
“မှန်တာပေါ့… ကဲ မြန်မာပြည်မှာ မန္တလေးက စက်ဘီး ဆိုင်ကယ် အများဆုံး စီးတယ်ဆိုရင် နင် ငြင်းမလား”
“မငြင်းဘူး”
“အာ့ဆို… စက်ဘီးထိုင်ခုံနဲ့ အမြဲပွတ်တိုက်နေတဲ့ ဒို့ မန်းသူမန်းသားတွေရဲ့ ဖင်ကြားမှ မညိုရင် ဘယ်သူညိုမလဲ ကဲ”
“ဟာဗျာ… မသိဘူးဗျာ… ဘယ်သူညိုညို ကျနော်မညိုဘူးဗျာ… ‘
“ညည်း သေချာလို့လား အေ့”
“သေချာတယ်ဗျာ… ခင်ဗျားကြီး လူယုတ်မာကြီး၊ အကုန်လျှောက်စဉ်းစာနေတာ၊ တောက်စ်… မမြင်ဖူးဘဲနဲ့ကို မှန်အောင် ပြောနိုင်တာ၊ ရှက်တယ် ရှက်တယ် ဟင့် ဟင့်”
အဲ့ကလေးမလည်း ဖင်ကြားညိုကိစ္စကြောင့် လောကီကို စိတ်ကုန်ပြီး သီလရှင် ဝတ်သွားရှာတယ်သာဓု သာဓု သာဓု
3. တရက်က ဘယ်ခြေထောက် အရမ်းကိုက်နေလို့ ရုံးလစ်ပြီး ထိုင်းမာဆတ်မှာ သွားအနှိပ်ခံတယ်။
ကိုယ့်နှိပ်ပေးတဲ့ မိန်းကလေးက ကိုယ့်ကို သိနေတယ်… ….
“ဦးက ဦးသန်၄ကို မလား”
“ငင်… ဘယ်လိုသိလဲ”
“သမီးနဲ့က ဖေ့စ်ဘုတ်မှာ ဖရန့်လေ”
“”အော်… အေး အေး…၊ ငါ ဒီကိုလာတယ်လို့တော့ ပို့စ်မတင်နဲ့နော်”
“ဘာလို့လဲ ဦးရဲ့”
“မိန်းမယူခါနီး သူနဲ့ပြသနာမတက်ချင်ဘူးအေ”
“ဟုတ်ကဲ့ပါ… ဦးတို့က ဘာလို့ခုထိ မယူသေးတာလဲ”
“သူက သူ့အနုပညာအလုပ်တွေနဲ့ ရှုပ်နေတာလေ၊ သူ အကယ်ဒမီမရခင် လက်မထပ်ချင်သေးဘူးဆိုလို့ စောင့်နေရတာ”
“အော်… ဦး ချစ်သူက ရုပ်ရှင်မင်းသမီးပေါ့”
“အေး……”
“ဘယ်သူလဲ ဟင်”
“နန်းခင်ဇေယျာ…”
“ဖွီးစ်စ်… အဟုတ်မှတ်လို့ နားထောင်နေတာ၊ အနောက်သန်တယ် ဦးက”
“ဟီး… ဟီး…”
“ဒါနဲ့ ဦးကို ကြုံလို့ မေးအုံးမယ်”
“မေး…”
“မန္တလေးသူတွေက ဘာလို့ ဖင်ကြားညိုတာလဲဟင်…”
အင်း… ဒီကိစ္စက မပြီးသေးပါလား ဒုက္ခပါပဲ
မတတ်နိုင်ဘူး ကိုယ်စမိတဲ့ဇာတ်လမ်း
အမေးရှိက အဖြေရှိရတော့မှာပေါ့
4. အဲ့ဒါနဲ့…
ဟိုနေ့က မယ်သီလရှင် ဝတ်သွားတဲ့ ကလေးမကို ရှင်းပြသလိုပဲ သူ့ကို ရှင်းပြလိုက်တယ်။
“… … အဲ့လို စက်ဘီး ဆိုင်ကယ် စီးတာများလို့ ညိုတာအေ့၊ မဟုတ်ပါဘူးငြင်းရင် ညာတာ”
“အင်း… အဲ… ဦးကလည်း ရှက်စရာကြီး”
“ရှက်စရာ မဟုတ်ပါဘူး၊ ဒါ သဘာဝပါ၊ ဒါနဲ့ ညည်းကရော ဘယ်မြို့ကလည်း”
“သမီးက လမ်းပဲလျှောက်တာ”
“ဘယ်မြို့ကလည်း မေးတာအေ့၊ ညည်းကို လမ်းလျှောက်သလား စက်ဘီးဆိုင်ကယ် စီးသလား မေးနေတာမဟုတ်ဘူး”
“သမီးမြို့ကိုသိရင် သမီးစက်ဘီးဆိုင်ကယ် စီးတာ သိမှာပေါ့၊ အာ့ဆို ဦးက သမီးကို သမီးကို ဟိုဒင်းညိုတယ်လို့ တွေးနေမှာ..”
“ခက်ဖူးလား၊ ညည်းဟာက အန္တရာယ်ကို ကြိုမြင်လိုက်ပုံများ ဟိုပုံပြင်ထဲက သားဖွားမီးယပ် ဆရာဝန်ကြီးနဲ့ သူ့နပ်စ်မလေးလို ဖြစ်နေပြီ”
“ပြောပါအုံး… အဲ့ပုံပြင်…”
5. ဒါနဲ့ သူ့ကို ပုံပြင်ပြောပြရတယ်။
ကြားဖူးနားဝပါ ဘယ်သူက မူရင်းလဲတော့ မသိတော့ပါဘူး။
ဒီလို…
တခါက သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးတစ်ယောက် ရှိသတဲ့။
မွေးလူနာတွေ ကလေးမွေးပြီးရင် မိန်းမကိုယ် မွေးလမ်းကြောင်းကို ပြန်ချုပ်တဲ့အခါတိုင်း… ဆရာဝန်ကြီးက ထမကြည့်ဘဲနဲ့ သူ့နပ်စ်မလေးကို ခိုင်းသတဲ့… ..
“ဆရာမရေ… နံပတ် ၁ မွေးလူနာကို ၃ ချက် ချုပ်လိုက်ပါ”
“ဟုတ်ကဲ့ ဆရာ”
“ဆရာမရေ… နံပတ် ၂ မွေးလူနာကို ၂ ချက်ပဲ ချုပ်ပါ”
“ဟုတ်ကဲ့ ဆရာ”
“ဆရာမရေ… နံပတ် ၃ မွေးလူနာကိုတော့၆ ချက် ချုပ်ပါ”
“ဟုတ်ကဲ့ ဆရာ”
ဒါနဲ့ နပ်စ်မလေးက မေးတယ်… …
“ဆရာရယ်… မွေးလူနာကို ထတောင်မကြည့်ဘဲနဲ့ ဘယ်နှချက်ချုပ်ပါလို့ ဆရာကပြောတယ်၊ ပြောတဲ့အတိုင်း ကျမချုပ်လိုက်တာ ကွက်တိချည်းပါပဲ၊ ဘယ်နှချက်ချုပ် ရမယ်ဆိုတာကို ဆရာ ဘယ်လိုများ သိလဲဟင်…”
“လွယ်ပါတယ် ဆရာမရယ်… သူ့ပါးစပ်ကို ကြည့်ပြီးပြောတာပါ၊ တိုက်ရိုက်အချိုးတူတယ် ဆရာမရဲ့”
အဲ့လိုလည်း ပြောရော…
ဆရာမလေးခများ ရှက်ကိုးရှက်ကန်းနဲ့ နူတ်ခမ်းကိုချွန် ပါးစပ်ကိုစိပြီး ပြောသတဲ့… ….
“ဟွန့်… ချရာကရဲ… ဟုရဲဟုပဲနဲ့”
ဆရာမလေးက နူတ်ခမ်းထူထူကလေးနဲ့ ဆိုကိုး…
😃😃😃
6. “ဟီး… ဟီး… ဦးကလေ… တကယ်ပဲတော့်”
“ညည်းလည်း ကလေးမွေးရင် အဲ့ဆရာဝန်ဆီ မသွားနဲ့”
“အမလေး… ကလေးမွေးဖို့မပြောနဲ့ ရည်းစားတောင် မရှိသေးဘူး”
“ယုံပါဘူးအေ…”
“တကယ်ပြောတာ… ဦး တပည့်တွေထဲက ချောထောတော် ရှိရင် စပ်ပေးအုံး”
“ဘာလဲဟ… ချောထောတော်ကြီးက”
“ဦးကလည်း ပိန်းလိုက်တာ၊ ရုပ်ချော ငွေထော ပညာတော် တဲ့လူလေ”
“အော်… အဲ့လို ချောထောတော်တော့ မရှိဘူး… မာ၊ ကြီး၊ ရှည် တွေတော့ ရှိတယ် ယူမလား”
“ဟင့်… ကြောက်စရာကြီး မယူုချင်ပါဘူး”
“ဟဲ့… လိမ်မာ သဘောထားကြီး စိတ်ရှည်တဲ့လူကို ပြောတာ”
“ဟွင်းး… အာ့ဆိုရင်တော့ ယူမယ် စပ်ပေး”
ဒါနဲ့…
အလုပ်ထဲက အင်ဂျင်နီယာပေါက်စတွေရဲ့ ဖုန်းနံပတ်တွေ တန်းစီပြီး ပေးထားခဲ့တယ်၊၊
ကုသိုလ်ရပါတယ်လေ…. အောင်သွယ်လုပ်ရတာ။
ဟုတ်ဘူးလား။
7. ပြန်မယ်လုပ်တော့မှ ကလေးမက မေးတယ်… ….
“ဦးက နှံ့စပ်တဲ့သူဆိုတော့ အကြံပေးခဲ့အုံး”
“အင်း… ပြော ဘာလဲ”
“ဟိုလေ… ဟွာလေ… ညိုတဲ့ဟာလေ အာ့လေ ပြန်ဖြူအောင် ဘာလုပ်ရမလဲငင်…”
“L’OREAL က Day cream, night cream လိမ်းပေါ့အေ့၊ ဖြူပြီး ညက်လာလိမ့်မယ်”
“ဟွန့်… တခြားမြန်မြန်ဖြူတဲ့နည်း မရှိဘူးလား”
“အာ့ဆိုလည်း ဖင်ကို ပေါင်းတင်အေ…”
“ငင်… ဘယ်ဆိုင်က တင်ပေးမှာလဲ ဦးရယ်”
“ဈေးပိုပေးပြီး ညှိကြည့်ပေါ့ ရမှာပါ”
“ရတယ်ပဲထား… စဉ်းစားကြည့်မိတယ်၊ ထိုင်ခုံပေါ်တက် ဖင်ဗူးတောင်းထောင်ထားတာကို ပေါင်းတင်တဲ့ အုပ်ဆောင်းကြီးနဲ့ အုပ်၊ ညောင်းကညောင်း ပူကပူ၊ လူမြင်လို့လည်း မကောင်း၊ အမလေး တော်ပြီတော်ပြီ ဖင်မဲလို့ ကြိုက်မယ့်သူမရှိလည်း အပျိုကြီးပဲ လုပ်တော့မယ်”
“ဟား… ဟား… သွားပြီအေ၊ ငါ ဖင်ပေါင်းတင်တဲ့ဆိုင်ဖွင့်ရင် လာ အားပေးအုံး”
“ဟွန့်…”
#သန်၄ကို – #ပေါက်ကရ၄၀
Zawgyi
မႏၲေလးသူေတြ ဖင္ၾကား ညိဳလို႔..စိတ္မဆိုးတတ္မွ အျပည့္အစံုဖတ္ၾကည့္ေနာ္..
ရဘူးေနာ္ . . . .ခ္ခ္ခ္( စာေရးတဲ႔သူ ေပါက္ေပါက္ရွာရွာေတြးတတ္ပံုမ်ား)
“ဖင္ၾကားညိဳ ျပႆ နာ”
1. ဒီရက္ပိုင္းက ျပႆ ဒါးလြတ္ပံု မရဘူး။
ဘာစာေရးေရး ေနာက္ဆက္တြဲ ျပႆ နာေလးေတြနဲ႔။
2. တရက္က ေရးမိတယ္…
‘မႏၱေလးသူ ဖင္ၾကားညိဳ’… လို႔။
အ့ဲဒါကိုဗ်ာ မႏၱေလးသူ သူငယ္ခ်င္းတစ္ေယာက္က ဖုန္းဆက္ၿပီး ရန္လုပ္တယ္… …
“ဦးသန္ရာ… မႏၱေလးသူဖင္ၾကားညိဳလို႔ေတာ့ သိမ္းၾကံဳးမေျပာသင့္ပါဘူးဗ်ာ”
“ဟာ… သိမ္းၾကံဳးမေျပာမိပါဘူး၊ ကိုယ့္လူကိုယ္ ေျပာတာပါ”
“ခုမွ မုန္လာဥလာမလုပ္ေနနဲ႔”
“ကဲ ဒါဆို ငါေမးမယ္၊ ၾကမ္းျပင္ေပၚ တင္ျပင္ေခြၿပီး အၾကာႀကီးထိုင္ရင္ ေျခမ်က္ေစ့ေတြ ဘာျဖစ္တတ္လဲ ေျဖ”
“ညိဳ မဲ လာတာေပါ့ဗ်”’
“ေအး… ေနာက္တခုေမးမယ္၊ အေၾကာင္းေၾကာင္းေၾကာင့္ ဒူး ခဏခဏေထာက္ရတ့ဲသူေတြရဲ႕ ဒူးက ၾကာလာရင္ ဘာျဖစ္မလဲ”
“ဒူးႀကီး ညိဳမဲလာတာေပါ့ဗ်”
“ဟုတ္ၿပီ… ထပ္ေမးမယ္၊ တခ်ိဳ႕မိန္းကေလးေတြ ေျခဖေနာင့္ အထက္နားမွာ ဘာလို႔ မဲမဲအကြက္ေလး ျဖစ္ေနတာလဲ”
“သူ႔ ႀကိဳးသိုင္းဖိနပ္က ႀကိဳးနဲ႔ ပြတ္မိလို႔ေပါ့ဗ်”
“မွန္တာေပါ့… ကဲ ျမန္မာျပည္မွာ မႏၱေလးက စက္ဘီး ဆိုင္ကယ္ အမ်ားဆံုး စီးတယ္ဆိုရင္ နင္ ျငင္းမလား”
“မျငင္းဘူး”
“အာ့ဆို… စက္ဘီးထိုင္ခံုနဲ႔ အျမဲပြတ္တိုက္ေနတ့ဲ ဒို႔ မန္းသူမန္းသားေတြရဲ႕ ဖင္ၾကားမွ မညိဳရင္ ဘယ္သူညိဳမလဲ ကဲ”
“ဟာဗ်ာ… မသိဘူးဗ်ာ… ဘယ္သူညိဳညိဳ က်ေနာ္မညိဳဘူးဗ်ာ… ‘
“ညည္း ေသခ်ာလို႔လား ေအ့”
“ေသခ်ာတယ္ဗ်ာ… ခင္ဗ်ားႀကီး လူယုတ္မာႀကီး၊ အကုန္ေလွ်ာက္စဥ္းစာေနတာ၊ ေတာက္စ္… မျမင္ဖူးဘဲနဲ႔ကို မွန္ေအာင္ ေျပာႏိုင္တာ၊ ႐ွက္တယ္ ႐ွက္တယ္ ဟင့္ ဟင့္”
အ့ဲကေလးမလည္း ဖင္ၾကားညိဳကိစၥေၾကာင့္ ေလာကီကို စိတ္ကုန္ၿပီး သီလ႐ွင္ ဝတ္သြား႐ွာတယ္သာဓု သာဓု သာဓု
3. တရက္က ဘယ္ေျခေထာက္ အရမ္းကိုက္ေနလို႔ ရံုးလစ္ၿပီး ထိုင္းမာဆတ္မွာ သြားအႏိွပ္ခံတယ္။
ကိုယ့္ႏွိပ္ေပးတ့ဲ မိန္းကေလးက ကိုယ့္ကို သိေနတယ္… ….
“ဦးက ဦးသန္၄ကို မလား”
“ငင္… ဘယ္လိုသိလဲ”
“သမီးနဲ႔က ေဖ့စ္ဘုတ္မွာ ဖရန္႔ေလ”
“”ေအာ္… ေအး ေအး…၊ ငါ ဒီကိုလာတယ္လို႔ေတာ့ ပို႔စ္မတင္နဲ႔ေနာ္”
“ဘာလို႔လဲ ဦးရဲ႕”
“မိန္းမယူခါနီး သူနဲ႔ျပသနာမတက္ခ်င္ဘူးေအ”
“ဟုတ္က့ဲပါ… ဦးတို႔က ဘာလို႔ခုထိ မယူေသးတာလဲ”
“သူက သူ႔အႏုပညာအလုပ္ေတြနဲ႔ ႐ႈပ္ေနတာေလ၊ သူ အကယ္ဒမီမရခင္ လက္မထပ္ခ်င္ေသးဘူးဆိုလို႔ ေစာင့္ေနရတာ”
“ေအာ္… ဦး ခ်စ္သူက ႐ုပ္႐ွင္မင္းသမီးေပါ့”
“ေအး……”
“ဘယ္သူလဲ ဟင္”
“နန္းခင္ေဇယ်ာ…”
“ဖီြးစ္စ္… အဟုတ္မွတ္လို႔ နားေထာင္ေနတာ၊ အေနာက္သန္တယ္ ဦးက”
“ဟီး… ဟီး…”
“ဒါနဲ႔ ဦးကို ၾကံဳလို႔ ေမးအံုးမယ္”
“ေမး…”
“မႏၱေလးသူေတြက ဘာလို႔ ဖင္ၾကားညိဳတာလဲဟင္…”
အင္း… ဒီကိစၥက မၿပီးေသးပါလား ဒုကၡပါပဲ
မတတ္ႏိုင္ဘူး ကိုယ္စမိတ့ဲဇာတ္လမ္း
အေမးရိွက အေျဖရိွရေတာ့မွာေပါ့
4. အ့ဲဒါနဲ႔…
ဟိုေန႔က မယ္သီလ႐ွင္ ဝတ္သြားတ့ဲ ကေလးမကို ႐ွင္းျပသလိုပဲ သူ႔ကို ႐ွင္းျပလိုက္တယ္။
“… … အ့ဲလို စက္ဘီး ဆိုင္ကယ္ စီးတာမ်ားလို႔ ညိဳတာေအ့၊ မဟုတ္ပါဘူးျငင္းရင္ ညာတာ”
“အင္း… အဲ… ဦးကလည္း ႐ွက္စရာႀကီး”
“႐ွက္စရာ မဟုတ္ပါဘူး၊ ဒါ သဘာဝပါ၊ ဒါနဲ႔ ညည္းကေရာ ဘယ္ၿမိဳ႕ကလည္း”
“သမီးက လမ္းပဲေလွ်ာက္တာ”
“ဘယ္ၿမိဳ႕ကလည္း ေမးတာေအ့၊ ညည္းကို လမ္းေလွ်ာက္သလား စက္ဘီးဆိုင္ကယ္ စီးသလား ေမးေနတာမဟုတ္ဘူး”
“သမီးၿမိဳ႕ကိုသိရင္ သမီးစက္ဘီးဆိုင္ကယ္ စီးတာ သိမွာေပါ့၊ အာ့ဆို ဦးက သမီးကို သမီးကို ဟိုဒင္းညိဳတယ္လို႔ ေတြးေနမွာ..”
“ခက္ဖူးလား၊ ညည္းဟာက အႏၱရာယ္ကို ႀကိဳျမင္လိုက္ပံုမ်ား ဟိုပံုျပင္ထဲက သားဖြားမီးယပ္ ဆရာဝန္ႀကီးနဲ႔ သူ႔နပ္စ္မေလးလို ျဖစ္ေနၿပီ”
“ေျပာပါအံုး… အ့ဲပံုျပင္…”
5. ဒါနဲ႔ သူ႔ကို ပံုျပင္ေျပာျပရတယ္။
ၾကားဖူးနားဝပါ ဘယ္သူက မူရင္းလဲေတာ့ မသိေတာ့ပါဘူး။
ဒီလို…
တခါက သားဖြားမီးယပ္အထူးကု ဆရာဝန္ႀကီးတစ္ေယာက္ ရိွသတ့ဲ။
ေမြးလူနာေတြ ကေလးေမြးၿပီးရင္ မိန္းမကိုယ္ ေမြးလမ္းေၾကာင္းကို ျပန္ခ်ဳပ္တ့ဲအခါတိုင္း… ဆရာဝန္ႀကီးက ထမၾကည့္ဘဲနဲ႔ သူ႔နပ္စ္မေလးကို ခိုင္းသတ့ဲ… ..
“ဆရာမေရ… နံပတ္ ၁ ေမြးလူနာကို ၃ ခ်က္ ခ်ဳပ္လိုက္ပါ”
“ဟုတ္က့ဲ ဆရာ”
“ဆရာမေရ… နံပတ္ ၂ ေမြးလူနာကို ၂ ခ်က္ပဲ ခ်ဳပ္ပါ”
“ဟုတ္က့ဲ ဆရာ”
“ဆရာမေရ… နံပတ္ ၃ ေမြးလူနာကိုေတာ ့၆ ခ်က္ ခ်ဳပ္ပါ”
“ဟုတ္က့ဲ ဆရာ”
ဒါနဲ႔ နပ္စ္မေလးက ေမးတယ္… …
“ဆရာရယ္… ေမြးလူနာကို ထေတာင္မၾကည့္ဘဲနဲ႔ ဘယ္ႏွခ်က္ခ်ဳပ္ပါလို႔ ဆရာကေျပာတယ္၊ ေျပာတ့ဲအတိုင္း က်မခ်ဳပ္လိုက္တာ ကြက္တိခ်ည္းပါပဲ၊ ဘယ္နွခ်က္ခ်ဳပ္ ရမယ္ဆိုတာကို ဆရာ ဘယ္လိုမ်ား သိလဲဟင္…”
“လြယ္ပါတယ္ ဆရာမရယ္… သူ႔ပါးစပ္ကို ၾကည့္ၿပီးေျပာတာပါ၊ တိုက္႐ိုက္အခ်ိဳးတူတယ္ ဆရာမရဲ႕”
အ့ဲလိုလည္း ေျပာေရာ…
ဆရာမေလးခမ်ား ႐ွက္ကိုး႐ွက္ကန္းနဲ႔ ႏူတ္ခမ္းကိုခြၽန္ ပါးစပ္ကိုစိၿပီး ေျပာသတ့ဲ… ….
“ဟြန္႔… ခ်ရာကရဲ… ဟုရဲဟုပဲနဲ႔”
ဆရာမေလးက ႏူတ္ခမ္းထူထူကေလးနဲ႔ ဆိုကိုး…
😃😃😃
6. “ဟီး… ဟီး… ဦးကေလ… တကယ္ပဲေတာ့္”
“ညည္းလည္း ကေလးေမြးရင္ အ့ဲဆရာဝန္ဆီ မသြားနဲ႔”
“အမေလး… ကေလးေမြးဖို႔မေျပာနဲ႔ ရည္းစားေတာင္ မရိွေသးဘူး”
“ယံုပါဘူးေအ…”
“တကယ္ေျပာတာ… ဦး တပည့္ေတြထဲက ေခ်ာေထာေတာ္ ရိွရင္ စပ္ေပးအံုး”
“ဘာလဲဟ… ေခ်ာေထာေတာ္ႀကီးက”
“ဦးကလည္း ပိန္းလိုက္တာ၊ ႐ုပ္ေခ်ာ ေငြေထာ ပညာေတာ္ တ့ဲလူေလ”
“ေအာ္… အ့ဲလို ေခ်ာေထာေတာ္ေတာ့ မရိွဘူး… မာ၊ ႀကီး၊ ႐ွည္ ေတြေတာ့ ရိွတယ္ ယူမလား”
“ဟင့္… ေၾကာက္စရာႀကီး မယူုခ်င္ပါဘူး”
“ဟ့ဲ… လိမ္မာ သေဘာထားႀကီး စိတ္႐ွည္တ့ဲလူကို ေျပာတာ”
“ဟြင္းး… အာ့ဆိုရင္ေတာ့ ယူမယ္ စပ္ေပး”
ဒါနဲ႔…
အလုပ္ထဲက အင္ဂ်င္နီယာေပါက္စေတြရဲ႕ ဖုန္းနံပတ္ေတြ တန္းစီၿပီး ေပးထားခ့ဲတယ္၊၊
ကုသိုလ္ရပါတယ္ေလ…. ေအာင္သြယ္လုပ္ရတာ။
ဟုတ္ဘူးလား။
7. ျပန္မယ္လုပ္ေတာ့မွ ကေလးမက ေမးတယ္… ….
“ဦးက ႏွံ႔စပ္တ့ဲသူဆိုေတာ့ အၾကံေပးခ့ဲအံုး”
“အင္း… ေျပာ ဘာလဲ”
“ဟိုေလ… ဟြာေလ… ညိဳတ့ဲဟာေလ အာ့ေလ ျပန္ျဖဴေအာင္ ဘာလုပ္ရမလဲငင္…”
“L’OREAL က Day cream, night cream လိမ္းေပါ့ေအ့၊ ျဖဴၿပီး ညက္လာလိမ့္မယ္”
“ဟြန္႔… တျခားျမန္ျမန္ျဖဴတ့ဲနည္း မရိွဘူးလား”
“အာ့ဆိုလည္း ဖင္ကို ေပါင္းတင္ေအ…”
“ငင္… ဘယ္ဆိုင္က တင္ေပးမွာလဲ ဦးရယ္”
“ေစ်းပိုေပးၿပီး ညိွၾကည့္ေပါ့ ရမွာပါ”
“ရတယ္ပဲထား… စဥ္းစားၾကည့္မိတယ္၊ ထိုင္ခံုေပၚတက္ ဖင္ဗူးေတာင္းေထာင္ထားတာကို ေပါင္းတင္တ့ဲ အုပ္ေဆာင္းႀကီးနဲ႔ အုပ္၊ ေညာင္းကေညာင္း ပူကပူ၊ လူျမင္လို႔လည္း မေကာင္း၊ အမေလး ေတာ္ၿပီေတာ္ၿပီ ဖင္မဲလို႔ ႀကိဳက္မယ့္သူမရိွလည္း အပ်ိဳႀကီးပဲ လုပ္ေတာ့မယ္”
“ဟား… ဟား… သြားၿပီေအ၊ ငါ ဖင္ေပါင္းတင္တ့ဲဆိုင္ဖြင့္ရင္ လာ အားေပးအံုး”
“ဟြန္႔…”
#သန္၄ကို – #ေပါက္ကရ၄၀