ပြည်သူတွေဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌပြောပြီးနောက်နေ့ဒေါ်လာဈေးကျပ်၂၅၀၀ အထိတက်လာ
“စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး
ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက် ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများလာပြီး ဘဏ်လုပ်ငန်း စနစ်အပေါ်ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ပြီ” လို့
ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း က ဇူလိုင် ၁၈ ရက်နေ့တုန်းက နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။
ပြည်သူတွေ ဘဏ်အသုံးပြုမှု ပိုများလာကာ ဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းကပြောကြားလိုက်ပြန်ပါပြီ။
ယင်းကဲ့သို့ ဗဟိုဘဏ်ဥက္ကဌနဲ့ ပြည်တွင်းဘဏ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံအပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဈေးကွက်အတွင်း နိုင်ငံခြားငွေဈေး ထပ်မံ မြင့်တက်လာကာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထိ (အပိတ်ဈေး) မြင့်တက်လာပါတယ်။
ဘဏ်များအခက်အခဲ ကြုံတွေ့ရစဉ် Liquidity Support ဆောင်ရွက်ပေးခဲ့ခြင်း၊ လိုက်နာရမည့် သတ်မှတ်အချိုးများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးပေးတာတွေ လုပ်ခဲ့တယ်လို့လည်း ယင်းက ဆိုပါတယ်။
ဗဟိုဘဏ်ရဲ့ ပြောကြားမှုက မြေပြင်အခြေအနေနဲ့ ကင်းကွာနေပြီး ပြည်တွင်းမှာ နိုင်ငံရေး ဖြစ်စဉ်တွေအပြောင်အလဲမ ဖြစ်မိက ရှိခဲ့ ဘဏ်အပ်ငွေတွေတောင် အပြည့်အဝပြန်လည် မထုတ်ပေးနိုင်သေးဘဲ
ဘဏ်တွေက သတ်မှတ်ပေးထားတဲ့နှုန်းအတိုင်းပဲ ထုတ်နေတာကြောင့် ဘဏ်တွေပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဆိုတာ နေ့ခင်းဘက် မီးခွက်ထွန်းရှာ ရမယ်လို့ ပြည်သူတွေက ပြောဆိုနေကြတာပါ။
အဆိုပါ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဘဏ်များအတွက် လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသလို
ဘဏ်တွေအနေနဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။
ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံဘဏ်များအသင်း နာယက စီဘီဘဏ်ဥက္ကဌ ဦးခင်မောင်အေး ၊ မြန်မာနိုင်ငံ ဘဏ်များအသင်းမှဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ဒုတိယဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊
ယူအေဘီ ဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးနေအေး၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးအောင်ကျော်ငြိမ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးသန်းရီနှင့်
ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးတို့တက်ရောက်ခဲ့ကြပါတယ်။
crd
Zawgyi