ၾကားသိရသမွ်

တော်လှန်ရေးဗန်းပြပြီး အွန်လိုင်းပေါ်မှအကောင့်တုများဖြင့် အုပ်စုလိုက်လိမ်လည်မှုဖော်ထုတ်ခံရ

တော်လှန်ရေးဗန်းပြပြီး အွန်လိုင်းပေါ်မှအကောင့်တုများဖြင့် အုပ်စုလိုက်လိမ်လည်မှု
~~
🔺 MYANMAR SENTIMENT ၏မူရင်းရေးသားမှုကို ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။🔺

စစ်အာဏာရှင်ကို လက်နက်ကိုင်၍ တိုက်ခိုက်ရန် လေ့ကျင့်ရေး ဆင်းနေပုံများ၊ သေနတ်ကိုင်ထားသည့် ဓာတ်ပုံများ၊ ခက်ခက်ခဲခဲ စားသောက်နေရပုံများကို ဖော်ပြပြီး

အမှန်တကယ် တော်လှန်ရေးလုပ်နေသယောင် ဟန်ဆောင်ကာ အွန်လိုင်းပေါ်တွင် လိမ်လည်နေသည့် အဖွဲ့တစ်ခု ရှိနေသည်။

၎င်းတို့အဖွဲ့မှာ အကောင့်တုများအပါအဝင် နာမည်အမျိုးမျိုးပေးထားသည့် Page အတု စုစုပေါင်း ၁၀၀ နီးပါး ဖွင့်ထားပြီး ပီဒီအက်ဖ် တပ်ဖွဲ့ဝင် အမျိုးသားငယ်၊

အမျိုးသမီးငယ်များအပြင် ၎င်းတို့နှင့် သိရှိသည့် ဆရာဝန်အယောင်ဆောင် အကောင့်တုများနှင့် ချိတ်ဆက်ထားကြသလို အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး

အပြန်အလှန် ထောက်ခံပေးကြကာ အစစ်အမှန်သဖွယ် ဟန်ဆောင်ထားကြသည်။

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်မှု အရှိန်မြှင့်တင်ခဲ့သည့် ၂၀၂၁ ဧပြီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ မြေအောက်တော်လှန်ရေးအုပ်စုများ

အပြိုင်းအရိုင်း ပေါ်ပေါက်ခဲ့သည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြသူအများစုမှာ လူငယ်များ ဖြစ်သည့်အလျောက် ဆိုရှယ်မီဒီယာပေါ်တွင် ၎င်းတို့၏ လုပ်ဆောင်မှုများ

ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမှုများ ရှိလာခဲ့ပြီး လူအများ၏ အားပေးမှုကြောင့် နာမည်ကြီးလာသူများရှိသလို ထောက်ခံမှုများလည်း ရလာခဲ့ကြသည်။

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါ

ပြီ….. ကျေးဇူးတင်ပါတယ်…

W3Schools

နာမည်ကြီးသူများနှင့်အတူ အချို့မှာ ရုပ်ရည်အရအပြင် မျက်ရည်ချူသည့် ဇာတ်လမ်းများအသုံးပြုကာ အမျိုးသမီးငယ်များအကြား ရေပန်းစားသူများလည်း

အတိုင်းအတာတစ်ခုထိ ရှိခဲ့သည်ကို တွေ့ရသည်။ ထို့နောက် ၎င်းတို့၏ နာမည်၊ ရုပ်ပုံနှင့်စာများကို အသုံးပြုကာ အလှူငွေကောက်ယူမှုများနှင့် ထောက်ပံ့ပေးမှုများက

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာခဲ့သည်။

အွန်လိုင်းပေါ်တွင် လိမ်လည်နေသည့် အဖွဲ့များက ယင်းအချက်ကို အခွင့်ကောင်းယူကာ လိမ်လည်နည်း အသစ်တစ်ခုသဖွယ် အသုံးပြုလာခဲ့တော့သည်။ ယခု ဖော်ပြ

မည့် လူလိမ်အဖွဲ့တွင်လည်း ရုပ်ရည်သန့်ပြန့်သည့် အမျိုးသားလူငယ် အများအပြား၏ ဓာတ်ပုံများ အသုံးပြုထားသည်ကို တွေ့ရပြီး အမျိုးသမီးငယ်များအကြား

အလွန် ရေပန်းစားနေသည်ကို တွေ့ရသည်။ ထို့ပြင် ရုပ်ရည်ပြေပြစ်သည့် စစ်ဝတ်စုံဝတ် အမျိုးသမီးငယ်များလည်း ပါဝင်သေးသည်။

အဖွဲ့နာမည်မှာ Burma Army ဖြစ်သည်။ ယခုအဖွဲ့ကို ဦးဆောင်သည့်အုပ်စုမှာ အာဏာသိမ်းမှုဖြစ်ပြီးမှ ဖွဲ့စည်းလိုက်သည့် အဖွဲ့မဟုတ်ဘဲ ယခင်ကတည်းက အွန်လိုင်း

ပေါ်တွင် နည်းအမျိုးမျိုးဖြင့် လိမ်လည်နေသည့် အဖွဲ့ဖြစ်သည်ကို Myanmar Sentiment က တွေ့ရှိထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှ တော်လှန်ရေး

တပ်ဖွဲ့သဖွယ် အွန်လိုင်းပေါ်တွင် အသွင်ပြောင်း လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

လူလိမ်များ၏ Burma Army

အနည်းဆုံး လူဦးရေ ၃၀ ကျော်ရှိမည့် စစ်ဝတ်စုံဝတ် လူငယ်များပါဝင်သည့် အဖွဲ့လိုက် ဓာတ်ပုံကို Cover Photo တင်ထားသည့် Facebook Page တစ်ခုတွင် ရုပ်သံ

များ၊ ခေတ်မီသေနတ်ကိုင် လေ့ကျင့်နေသည့် ဓာတ်ပုံများကို ဝေဝေဆာဆာ တွေ့မြင်ရသည်။ လူငယ် အများစုမှာ အသားဖြူကြပြီး ရှမ်း၊ ကချင်နှင့် ကရင်မှ လူငယ်

များဟု ရုတ်တရက် ထင်စရာရှိသည်။ ထို့ပြင် ဓာတ်ပုံများ၏ နောက်ခံ မြေအနေအထားအရ တိုင်းရင်းသားပြည်နယ်တစ်ခုဟုလည်း ထင်ရမည်ဖြစ်သည်။

ဓာတ်ပုံများသာမက လေ့ကျင့်နေသည့် ဗွီဒီယိုရုပ်သံများလည်း တင်ထားသည့်အတွက် အဖွဲ့မှာ နယ်နယ်ရရ မဟုတ်ဟု ဆိုနိုင်ဦးမည်ဖြစ်သည်။ လိုဂိုနှင့် တံဆိပ်နှင့်

အလံနှင့် အတည်အခန့်ဖြစ်သည်။ ၎င်းတို့ကိုယ်ပိုင် Blogspot တစ်ခုပင်ရှိသေးသည်။ Cover Photo တွင်ပါသည့် စစ်သားတစ်ဦးချင်း၏ ကိုယ်ပိုင် Facebook အကော

င့်များတွင်လည်း အားပေးသူ အမျိုးသမီးငယ်များဖြင့် စည်ကားလေ့ရှိသည်။

အမျိုးသမီးငယ်များနည်းတူ တော်လှန်ရေးရဲဘော်များကို ထောက်ပံ့အားပေးလိုသူများကလည်း ယင်း Facebook အကောင့်များ၏ စစ်ဝတ်စုံဝတ်ထားသည့် ဓာတ်ပုံ

များအောက်တွင် အားပေးနေကြသလို ဂရုဏာသက်နေကြသည်ကိုလည်း တွေ့ရသည်။

ယင်း စစ်ဝတ်စုံဝတ် အမျိုးသားငယ်များ၏ တပ်ဖွဲ့ နာမည်မှာ Burma Army ဖြစ်ပြီး မြန်မာနိုင်ငံတွင်းတွင် အခြေမစိုက်ဘဲ တိဗက်၊ နီပေါနှင့် ဟိမဝန္တာဒေသတွင်

အခြေစိုက်သည်ဟု ရေးသားထားသည်။ ၎င်းတို့၏ ကွန်မင့်များအရ Burma Army မှ အချို့စစ်သားများမှာ ပါကစ္စတန်၊ ဗီယက်နမ်နိုင်ငံများတွင်ပင် စစ်သင်တန်း

တက်ရောက်နေသည်ဟုဆိုသည်။ မည်သည့်နေရာများတွင်ရှိသည်ဟု မသိရသေးသော်လည်း Burma Army ကို တောင်ပိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းစစ်ဌာနချုပ်၊

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူ၍လည်း ခွဲထားသည်။

ထို့ပြင် တောင်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်း နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်များရှိ စစ်သားများ၏ ဓာတ်ပုံများမှာ အသက်ဝင်၍ အမှန်တကယ် လက်နက်ကိုင်

သင်တန်းတက်နေကြသူများ ဖြစ်သည်မှာလည်း သံသယဖြစ်စရာ မရှိပေ။

ထူးခြားသည်မှာ အဆိုပါ Burma Army စာမျက်နှာတွင် တင်သမျှ ရုပ်သံဗွီဒီယိုများတွင် ပါဝင်သမျှ တော်လှန်ရေးတပ်သားများက မြန်မာဘာသာစကားဖြင့် ပြောဆို

ထားသည့် ရုပ်သံတစ်ခုမှ မရှိဘဲ အားလုံးမှာ tiktok ပေါ်မှ နောက်ခံသီချင်းများနှင့်သာ ဖြစ်သည်။

လာအို ပြည်သူ့ တပ်ဖွဲ့ (Lao People’s Armed Forces)

အမှန်တကယ်မှာ ကရင်၊ ကချင်နှင့် ကရင်ပြည်နယ်မှ ရုပ်များနှင့်ဆင်တူသည်ဟု ထင်စရာရှိသည့် စစ်ဝတ်စုံဝတ်ထားသည့် လူငယ်များမှာ လာအို နိုင်ငံစစ်တပ်ဖြစ်

သည့် လာအို ပြည်သူ့တပ်ဖွဲ့ (Lao People’s Army Forces) မှ စစ်သားများဖြစ်သည်။ ထို့ပြင် Burma Army က အသုံးပြုထားသည့် တံဆိပ်မှာလည်း လာအို ပြည်

သူ့တပ်ဖွဲ့၏ တံဆိပ်ပင်ဖြစ်ပြီး အလယ်တွင် Burma Army ဟူသည့် အင်္ဂလိပ်စာလုံးကို ပြီးစလွယ် ထည့်သွင်းထားသည်ကို တွေ့ရသည်။

Burma Army က တင်သမျှ ဓာတ်ပုံများ၊ ဗွီဒီယိုရုပ်သံများ အားလုံးမှာ လာအို ပြည်သူ့တပ်ဖွဲ့ သတင်း စာမျက်နှာ (Lao people’s Army News) က တင်ထားသည်

များသာ ဖြစ်သည်။ လာအို ပြည်သူ့တပ်ဖွဲ့မှ စစ်သားများ၏ တစ်ဦးချင်း ဓာတ်ပုံများကို Burma Army ဟု နာမည်ပေးထားသည့် လူလိမ်အဖွဲ့ဝင်များက Facebook

ပေါ်မှပင် ပေါ်တင်ယူကာ မြန်မာနာမည် ပေးထားကြပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသည့် ရဲဘော်များသဖွယ် ဟန်ဆောင်ထားကြခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ စုစည်းထားသမျှ လာအို ပြည်သူ့တပ်ဖွဲ့စစ်သားဓာတ်ပုံကို အသုံးပြုကာ ယင်းကဲ့သို့ မြန်မာနာမည်တပ်ထားသည့် အကောင့်တုပေါင်း ၅၁ ခုထိ ရှိ

သည်။ (အကောင့်တုများစာရင်းကို ဆောင်းပါးအောက်ခြေတွေ တစ်စုတစ်စည်းတည်း ဖော်ပြထားသည်။) တစ်လတာ စောင့်ကြည့် စုစည်းထားခြင်းဖြစ်ပြီး ယင်း

ထက်ပိုများလိမ့်မည်ဟု ခန့်မှန်းသည်။

ထို့ပြင် ၎င်း အကောင့်တုများကို ဟုတ်မှန်ကြောင်း စစ်မှန်ကြောင်း အယောင်ဆောင် ကွန်မင့်ပေးရန် ဖွင့်လှစ်ထားသည့် အကောင့်ပေါင်းမှာလည်း အနည်းဆုံး ၃၀

ကျော်ရှိသည်။ ယင်းအကောင့်များမှာ နည်းပညာတက္ကသိုလ် ကျောင်းသားများ၊ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားများနှင့် ဆေးတက္ကသိုလ် တက်ရောက်နေဟန်

အယောင်ဆောင်ထားသည့် အကောင့်တုများဖြစ်သည်။

သို့သော် ထူးခြားသည်မှာ ယင်းအကောင့်တုများမှာ အာဏာသိမ်းပြီးနောက်မှ ပေါ်လာသည့် အကောင့်တုများ မဟုတ်ဘဲ အာဏာမသိမ်းခင် ၃ နှစ် (၂၀၁၈ ခုနှစ်)၊ အချို့

မှာ ၄ နှစ် (၂၀၁၇ ခုနှစ်) ကတည်းက Facebook ပေါ်ရှိနေသည့် အကောင့်များ ဖြစ်နေသည်။

Burma Army ၏ လိမ်နည်း

Burma Army က “အခုလက်ရှိအချိန်ထိ ကျွန်တော်တို့သည် မိဘပြည်သူများအားလုံးရဲ့ အကူအညီတစ်ခုတစ်လေမျှပင် ရယူထားခြင်းမရှိသလို နောက်များတွင်လဲ

ရယူမည်မဟုတ်ပါ” ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ က သတိပေးချက်ဟု ခေါင်းစဉ်တပ်ကာ တင်ထားသည်ကို တွေ့ရသည်။

မှန်သည်။ Burma Army Facebook စာမျက်နှာက ၎င်းတို့ အကောင့် စတင်ခဲ့သည့် ယမန်နှစ် အောက်တိုဘာ ၂၂ မှ စတင်ကာ ယနေ့ထိ အလှူခံခဲ့ဖူးခြင်း မတွေ့ရပေ။

ထို့ပြင် “ကျွန်တော်တို့ BurmaArmy ၏ စစ်သား၊ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြု၍သော်၎င်း၊ အလှုခံ post များတွေရင် လုံးဝလှုဒါန်းခြင်းမပြုပါရန် အဲ့ဒါ

Fake အတုအယောင်များသာဖြစ်သည်” ဟု သဒ္ဒါမမှန်သည့် မြန်မာစာဖြင့် ရေးသားထားပြန်သည်။ ယင်း သဒ္ဒါမတတ်၊ စာမတတ်သည့် လူလိမ်များကို ယုံကြည်နေ

သည့် လူအရေအတွက်မှာ မနည်းပေ။

Burma Army ဘယ်လိုလိမ်သလဲ…?

“ချစ်စရာလေး အစ်ကိုရေ” “Love You ကိုကြီး” “ဂရုစိုက်နော် ချစ်တယ်” ဟု ရေးသားထားသည့် ကွန်မင့်များကို လာအိုစစ်သားလူငယ်များ၏ ဓာတ်ပုံများဖြင့်

လိမ်လည်ထားသည့် Burma Army ၏ စစ်သားများ၏ တစ်ဦးချင်း ဓာတ်ပုံများအောက်တွင် တွေ့ရမည်ဖြစ်သည်။ ယင်းအချက်မှာ လူလိမ်များ၏ သည်းခြေကြိုက်

ပင်ဖြစ်သည်။

“သူတို့ကို သဘောကျတဲ့ ကောင်မလေးတွေ အများကြီးပဲ၊ ကျွန်မသူငယ်ချင်းတွေထဲတောင် အများကြီးရှိတယ်” ဟု Burma Army ကို တော်လှန်ရေးလုပ်နေသည့်

အမှန်တကယ် အဖွဲ့ ဟုထင်ကာ ပိုက်ဆံပေးပို့ခဲ့ဖူးသူ ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးက ဆိုသည်။

ယင်း လူလိမ်များမှာ ၎င်းတို့၏ ပါဆင်နယ်အကောင့်များ၊ Page များတွင် ပို့စ်တင်ကာ အလှူခံခြင်း မဟုတ်ဘဲ ၎င်းတို့ကို အားပေးသည့် အမျိုးသမီးငယ်များ၏

Messenger မှတစ်ဆင့် သွားရောက်ဆက်သွယ်ကာ အလှူခံကြခြင်း ဖြစ်သည်။

“ညီမက လစဉ်လှူတာ၊ တစ်လကို ၃ သောင်း။ မုန့်ဖိုးတွေစု၊ တစ်ခါတစ်လေ အမေ့ဆီက ပိုက်ဆံတောင် လစ်သလိုယူပြီး ၃ သောင်းပြည့်အောင်ဖြည့်ပြီး လှူဖူးတယ်”

ဟု အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦးက ဆိုသည်။

၎င်းတို့လိုပင် လစဉ်လှူနေသည့် အမျိုးသမီးငယ်ပေါင်း များစွာရှိဦးမည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ဆိုသည်။ ယခု ဆောင်းပါးရေးရန် အင်တာဗျူးလုပ်ရာ

ယင်း Burma Army မှာ အစစ်အမှန်မဟုတ်ကြောင်း ရှင်းပြပြောဆိုပြီးမှသာ အဆိုပါ အမျိုးသမီးငယ်များ သိရှိသွားပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသမျှ ပြန်လည် ပြောပြ

ခြင်းလည်း ဖြစ်သည်။

“ကျွန်တော့ သူငယ်ချင်းရဲ့ ညီမက လှူနေတယ်ဆိုတော့ ကျွန်တော်က ဝင်ဟန့်သေးတယ်။ ဒါတွေ အတုဖြစ်နိုင်တယ်၊ သေချာစစ်ကြပါဆိုပြီး။ ဘယ်လိုပြောပြောမရ

ဘူး။ ခက်တာက လိမ်နေမှန်းသာ သိတာ၊ ဘယ်လို သက်သေပြရမှန်းလည်း မသိဘူး” ဟု အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြော

ပြသည်။

ယင်းလူလိမ်များအနက်မှ တစ်ဦးကို အပြင်တွင် တွေ့ဖူးသူ အမျိုးသမီးငယ်တစ်ဦးကမူ “အပြင်မှာ တွေ့မှ Facebook ပေါ်နဲ့ မတူမှန်း သိရတာ။ နောက်မှ သူ့လိုပဲ

တခြားအကောင့်တွေကလည်း လူလိမ်တွေမှန်း တဖြည်းဖြည်း သိတာ။ သူတို့နဲ့ (အွန်လိုင်းပေါ်မှာ) ပလူးပလဲ လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကိုတောင် လူလိမ်

တွေလို့ သွား သတိပေးသေးတယ်၊ မယုံဘူးလေ” ဟု ဆိုသည်။

စစ်သားယောင်ဆောင်ထားသည့် အကောင့်တုပေါင်း ၅၂ ခုကျော်ရှိရာတွင် အကောင့်တစ်ခုလျှင် Friends အရေအတွက် အနည်းဆုံး တစ်ထောင်ကျော်မှ စတင်ကာ ၃

ထောင်ကျော်နှင့် ၄ ထောင်ကျော် ထိရှိနေသည့် အကောင့်တုများပင် ရှိသည်။ အကောင့်တစ်ခုက တစ်ဦးချင်း အလှူခံမှု မည်မျှထိ ရှိနေလိမ့်မည်ကို မခန့်မှန်း နိုင်ပါ။

လူလိမ်အဖွဲ့ဝင်များ၏ Facebook အကောင့်အများစုမှာ Profile Lock ချထားကြသလို အချို့မှာ Deactivate လုပ်ထားကြသည်ကိုလည်း တွေ့ရသည်။ သို့သော်

အောက်ပါ Link များတွင် မှတ်တမ်းယူထားပြီးဖြစ်၍ အလွယ်တကူ ဝင်ကြည့်နိုင်သည်။

တော်လှန်ရေး ရဲဘော်အယောင်ဆောင်ထားသည့် အကောင့်တုများစာရင်း

(Link ကိုနှိပ်လျှင် အကယ်၍ One More Step ဟူ၍ ပေါ်လာပါက I’m not robot ကို အမှန်ခြစ်၊ ဓာတ်ပုံများကို အမှန် ဖြေဆို၍ ဝင်ပေးပါ)

https://archive.fo/vkm3h

https://archive.fo/pxekX

https://archive.fo/iWLJl

https://archive.fo/Wrql4

https://archive.fo/mdey3

https://archive.ph/xSwqv

https://archive.fo/ZHTbM

https://archive.fo/ia4jU

https://archive.fo/mlImG

https://archive.fo/NsUEI

https://archive.fo/mjWTAhttps://archive.fo/TyDr9

https://archive.fo/IdP79

https://archive.fo/Ki99x

https://archive.fo/j4nBt

https://archive.fo/spFG1

https://archive.fo/ZAPjo

https://archive.fo/1F9kM

https://archive.fo/NlQMk

https://archive.fo/GM9DO

https://archive.fo/j7yZO

https://archive.fo/btxPU

https://archive.fo/KBxF2

https://archive.fo/at4dy

https://archive.fo/ZvwT6

https://archive.fo/tyHuo

https://archive.fo/qhS6P

https://archive.fo/f6s73

https://archive.fo/fWdRk

https://archive.fo/maqso

https://archive.fo/YCp4q

https://archive.fo/Pvqzr

https://archive.fo/sZ5ca

https://archive.fo/I5dey

https://archive.fo/Arb4E

https://archive.fo/PRk18

https://archive.fo/tlZER

https://archive.fo/WfMTV

https://archive.fo/Yk6Vj

https://archive.fo/GKlw9

https://archive.fo/i15Ss

https://archive.fo/ksqOW

https://archive.fo/Efey1

https://archive.fo/gMa2u

https://archive.fo/HAEga

https://archive.fo/VrYtx

https://archive.fo/Yherg

https://archive.fo/xjVR6

https://archive.fo/nUyQC

https://archive.fo/N7enJ

https://archive.fo/Lbf5t

ဒုတိယပိုင်း – နိဂုံး တွင် အာဏာ မသိမ်းခင်က Burma Army လူလိမ်များ၏ လိမ်လည်ခဲ့မှုများ၊ အာဏာသိမ်းပြီးနောက် အခြား လိမ်လည်မှုများနှင့် ၎င်းတို့နှင့်

ဆက်စပ်နေသည့် အကောင့်တုများ၊ Page များအကြောင်း ဆက်လက် ဖော်ပြပါမည်။