မြန်မာနိုင်ငံမှာ နေ့စဉ်စားသုံးနေတဲ့၊ ကင်ဆာအလွယ်တကူဖြစ်စေမယ့် အရာ ၆ မျိုး
ဒီနေ့ခေတ်လို အချိန်အခါကြီးမှာ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ အင်မတန်မှာ မြင့်တက်နေပါတယ်။ တော်တော်လေးကို သတိထားနေရပြီး၊ အထူးသဖြင့်ကင်ဆာမဖြစ်အောင် အစားအသောက်ကို သတိထားနိုင်တာက အဓိကကျလာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာနေ့စဉ်စားသုံးနေတဲ့အထဲက လူအများစုပေါ့ပေါ့ပါးပါးစားသုံးနေတဲ့ အစားအစာတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရာတွေဖြစ်နေပါတယ်။
(၆)အသင့်စားစည်သွပ်ဘူးတွေ
အဓိကက စည်သွပ်ဘူးမှာထည့်ထာတဲ့အစားအစာကြောင့်မဟုတ်ဘဲ ထည့်တဲ့ သံဘူးဟာ ကြာရှည်ခံအောင် အန္တရာယ်တော်တော်လေးရှိတဲ့ BPA လို ဓာတုပစ္စည်းနဲ့စီမံထားလို့ပါပဲ။ သူ့ကိုတော့ ဟော်မုန်းဖြန့်ဖြူးတဲ့အရာအနေနဲ့ လူသိများတဲ့အတွက် ကင်ဆာလိုမျိုး ရောဂါတွေကို ဖြစ်ပွားအောင်တော်တော်လေး လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် စည်သွပ်ဘူးတွေဝယ်တဲ့အခါကျရင် BPA လွတ်ကင်းကြောင်းပါတဲ့ စည်သွပ်ဘူးကိုပဲ ဝယ်ယူစားသုံးရမှာဖြစ်ပါတယ်။
(၅)အသင့်သောက်ဆိုဒါအချိုရည်
ဆိုဒါကို ဒီအတိုင်းကြီး သောက်တာပဲဖြစ်ဖြစ်၊ အသင့်သောက်အချိုရည်တွေကို လွန်လွန်ကြူးကြူးသောက်တာပဲဖြစ်ဖြစ် နှစ်ခုလုံးဟာ တော်တော်လေးကို အန္တရယ်များပါတယ်။ ဥပမာ ကိုလာလိုအအေးမျိုးကို လွန်လွန်ကြူးကြူးသောက်နေသူဟာ ကင်ဆာဆဲလ်တွေအကြိုက်ကို နေ့စဉ်အာဟာရပေးနေတာဖြစ်ပြီး၊ အသင့်သောက်ကော်ဖီတွေလည်း အတူတူပဲလို့ သိရပါတယ်။
(၄)အားလူးကြော်
အားလူးကိုပုံစံမျိုးစုံနဲ့ အသင့်စားအဖြစ်ကြော်ထားတဲ့ အစားအစာတွေဟာ ကင်ဆာတွေကို ဝယ်ယူစားသုံးနေတာပါ။ အားလူးအသင့်ကြော်ဟာ အေခရိုင်လမိုက်လို့ခေါ်တဲ့ ကင်ဆာအားပေးဓာတုဓာတ်ကို အများကြီးပေးပါတယ်။အကြောင်းက ဒီဓာတ်ဟာ မီးအပူချိန်အမြင့်ကြီးမှာအကြော်ခံထားရတဲ့ အစားအစာတွေမှာ တွေ့ရတတ်ပြီး၊ အထူးသဖြင့် အားလူးကြော်မှာဆိုရင် အဓိက ပါနေတာပါ။
(၃)အသားကင်
မကျက်တကျက်ပဲဖြစ်ဖြစ်၊ ကျက်တာပဲဖြစ်ဖြစ် မီခိုးထွက်အောင် ကင်ထားတဲ့အသားကိုစားတဲ့အခါမှာ အနည်းနဲ့အများဆိုသလို နိုက်ထရိတ်နဲ့ နိုက်ထရစ်ဓာတ်တွေပါဝင်နေပါတယ်။ စားမိတဲ့သူဟာ ကင်ဆာဖြစ်ဖို့ အလားအလာကောင်းတွေကို ကျိန်းသေရရှိမှာပါ။ တောင်ကိုရီးယားနိုင်ငံဟာ စံချိန်တင်ကင်ဆာဖြစ်နှုန်းမြင့်မှုတွေထဲမှာ အကင်တွေကြောင့်လည်းပါနေတာကို လေ့လာသူတွေက အတည်ပြုထားပါတယ်။
(၂)ပေါက်ပေါက်ဆုပ်
မိုက်ခရိုဝေဗ့် မီးဖိုတွေမှာကင်ထားပြီး ထွက်လာတဲ့ပေါက်ပေါက်ဆုပ်တွေက ကင်ဆာဆီကို ခေါ်ဆောင်နေပါတယ်။ သဘာဝအတိုင်းပေါက်ပေါက်ဆုပ်ဟာ အာဟာရကိုပေးပေမဲ့ အရသာရှိအောင် နည်းမျိုးစုံနဲ့ ရောသမမွှေထားတဲ့ ရုပ်ရှင်ရုံက ပေါက်ပေါက်ဆုပ်တွေဟာ ကင်ဆာတွေဆီကို ဖြစ်တည်ဖို့ ဦးတည်နေပြီး၊ မစားသင့်တဲ့ သားရေစာတစ်ခုပါပဲ။
(၁)မူးယစ်ဆေးဝါး
အရက်ကတော့ ခန္ဓာကိုယ်မှာ ဒုက္ခအပေးနိုင်ဆုံးနဲ့ ကင်ဆာဖြစ်ပွားမှုကို နေရာစုံ ကူညီပေးဆုံး အရာတွေပါပဲ။ ပါးစပ်၊ လည်ချောင်း၊ အူ၊ ကျောက်ကပ်၊ အသည်း၊ နှလုံးစတဲ့ နေရာမရွေးကင်ဆာဖြစ်ပွားနိုင်ချေကို ကူညီပေးပါတယ်။ သူတို့ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်မပြုလုပ်ပေမဲ့ ကိုယ်ဝန်ဆောင်စဉ်မိခင်တွေ သောက်သုံးမှုဒဏ်တွေကိုလည်း ခံရနိုင်တဲ့အတွက် ဆေးဖြစ်ဝါးဖြစ်ဆိုတဲ့အရာဟာလည်း မကောင်းပါဘူး။
Credit
zawgyi
(၄)အားလူးကြော်
(၃)အသားကင်
(၂)ပေါက်ပေါက်ဆုပ်
(၁)မူးယစ်ဆေးဝါး
Credit