2009 တုန်းက အခြောက်အလှမယ်ဖြစ် 2019 မှာတော့ သံဝေဂတွေရ…..ရှိသမျှစည်းစိမ်တွေကို လှူပြီး သာသနာ့ဘောင်ထဲဝင် ရဟန်းခံ
အချိန်ခဏလောက်ပေးပြီး ဖတ်ကြည့်ပါ။အရမ်းကောင်းပါတယ်။
အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။
အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။
သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံး ။
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။
ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊ရေမချိုးရင် နံကြတာချည်းပဲ ။
ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။
ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊လောဘဆိုတာအတောမသတ်ပဲ အမြဲလိုနေတဲ့ဟာကြီး။
ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊သူ့ထဲက အကြွေးယူခဲ့လို့ ဆပ်နေရတာပါ။
လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းသာပြီးဘဝင်မမြင့်နဲ့ မကောင်းတဲ့ကံတွေက ဝင်ခွင့်မရ အလှည့်မကျသေးလို့ပါ ။
လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရဘယ်ရှိမလဲ ?။
အရေးလုပ်တာခံရတိုင်းလည်း သိပ်ဝမ်းသာမနေနဲ့ အရေးမလုပ်တော့ရင် အနေရခက်မယ် ။
ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။
ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ။
ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊အဲ့လူတွေကပဲ ကိုယ့်ကို အချိန်မရွေး ပြစ်တင်ရှုပ် ပြန်ကဲ့ရဲ့လာနိုင်တယ်။
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ ။
အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ် ။
မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့ ၊မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ် ။
အလွယ်တကူနဲ့ ဝမ်းနည်း/ဝမ်းသာမဖြစ်ပဲအလယ် အလတ် လမ်းစဉ်လိုက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ စိတ်က ဘဝအတွက် အကောင်းဆုံးပဲ”။
တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ ပင်လယ်ထဲက ရေလိုပဲ။
လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့ ပင်လယ်ရေဟာ ချိုမလာပါဘူး ။ ။
(ဖတ်ဖူး ၊ မှတ်ဖူး ၊ လေ့လာဖူးသည့် စာအုပ်များမှ)ဘဝစာမျက်နှာများ
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်…Credit
Zawgyi
2009 တုန္းက အေျခာက္အလွမယ္ျဖစ္ 2019 မွာေတာ့ သံေဝဂေတြရ…..ရွိသမွ်စည္းစိမ္ေတြကို လႉၿပီး သာသနာ့ေဘာင္ထဲဝင္ ရဟန္းခံ
အခ်ိန္ခဏေလာက္ေပးၿပီး ဖတ္ၾကည့္ပါ။အရမ္းေကာင္းပါတယ္။
အေနနီးလို႔လည္း သိပ္မေပ်ာ္နဲ႔ ၊သံေယာဇဥ္ဆိုတာ ျဖတ္ရခက္တယ္ ။
အေနေဝးလို႔လည္း စိတ္မေကာင္းမျဖစ္နဲ႔ ၊လူဆိုတာ ေသကြဲမဟုတ္ ရွင္ကြဲကြဲရမွာပဲ ။
သိပ္အခ်စ္ခံရလို႔လည္း သိပ္မေပ်ာ္ပါနဲ႔ ရာဂတဏွာႀကိဳးက ႐ုန္းရအခက္ဆုံး ။
သိပ္အမုန္းခံရလို႔လည္း ဝမ္းမနည္းနဲ႔ ၊အခ်စ္ခံရတာမ်ားသူထက္ ဒုကၡနည္းတယ္ ။
႐ုပ္ေခ်ာေနလို႔လည္း မာန္မတတ္နဲ႔ ၊ေရမခ်ိဳးရင္ နံၾကတာခ်ည္းပဲ ။
႐ုပ္ဆိုးေနလို႔လည္း အားမငယ္နဲ႔ ၊အခ်င္းရွိရင္ အဆင္းရွိသူထက္ သာတယ္ ။
ရေနလို႔လည္း သိပ္မေပ်ာ္ပါနဲ႔ ၊ေလာဘဆိုတာအေတာမသတ္ပဲ အၿမဲလိုေနတဲ့ဟာႀကီး။
ေပးေနရလို႔လည္း ဝမ္းမနည္းပါနဲ႔ ၊သူ႔ထဲက အေႂကြးယူခဲ့လို႔ ဆပ္ေနရတာပါ။
လုပ္တိုင္းျဖစ္ေနလို႔လည္း သိပ္ဝမ္းသာၿပီးဘဝင္မျမင့္နဲ႔ မေကာင္းတဲ့ကံေတြက ဝင္ခြင့္မရ အလွည့္မက်ေသးလို႔ပါ ။
လုပ္တိုင္းမျဖစ္လို႔လည္း စိတ္မညစ္နဲ႔ ၊လုပ္တိုင္းျဖစ္ေနရင္ အရႈံးဆိုတဲ့ေဝါဟာရဘယ္ရွိမလဲ ?။
အေရးလုပ္တာခံရတိုင္းလည္း သိပ္ဝမ္းသာမေနနဲ႔ အေရးမလုပ္ေတာ့ရင္ အေနရခက္မယ္ ။
ခ်မ္းသာေနလို႔လည္း မာနမတတ္နဲ႔ ၊အဲ့ဒီမာနက တရားရဖို႔ အႀကီးမားဆုံးအတားဆီးပဲ ။
ဆင္းရဲေနလို႔လည္း သိမ္ငယ္မေနနဲ႔ ခ်မ္းသာသူျဖစ္ျဖစ္ ဆင္းရဲသူျဖစ္ျဖစ္ ၆ေပ၂ေပ တူတူပဲ ။
ခ်ီးမြမ္းခံရလို႔လည္း သိပ္မေပ်ာ္နဲ႔ ၊အဲ့လူေတြကပဲ ကိုယ့္ကို အခ်ိန္မေ႐ြး ျပစ္တင္ရႈပ္ ျပန္ကဲ့ရဲ႕လာႏိုင္တယ္။
ကဲ့ရဲ႕ခံရလို႔လည္း ဝမ္းမနည္းနဲ႔ ၊သူမ်ားႏွာေခါင္းေပါက္နဲ႔ အသက္ရွဴေနတာမွ မဟုတ္ဘဲ ။
ေအာင္ျမင္ေနလို႔လည္း သိပ္ဝမ္းမသာနဲ႔ ၊ကိုယ့္အမွားေတြကို ေစာင့္ၾကည့္ေနတဲ့သူရွိတယ္ ။
မေအာင္ျမင္လို႔လည္း ဝမ္းမနည္းနဲ႔ ၊မေသမခ်င္းႀကိဳးစားဖို႔ အခ်ိန္ေတြရွိေသးတယ္ ။
အလြယ္တကူနဲ႔ ဝမ္းနည္း/ဝမ္းသာမျဖစ္ပဲအလယ္ အလတ္ လမ္းစဥ္လိုက္ၿပီး တည္ၿငိမ္ရင့္က်က္တဲ့ စိတ္က ဘဝအတြက္ အေကာင္းဆုံးပဲ”။
တည္ၿငိမ္ရင့္က်က္ေနတဲ့ စိတ္ဟာ ပင္လယ္ထဲက ေရလိုပဲ။
ေလာကဓံအခ်ိဳမႈန္႔တစ္ဇြန္း ခတ္႐ုံနဲ႔ ပင္လယ္ေရဟာ ခ်ိဳမလာပါဘူး ။ ။
(ဖတ္ဖူး ၊ မွတ္ဖူး ၊ ေလ့လာဖူးသည့္ စာအုပ္မ်ားမွ)ဘဝစာမ်က္ႏွာမ်ား
ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္…Credit