ဇနီးမယား (၇) မ်ိဳး ဆိုတာ
ျမတ္စြာဘုရားရွင္ သီတင္းေတာ္မူတဲ့ ေဇတဝန္ေက်ာင္းေတာ္ႀကီးရဲ႕ ေကာင္းဒါယကာ အနာထပိဏ္သူေဌးႀကီး မွာ သုဇာတာ ဆိုတဲ့ ေခြၽးမ တစ္ေယာက္ရွိပါတယ္။
ထို သုဇာတာ သတို႔သမီး က လင္ျဖစ္သူ ရဲ႕ ေျပာဆိုဆုံးမမႈကို မနာခံသလို၊ေယာကၡမျဖစ္သူ ရဲ႕ ဆုံးမ စကား ကိုလည္း ကလန္ကဆန္ျပန္လုပ္ၿပီး ရန္ေတြ႕တတ္တယ္။ေယာကၡမနဲ႔ လင္သား ကို႐ိုေသရေကာင္းမွန္းမသိဘူး။
ဇနီးမယား ဆိုးတစ္ေယာက္လို႔ေျပာရမွာပါ။ ဒါေၾကာင့္အနာထပိဏ္ သူေဌးႀကီၤးက သူရဲ႕ေခ် ြးမဟာ သူ႔သားအတြက္ ဘယ္လို ဇနီးမယား ျဖစ္တယ္ဆိုတာသိလိုတာနဲ႔ ျမတ္စြာဘုရားရွင္ ကို ေမးျမန္းေလွ်ာက္ထား ပါတယ္။
ျမတ္စြာဘုရားရွင္က သုဇာတာ သင္သည္ အဘယ္သို႔ေသာ ဇနီးမယား ျဖစ္သည္ကို သိေစလိုတာနဲ႔ ဇနီးမယား(၇)မ်ိဳးကိုေဟာေတာ္မူပါတယ္။
အဲဒီ(၇)မ်ိဳးက မိန္းမေကာင္း
(၁) ဝဓာ ဘရိယာ(လူသတ္ေကာင္ႏွင့္တူေသာမယား),.
မိမိရဲ႕ လင္သား အေပၚမွာ သနားငဲ့ညႇာ ေထာက္ထားျခင္းမရွိအၿမဲတန္း ျပစ္မွားတတ္ျခင္း ဆူပူျခင္းဆဲဆိုျခင္းေဆာင့္ေအာင့္ျခင္းအ႐ြဲ႕တိုက္ျခင္း မိမိရဲ႕လင္သားမွ တစ္ပါးေသာ ေယာက်ၤားတို႔ကိုခ်စ္ခင္ႏွစ္သက္ ေဖာက္ျပန္ျခင္း
မိမလင္သားအေပၚမခ်စ္ခင္ မႏွစ္ သက္ျခင္းေငြႏွင့္ဝယ္ထားေသာ ကြၽန္ကို ႏွိပ္စက္သကဲ့သို႔ လင္သားအားႏွိပ္စက္ေသာ မယားကို လူသတ္ေကာင္ႏွင့္တူေသာ မယားလို႔ေခၚပါတယ္။
ထို မယား မ်ိဳးက မိန္းကေလး အေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာျဖစ္သလို ေယာက်ၤားေလးမ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။
(၂) ေစာရီ ဘရိယာ(ခိုးသူႏွင့္တူေသာ မယား)။
လင္ေယာက်ၤား သည္ အသက္ေမြးဝမ္းေက်ာင္းအ တတ္ပညာ တစ္ခုခုျဖင့္ရွာေဖြ၍ ေသာ္၎ ကုန္သြယ္ျခင္းျဖင့္ရွာေဖြ၍ေသာ္၎စိုက္ပ်ိဳးေမြးျမဴေရးျဖင့္ ရွာေဖြ၍ေသာ္၎
ရွာေဖြလို႔ရတဲ့ေငြေၾကးဥစၥာကို (လင္ေယာက်ၤား အလုပ္လုပ္ၿပီးရွာလို႔ရတဲ့ေငြကို)လင္ေယာက်ၤားမသိေအာင္ခိုးယူ သုံးျဖဳန္းတတ္တဲ့မယားကို သူခိုးႏွင့္တူေသာ မယား လို႔ေခၚပါတယ္။
ထို မယားမ်ိဳးကိုလည္း မိန္းကေလးအေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာ ျဖစ္သလို ေယာက်ၤားေလး မ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။
(၃)။အယ်ာ ဘရိယာ(သခင္ႏွင့္တူေသာမယား)
လင္သား အေပၚျပဳသင့္ျပဳထိုက္သည့္အမႈတို႔ကိုမျပဳမူ၍ ပ်င္းရိတတ္ျခင္း အစားႀကီးျခင္း လင္ေယာက်ၤား ကိုကြၽန္လိုသေဘာထားၿပီး ၾကမ္းတမ္း ႐ုန႔္ရင္းစြာ မေကာင္းေသာစကား တို႔ႏွင့္ ေျပာဆိုဆက္ဆံတတ္တဲ့ မယား ကို
သခင္ႏွင့္တူေသာ မယားလို႔ေခၚပါတယ္။ထိုမယားမ်ိဳးကိုလည္း မိန္းကေလးအေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာျဖစ္သလို ေယာက်ၤားေလးမ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။,.
(၄) မာတာဘရိယာ(မိခင္ႏွင့္တူေသာမယား).,.
မိခင္ သည္ သားသမီး မ်ားအေပၚ ေမတၱာက႐ုဏာမုဒိတာ၊ဥေပကၡာဆိုတဲ့ ျဗဟၼစိုတရားေလးပါးတို႔ႏွင့္ေစာင့္ေရွာက္ ေကြၽးေမြးသကဲ့သို႔
လင္သား အေပၚ ထိုထိုေသာ စိတ္ေစတနာတို႔ျဖင့္ေကြၽးေမြးေစာင့္ေရွာက္ေသာလင္ေယာက်ၤားရွာေဖြထားေသာ ပစၥည္းဥစၥာမ်ားကို မဖိတ္မစင္ေအာင္ ထိန္းသိမ္းတတ္တဲ့မယားကို မိခင္ႏွင့္တူေသာ မယားလို႔ေခၚပါတယ္။,.
ထိုမယားမ်ိဳးျဖစ္ေအာင္ မိန္းကေလးမ်ားအေနနဲ႔ ႀကိဳးစားရမွာျဖစ္သလို ေယာက်ၤားေလးမ်ားအေနနဲ႔ႏွင့္လည္းေပါင္းသင္းထိုက္တဲ့ မယားမ်ိဳးလို႔ဆိုရမွာပါ။,.
(၅) ဘာဂိနီ ဘရိယာ(ႏွမႏွင့္တူေသာမယား)
ႏွမျဖစ္သူသည္ မိမိရဲ႕ အစ္ကိုေမာင္တို႔အေပၚမွာ ခ်စ္ျခင္းေၾကာက္ျခင္း႐ိုေသျခင္းမ်ား ထားသကဲ့သို႔ ဇနီးမယား သည္လည္းလင္သား\အေပၚ ခ်စ္ျခင္းေၾကာက္ျခင္း႐ိုေသျခင္း
အရွက္သိကၡာႏွင့္ျပည္စုံ၍ လင္သားအား မည္သည့္နည္းႏွင့္မွ် လင္သား အား ကလန္ကဆန္ ဆန႔္က်င္ဘက္မလုပ္တဲ့မယားမ်ိဳးကိုေခၚတာပါ။
ထိုသို႔ေသာ ဇနီးမယား မ်ိဳးျဖစ္ေအာင္ မိန္းကေလးမ်ားအေနနဲ႔ အတုယူရမွာျဖစ္သလို ေယာက်ၤားေလးအေနနဲ႔လဲ ေပါင္းသင္းဆက္ဆံထိုက္တယ္ဆိုတာသိေစခ်င္ပါတယ္။,.
(၆) သခီ ဘရိယာ(အေဆြခင္ပြန္းႏွင့္တူေသာ မယား)
ႏွစ္ေပါင္းၾကာျမင့္စြာေဝးကြာေနတဲ့ မိတ္ေဆြသူငယ္ခ်င္းကို ႐ုတ္တရက္ျမင္ရလိုက္လွ်င္ ဝမ္းေျမာက္ဝမ္းသာျဖစ္သကဲ့သို႔
လင္ေယာက်ၤားအေပၚမွာလည္း ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုျခင္းဝမ္းေျမာက္ဝမ္းသာျဖစ္ျခင္းအိမ္၌စြဲၿမဲစြာေန၍ အရပ္တစ္ပါးသို႔ လင္မသိေအာင္မသြားတတ္ေသာ
သီလေစာင့္ထိန္း၍ လင္ေယာက်ၤား မွတစ္ပါးမည္သူ ႏွင့္မွ ေဖာက္ျပန္ျခင္းမရွိျခင္းအမ်ိဳးကိုေစာင့္ထိန္းၿပီး လင္ေယာက်ၤားအား မယားဝတ္တရားငါးပါးႏွင့္အညီလုပ္ေကြၽးတတ္တဲ့ မယား ကိုေခၚတာပါ။
ထိုသိုေသာ ဇနီးမယားေကာင္းတစ္ဦးျဖစ္ရန္ မိန္းကေလးမ်ားမွတ္သားနာယူသင့္သလို ေယာက်ၤားေလး မ်ားအေနနဲ႔လည္း အိမ္ေထာင္ဖက္ေ႐ြးခ်ယ္သင့္တဲ့ ဇနီးမယား ျဖစ္ပါတယ္။
(၇)။ဒါသီ ဘရိယာ(ကြၽန္ႏွင့္တူေသာမယား),.
ကြၽန္ေကာင္းတစ္ေယာက္သည္ သခင္ အား ႐ိုေသစြာလုပ္ေကြၽးျပဳသကဲ့သို႔ မိမိ လင္သား က မိမိ ကိုေဒါသတရားႏွင့္ဆက္ဆံေသာ္လည္း
အမ်က္ေဒါသမျဖစ္ျခင္းမျပစ္မွားျခင္း ဆဲဆိုေသာအက်င့္မရွိပဲသည္းခံတတ္ျခင္းလင္အား ခ်စ္ေၾကာက္႐ိုေသစြာ လင္၏အလိုဆႏၵကိုလိုက္ေလ်ာတတ္ေသာ မယားကိုဆိုလိုတာပါ။,.
ကြၽန္ဆိုးနဲ႔တူတဲ့မယားေတာ့မျဖစ္ေစခ်င္ပါ။ ကြၽန္ဆိုးတစ္ေယာက္က်ေတာ့ ထိုကဲ့သို႔မဟုတ္ပဲ သခင္ကြယ္ရာမွာ ထင္သလိုျပဳမူတတ္သလို
ဇနီးမယား ကလည္း ေယာက်ၤားကြယ္ရာမွာ ေယာက်ၤား ရွာေဖြထားေသာပစၥည္းဥစၥာမ်ားကို သုံးျဖဳန္းတဲ့ မယားေတာ့မျဖစ္ေစခ်င္ပါ။
ကြၽန္မွာ ထိုကဲ့သို ကြၽန္ေကာင္းကြၽန္ဆိုးရွိတယ္ဆိုတာသိေစခ်င္လို႔ ႏွစ္မ်ိဳးေရးျပလိုက္တာပါ။,.
ဆိုခဲ့တဲ့ ဇနီးမယား(၇)မ်ိဳးအနက္က အေမႏွင့္တူေသာ ဇနီးႏွမႏွင့္တူေသာ ဇနီးအေဆြခင္ပြန္းႏွင့္တူေသာ ဇနီးမ်ားက လင္ေယာက်ၤားႏွင့္အသက္ထက္ဆုံး ေနထိုင္ျခင္း သီလတရားႏွင့္ျပည့္စုံေသာေၾကာင့္
ေသလြန္သည့္အခါမွာ နတ္ျပည့္သို႔ လားေရာက္ရေၾကာင္းသခင္ ႏွင့္တူေသာ ဇနီးခိုးသူႏွင့္တူေသာ ဇနီး လူသတ္ေကာင္နဲ႔ တူေသာ ဇနီးမယား မ်ားကေတာ့ လင္ေယာက်ၤားအေပၚ မ႐ိုမေသ မေလးမစားလုပ္ျခင္း
ဆဲဆိုျပစ္မွားျခင္းေဖာက္ျပန္ျခင္းမထီမ်က္ျမင္ႏွိပ္စက္ေစာ္ကားျခင္းတို႔ေၾကာင့္သီလမရွိတဲ့ဇနီးမ်ားျဖစ္ၾကတယ္လို႔ဆိုရမွာ။
ထိုထိုေသာဇနီးမယားေသလွ်င္ငရဲသို႔လားေရာက္ရမည္ဆိုတဲ့အေၾကာင္းကိုျမတ္စြာဘုရားရွင္က သုဇာတာ အမ်ိဳးသမီး ကိုေဟာေတာ္မူပါတယ္။,.
ထိုထိုေသာ ဇနီးမယား(၇)မ်ိဳးထဲမွ သုဇာတာသင္သည္အဘယ္သို႔ေသာ ဇနီးမယား ျဖစ္ခ်င္သလဲလို႔ေမးေတာ့ သုဇာတာက ကြၽန္ေကာင္းတစ္ေယာက္ႏွင့္တူေသာ ဇနီးျဖစ္ေအာင္ က်င့္ႀကံပါမည္ဟုေလွ်ာက္ထား ပါတယ္။,.
ဒီပိုစ့္ေလးကိုဖတ္မွတ္ၿပီး မိန္းကေလး မ်ားလည္း လူသတ္ေကာင္ႏွင့္ တူေသာဇနီးခိုးသူႏွင့္တူေသာ ဇနီး သခင္ ႏွင့္တူေသာ ဇနီးမ်ိဳးမျဖစ္ေအာင္ အတုယူရမွာ လိုက္နာရမွာျဖစ္သလို
ေယာက်ၤားေလး မ်ားအေနနဲ႔လည္းမိမိေ႐ြးခ်ယ္မယ့္ အိမ္ေထာင္ဖက္ကို ထိုခိုးသူႏွင့္တူေသာလူသတ္ေကာင္ႏွင့္တူေသာသခင္ႏွင့္တူေသာ ဇနီးမယား မ်ိဳးကို ေရွာင္ၾကဥ္ၿပီး
မိခင္ ႏွင့္တူေသာ ႏွမႏွင့္တူေသာအေဆြခင္ပြန္းႏွင့္တူေသာကြၽန္ေကာင္းတစ္ေယာက္ႏွင့္တူေသာ မိန္းကေလး မ်ိဳးကိုေ႐ြးခ်ယ္ရမည္ဆိုတဲ့ အေၾကာင္းကို သိေစခ်င္တာနဲ႔ အသိေပးေရးသာလိုက္ရပါသည္။
အားလုံးကိုယ္စိတ္ႏွစ္ပါးက်န္းမာခ်မ္းသာၾကပါေစ။,.,
Credit: ,.,အရွင္ဝိမလဝံသ (နာလႏၵာတကၠသိုလ္အိႏၵိယႏိုင္ငံ)
Unicode Version
ဇနီးမယား (၇) မျိုး ဆိုတာ
မြတ်စွာဘုရားရှင် သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီး မှာ သုဇာတာ ဆိုတဲ့ ချွေးမ တစ်ယောက်ရှိပါတယ်။
ထို သုဇာတာ သတို့သမီး က လင်ဖြစ်သူ ရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူ ရဲ့ ဆုံးမ စကား ကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။
ဇနီးမယား ဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီၤးက သူရဲ့ချေ ွးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယား ဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင် ကို မေးမြန်းလျှောက်ထား ပါတယ်။
မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယား ဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။
အဲဒီ(၇)မျိုးက မိန်းမကောင်း
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား),.
မိမိရဲ့ လင်သား အပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိအမြဲတန်း ပြစ်မှားတတ်ခြင်း ဆူပူခြင်းဆဲဆိုခြင်းဆောင့်အောင့်ခြင်းအရွဲ့တိုက်ခြင်း မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်း
မိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်းငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။
ထို မယား မျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျား သည် အသက်မွေးဝမ်းကျောင်းအ တတ်ပညာ တစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်းစိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း
ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျား အလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို)လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယား လို့ခေါ်ပါတယ်။
ထို မယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေး များလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သား အပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း အစားကြီးခြင်း လင်ယောင်္ကျား ကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယား ကို
သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။,.
(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား).,.
မိခင် သည် သားသမီး များအပေါ် မေတ္တာကရုဏာမုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့
လင်သား အပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သောလင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။,.
ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။,.
(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကိုမောင်တို့အပေါ်မှာ ချစ်ခြင်းကြောက်ခြင်းရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယား သည်လည်းလင်သား\အပေါ် ချစ်ခြင်းကြောက်ခြင်းရိုသေခြင်း
အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သား အား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။
ထိုသို့သော ဇနီးမယား မျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။,.
(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့
လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်းဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းအိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော
သီလစောင့်ထိန်း၍ လင်ယောင်္ကျား မှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်းအမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယား ကိုခေါ်တာပါ။
ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေး များအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ ဇနီးမယား ဖြစ်ပါတယ်။
(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား),.
ကျွန်ကောင်းတစ်ယောက်သည် သခင် အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိ လင်သား က မိမိ ကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း
အမျက်ဒေါသမဖြစ်ခြင်းမပြစ်မှားခြင်း ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်းလင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။,.
ကျွန်ဆိုးနဲ့တူတဲ့မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို
ဇနီးမယား ကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျား ရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။
ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်းကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။,.
ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီးနှမနှင့်တူသော ဇနီးအဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့်အသက်ထက်ဆုံး နေထိုင်ခြင်း သီလတရားနှင့်ပြည့်စုံသောကြောင့်
သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်းသခင် နှင့်တူသော ဇနီးခိုးသူနှင့်တူသော ဇနီး လူသတ်ကောင်နဲ့ တူသော ဇနီးမယား များကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း
ဆဲဆိုပြစ်မှားခြင်းဖောက်ပြန်ခြင်းမထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။
ထိုထိုသောဇနီးမယားသေလျှင်ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီး ကိုဟောတော်မူပါတယ်။,.
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ သုဇာတာသင်သည်အဘယ်သို့သော ဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။,.
ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေး များလည်း လူသတ်ကောင်နှင့် တူသောဇနီးခိုးသူနှင့်တူသော ဇနီး သခင် နှင့်တူသော ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို
ယောင်္ကျားလေး များအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသောလူသတ်ကောင်နှင့်တူသောသခင်နှင့်တူသော ဇနီးမယား မျိုးကို ရှောင်ကြဉ်ပြီး
မိခင် နှင့်တူသော နှမနှင့်တူသောအဆွေခင်ပွန်းနှင့်တူသောကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေး မျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။,.,
Credit: ,.,အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ)



