ယနေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သီးသန့်တရားရုံး၊ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် ဦးမျိုးအောင်တို့ကိုစွဲဆိုထားသည့်
ပုဒ်မ ၅၀၅-ခ (အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားစေမှု) အမှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နှင့်ပတ်သက်ပြီး တရားလိုပြသက်သေများကို စစ်ဆေးခဲ့သည်။
ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး ပြန်ခေါ်သက်သေနှစ်ဦးကို ရှေ့နေများက စစ်ဆေးခဲ့ပြီးနောက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်တို့သုံးဦးကို “အပြစ်ရှိပါသလား” ဟု မေးမြန်းခဲ့ရာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မှာ ၅၀၅-ခ အမှုနဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေနှစ်ဦးကို ပြန်ပြီးစစ်ဆေးပါတယ်။ စစ်ဆေးပြီးသွားတဲ့အခါမှာ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမျိုးအောင်ကို
“အပြစ်ရှိပါသလား” လို့ မေးပါတယ်။သုံးဦးစလုံးက “အပြစ်မရှိပါဘူး” လို့ ပြန်ဖြေပါတယ်။“ဘာကြောင့် အပြစ်မရှိတာလဲ” လို့ တရားသူကြီးက ပြန်မေးပါတယ်။
“အမှုများကို ကျုးလွန်ထားခြင်းမရှိခဲ့တာကြောင့် အပြစ်မရှိဘူူး” လို့ သုံးဦးစလုံးက ပြန်ဖြေပါတယ်။” ဟု ယနေ့တရားခွင်အခြေအနေနှင့်ပတ်သက်ပြီး ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပြသည်။
ယနေ့တွင် ပုဒ်မ ၅၀၅-ခ အမှုနှင့်ပတ်သက်ပြီး တရားလိုနှင့် သက်သေများအားစစ်မေးခြင်းအစီအစဉ်များပြီးသွားပြီဖြစ်သည့်အတွက် လာမည့်အပတ် အင်္ဂါနေ့ရုံးချိန်းတွင် အမှုစီမံခန့်ခွဲခြင်းအစီအစဉ် (တရားစွဲခံထားရသူများကို စစ်မေးမည့် ရုံးချိန်းများကိုစီမံခန့်ခွဲခြင်း) ကို ပြုလုပ်မည်ဖြစ်သည်။
ယခုရက်သတ္တပတ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗုဒ္ဓဟူးနေ့ကလွဲပြီး ကျန်သည့် ရုံးဖွင့်ရက် လေးရက်လုံး တရားရုံး၊ ရုံးချိန်းများ ရှိနေသည့်အတွက်
၎င်း၏ကျန်းမာရေးထိခိုက်လာမည်ကိုစိုးရိမ်သဖြင့် ရုံးချိန်းခွာပေးရန် တရားသူကြီးကိုလျှောက်ထားခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း ရှေ့နေများက ဆိုသည်။
“ဒီတစ်ပတ်မှာ တရားရုံးက ၄ ရက်ဆက်တိုင်းဖြစ်နေတဲ့အခါကျတော့ အမေစုရဲ့ ကျန်းမာရေးအခြေအနေထိခိုက်မှာစိုးရိမ်လို့ နောက်တစ်ပတ်မှာ အနားပေးဖို့ တင်ပြခဲ့တာပါ။ ဒါပေမယ့် တရားသူကြီးက
သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ တရားခွင်ကို ဆက်လက်ကျင်းပသွားမယ်လို့ပြောပါတယ်။ အမေကတော့ “အဆင်ပြေသလိုလုပ်ပါ” လို့ပြောပါတယ်။” ဟု ရှေ့နေဒေါ်မင်းမင်းစိုးက ဆိုသည်။
ယနေ့ တရားရုံးကိုရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းလည်း ၎င်းကပြောသည်။
Burma Associated Press , Photo – Chair NLD
———
ယေန႔ ေနျပည္ေတာ္တြင္ျပဳလုပ္ခဲ့သည့္ သီးသန႔္တရား႐ုံး၊ ႐ုံးခ်ိန္းတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦးဝင္းျမင့္ႏွင့္ ဦးမ်ိဳးေအာင္တို႔ကိုစြဲဆိုထားသည့္
ပုဒ္မ ၅၀၅-ခ (အမ်ားျပည္သူတည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစမႈ) အမႈႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ တို႔ႏွင့္ပတ္သက္ၿပီး တရားလိုျပသက္ေသမ်ားကို စစ္ေဆးခဲ့သည္။
ပုဒ္မ ၅၀၅-ခ အမႈႏွင့္ပတ္သက္ၿပီး ျပန္ေခၚသက္ေသႏွစ္ဦးကို ေရွ႕ေနမ်ားက စစ္ေဆးခဲ့ၿပီးေနာက္ တရားသူႀကီးက ေဒၚေအာင္ဆန္းစုၾကည္တို႔သုံးဦးကို “အျပစ္ရွိပါသလား” ဟု ေမးျမန္းခဲ့ရာ အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ျခင္းျဖစ္သည္။
“ဒီေန႔မွာ ၅၀၅-ခ အမႈနဲ႔ပတ္သက္ၿပီးေတာ့ တရားလိုျပသက္ေသႏွစ္ဦးကို ျပန္ၿပီးစစ္ေဆးပါတယ္။ စစ္ေဆးၿပီးသြားတဲ့အခါမွာ တရားသူႀကီးက ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ဦးမ်ိဳးေအာင္ကို
“အျပစ္ရွိပါသလား” လို႔ ေမးပါတယ္။သုံးဦးစလုံးက “အျပစ္မရွိပါဘူး” လို႔ ျပန္ေျဖပါတယ္။“ဘာေၾကာင့္ အျပစ္မရွိတာလဲ” လို႔ တရားသူႀကီးက ျပန္ေမးပါတယ္။
“အမႈမ်ားကို က်ဳးလြန္ထားျခင္းမရွိခဲ့တာေၾကာင့္ အျပစ္မရွိဘူူး” လို႔ သုံးဦးစလုံးက ျပန္ေျဖပါတယ္။” ဟု ယေန႔တရားခြင္အေျခအေနႏွင့္ပတ္သက္ၿပီး ေရွ႕ေနေဒၚမင္းမင္းစိုးက ေျပာျပသည္။
ယေန႔တြင္ ပုဒ္မ ၅၀၅-ခ အမႈႏွင့္ပတ္သက္ၿပီး တရားလိုႏွင့္ သက္ေသမ်ားအားစစ္ေမးျခင္းအစီအစဥ္မ်ားၿပီးသြားၿပီျဖစ္သည့္အတြက္ လာမည့္အပတ္ အဂၤါေန႔႐ုံးခ်ိန္းတြင္ အမႈစီမံခန႔္ခြဲျခင္းအစီအစဥ္ (တရားစြဲခံထားရသူမ်ားကို စစ္ေမးမည့္ ႐ုံးခ်ိန္းမ်ားကိုစီမံခန႔္ခြဲျခင္း) ကို ျပဳလုပ္မည္ျဖစ္သည္။
ယခုရက္သတၱပတ္တြင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ဗုဒၶဟူးေန႔ကလြဲၿပီး က်န္သည့္ ႐ုံးဖြင့္ရက္ ေလးရက္လုံး တရား႐ုံး၊ ႐ုံးခ်ိန္းမ်ား ရွိေနသည့္အတြက္
၎၏က်န္းမာေရးထိခိုက္လာမည္ကိုစိုးရိမ္သျဖင့္ ႐ုံးခ်ိန္းခြာေပးရန္ တရားသူႀကီးကိုေလွ်ာက္ထားခဲ့ေသာ္လည္း ခြင့္မျပဳခဲ့ေၾကာင္း ေရွ႕ေနမ်ားက ဆိုသည္။
“ဒီတစ္ပတ္မွာ တရား႐ုံးက ၄ ရက္ဆက္တိုင္းျဖစ္ေနတဲ့အခါက်ေတာ့ အေမစုရဲ႕ က်န္းမာေရးအေျခအေနထိခိုက္မွာစိုးရိမ္လို႔ ေနာက္တစ္ပတ္မွာ အနားေပးဖို႔ တင္ျပခဲ့တာပါ။ ဒါေပမယ့္ တရားသူႀကီးက
သတ္မွတ္ထားတဲ့ရက္အတိုင္းပဲ တရားခြင္ကို ဆက္လက္က်င္းပသြားမယ္လို႔ေျပာပါတယ္။ အေမကေတာ့ “အဆင္ေျပသလိုလုပ္ပါ” လို႔ေျပာပါတယ္။” ဟု ေရွ႕ေနေဒၚမင္းမင္းစိုးက ဆိုသည္။
ယေန႔ တရား႐ုံးကိုေရာက္လာသည့္ ေဒၚေအာင္ဆန္းစုၾကည္၏ က်န္းမာေရးအေျခအေန ေကာင္းမြန္ေၾကာင္းလည္း ၎ကေျပာသည္။
Burma Associated Press
Photo – Chair NLD