ၾကားသိရသမွ်

သားဖြစ်သူကိုတွေ့ချင်လို့ အိမ်ကနေလမ်းလျှောက်ထွက်လာရင်း တရုတ်နိုင်ငံအထိရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံကအမျိုးသမီး (ရုပ်သံ)

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် 59 နှစ်အရွယ် ဦးနှောက်ချို့ယွင်းနေတဲ့အမျိုးသမီးဟာ သူမအိမ်ရဲ့အနီးဝန်းကျင်မှာနေထိုင်တဲ့ သားဖြစ်သူကိုအလည်သွားဖို့ အိမ်ကနေထွက်လာရင်းနဲ့ 8လအကြာမှာတော့ တရုတ်နိုင်ငံအထိရောက်ရှိသွားခဲ့ပါတယ် ။ Kaeomanee Arjaw အမည်ရှိတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံ ၊ Chiang Rai မြို့မှာ နေထိုင်တဲ့သူဖြစ်ပြီး ၊ သူမကိုပြီးခဲ့တဲ့ January လက တရုတ်နိုင်ငံ Kunming မြို့မှာ တွေ့ရှိခဲ့တာပါ ။ သူမကိုတွေ့ရှိခဲ့ချိန်မှာတော့ သူမရဲ့ထိုင်းနိုင်ငံသားမှတ်ပုံတင်ကတ်ပြားကို ကိုင်ဆောင်လျက်သားဖြင့် တွေ့ရှိခဲ့တာပါ ။ Kaeomanee မှန်းအတည်ပြုနိုင်ဖို့ သူမရဲ့သမီးဖြစ်သူ အသက် 35 နှစ်အရွယ် Suchada နှင့် ထိုင်းတာဝန်ရှိသူများက ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပါတယ် ။ သားအမိနှစ်ယောက်ပြန်ဆုံတွေ့တဲ့အချိန်မှာတော့ အတော်လေးကိုဝမ်းသာသွားခဲ့ကြပြီး ပွေ့ဖက်ကာငိုယိုခဲ့ကြပါတယ် ။

အင်တာဗျူ းတစ်ခုမှာတော့ Kaeomanee ဟာ သူမရဲ့သားဖြစ်သူကိုတွေ့ချင်လို့ လွန်ခဲ့တဲ့ 8လက နေအိမ်ကနေထွက်ခွာလာခဲ့တာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ” ကျွန်မ သားကိုတွေ့ဖို့ထွက်လာတာပါ ၊ သူ့ကိုတွေ့ပြီးတော့ ကျွန်မလမ်းဆက်ပြီးလျှောက်နေခဲ့တယ် ၊ အဲ့တုန်းက ဘေးပတ်ဝန်းကျင်မှာ ကားတွေလဲ မရှိဘူး ၊ ခြေလျင်လျှောက်ရင်းနဲ့ 600km အကွာအဝေးရှိတဲ့ တရုတ်နိုင်ငံအထိရောက်ရှိလာခဲ့တာပါ ၊ ဖွင့်ထားတဲ့ ဆိုင်ငယ်လေးတွေဆီကနေ အစားအစာလိုက်တောင်းစားရင်း လမ်းတစ်လျှောက် တစ်ယောက်တည်းလမ်းလျှောက်နေခဲ့တာပါ ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။

&;

Kaeomanee ဟာ သူမရဲ့ခရီးလမ်းတစ်လျှောက် 20kg အထိ ဝိတ်ကျသွားခဲ့ကြောင်း သိရပါတယ် ။ ယခုအချိန်မှာတော့ အသက် 59 နှစ်အရွယ် Kaeomanee ဟာ မိသားစုဝင်တွေ ၊ ဆွေမျိုးတွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့ပြီဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode