ဗဟုသုတ

သိန္း ၁၀၀ ပိုင္ဆိုင္သူက ဘာမွ မလုပ္ရဘဲ ၆၃ သိန္းပဲပိုင္ဆိုင္ေတာ့တဲ့အျဖစ္

သိန္း ၁၀၀ ပိုင္ဆိုင္သူက ဘာမွ မလုပ္ရဘဲ ၆၃ သိန္းပဲပိုင္ဆိုင္ေတာ့တဲ့အျဖစ္

ဇန္နဝါရီ ၃၁ ရက္ေန႔က အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၃၃၁ က်ပ္ တန္ဖိုးရွိပါတယ္။ ဒီကေန႔ စက္တင္ဘာ ၂ ရက္ေန႔ အေမရိကန္ ၁ ေဒၚလာကို ျမ

န္မာက်ပ္ေငြ ၁၈၃၀ အထိ ျပင္ပ ေပါက္ေဈး ရွိပါတယ္။

(ဗဟိုဘဏ္က ထုတ္ျပန္တဲ့ ေဈးႏႈန္းနဲ႔ ဘယ္မွာမွ ဝယ္မရ / ေရာင္းမရပါ)

ဆိုလိုတာက ၇ လအတြင္း သိန္း (၁၀၀) ပိုင္တဲ့သူဆိုရင္ ဘာမွ မလုပ္ရပဲ ၃၇ သိန္းေလာက္ ဆုံးရႈံးသြားရတာပါ။ ဒါေတာင္ ဘဏ္ကေန ေငြသားေျပာင္းရတဲ့

၆ ရာခိုင္ႏႈန္းေလာက္သာ ထည့္တြက္မယ္ဆိုရင္ ဒီထက္ေတာင္ ဆုံးရႈံးမႈ ပိုမ်ားပါေသးတယ္။

တကယ္ေတာ့ ဒီဆုံးရႈံးမႈျဖစ္စဥ္မွာ သင္ဘာ အမွားမွ မလုပ္ခဲ့ပါဘူး။ သူ႔ဘာသာ ျဖစ္သြားခဲ့တာပါ။ ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရတာ ဆိုသူမ်ား အတြက္ပါ။

ဗဟိုဘဏ္ ဒုဥကၠဌဦးဝင္း​ေသာ္က ​စက္တင္ဘာလဆန္းပိုင္းကစ ​ေငြမ်ားလိုသ​ေလာက္ထုတ္ယူႏိုင္​ေတာ့မည္လို႔ အင္တာဗ်ဳးမွာ​ေျဖ​ေတာ့ ​ေတာ္​ေတာ္မ်ားမ်ားက​​

ေငြထုတ္ဖို႔တန္႔​ေနၾကတယ္။

ပါဆန္႔​ေတြက်မယ္ ပါဆန္႔မပါဘဲ ထုတ္ခြင့္ရ​ေတာ့မယ္လို႔​ေမွ်ာ္လင့္​ေနၾကတယ္၊ အ​ေပ်ာ္လြန္ၿပီး ​ေမ့​ေနတာက ကုမၸဏီဆို သိန္း ၂၀၀၊ ကိုယ္ပိုင္အ​ေကာ

င့္ဆို သိန္း၂၀ သတ္မွတ္ခ်က္ကို ျပည့္​ေအာင္ထုတ္​ေပးဖို႔ ႀကိဳးစားထားတဲ့သ​ေဘာ ထည့္​ေျပာသြားတာကိုလ်စ္လ်ဴရႈထားၾကတယ္။

အဲ့​ေတာ့ပါဆန္႔​​ေစ်းကြက္ေပ်ာက္မလားလို႔​ ​​ေတြး​ေတာ​ေနသူ​ေတြအတြက္ ပါဆန္႔​ေစ်းကြက္မ​ေပ်ာက္ကြယ္ႏိုင္​ေသးဘူး။ ဘာလို႔ဆို ဘဏ္ဆိုတာ အပ္​

ေငြကိုယူ​တဖန္ျပန္​ေခ်း ဒီ၂ခု ၾကားထဲကကြာဟခ်က္အတိုးႏႈန္းကိုယူၿပီး

အဓိကရပ္တည္​ေနတာမလို႔အ​ေျခအ​ေနအရ ​ေခ်း​ေငြျပန္ဆပ္တာ​ေလ်ာ့နည္းလာသလို အပ္​ေငြကိုပါ လိုသ​​ေလာက္ထုတ္​ေပးခြင့္ျပဳလိုက္မယ္ဆိုရင္ ဘဏ္​

ေတြအ​ေနနဲ႔ ရပ္တည္ဖို႔​ေတာ္​ေတာ္ခက္သြားႏိုင္တယ္။

အရင္ကရရွိခဲ့တဲ့ ႏိုင္ငံျခား​ေငြလဲလွယ္တဲ့ ​ေစ်းကြက္ဟာလည္း ဘဏ္​ေတြမွာမရွိေတာ့ဘူး ​ေရာဂါ​နဲ႔ အျပင္မထြက္ရအမိန္႔​ေတြ​ေၾကာင့္ မွတ္ပုံတင္နဲ႔​ေငြ

လႊဲ​ေငြထုတ္က အျပင္ဆိုင္သမား​ေတြဆီမွာ ပို​ေရာက္​ေနၾကတယ္။

ဒီ​ေတာ့ဘဏ္ရဲ႕​ေထာက္တိုင္​ေတြကယိုင္​ေနတဲ့အခ်ိန္မွာ အပ္​ေငြသမား​ေတြကို လိုသ​ေလာက္စိတ္ႀကိဳက္သာ ထုတ္ခြင့္​ေပးလိုက္မယ္ဆိုရင္ ဘဏ္အ​ေနနဲ႔အျခားဝန္​ေ

ဆာင္မႈမ်ားပင္​ေပးဖို႔အခ်ိန္မရွိ ျဖစ္သြားႏိုင္တယ္။

ဒါ့အျပင္ ​ကိုဗစ္ဟာကမာၻ​ေျမက ပ​ေပ်ာက္သြားတဲ့ အ​ေျခအ​ေနမဟုတ္​ေသးတာ​ေၾကာင့္ ထုတ္ခ်င္ရင္​ေတာင္ ရက္အ​ေတာ္ၾကာ​ ေစာင့္ရတာမ်ိဳးရွိ​ေနႏိုင္ပါ​

ေသးတယ္။ အဲ့​ေတာ့​စိတ္ႀကိဳက္ထုတ္ခြင့္ရ​ေတာ့မွာဆိုၿပီး ​အၾကားနဲ႔​ေပ်ာ္​ေနသူမ်ား မ​ေပ်ာ္ပါနဲ႔ ။

ပါဆန္႔​ေစ်းကြက္ဟာ ျပည္သူမွျပည္သူသို႔ သြားတဲ့​ေစ်းကြက္ျဖစ္လို႔ ဘဏ္​ေငြ​ေတြဟာျပည္သူ​ေတြလက္ထဲမွာ စီးဆင္း​ေနရတာျဖစ္လို႔ ဒီ​ေစ်းကြက္ဟာ လ

တ္တ​ေလာ မ​ေပ်ာက္ကြယ္ႏိုင္​ေသးဘူး။

ပါဆန္႔က်မလားဆိုရင္​ေတာ့ ဝယ္လိုအားမ်ားရင္​ေစ်းတက္ဆိုသလိုဘဲ ထုတ္သူမ်ားရင္တက္မွာျဖစ္ၿပီး ထုတ္သူနည္းရင္​ေတာ့က်မွာျဖစ္တယ္။

ဒီ​ေစ်းကြက္ဆက္လက္တည္ရွိဖို႔ လိုလားသူ​ေတြရွိ​ေနတာေၾကာင့္ ထြက္ရွိလာမယ့္​ ေကာလဟလ အ​ေမွာင့္​ပ​ေယာဂေတြ​ေပၚမူတည္ၿပီး ​ေစ်းႏႈန္းမွန္း၍

မရပါ။

အျမင္​ေလး​​ေတြလည္း ​ေရးျပခဲ့ၾကပါဦး။ (Credit to Zaw Zaw Oo)

Unicode

သိန်း ၁၀၀ ပိုင်ဆိုင်သူက ဘာမှ မလုပ်ရဘဲ ၆၃ သိန်းပဲပိုင်ဆိုင်တော့တဲ့အဖြစ်

ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်

ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။

(ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဈေးနှုန်းနဲ့ ဘယ်မှာမှ ဝယ်မရ / ရောင်းမရပါ)

ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။ ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်း

လောက်သာ ထည့်တွက်မယ်ဆိုရင် ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။

တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ သူ့ဘာသာ ဖြစ်သွားခဲ့တာပါ။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ

အတွက်ပါ။

ဗဟိုဘဏ် ဒုဥက္ကဌဦးဝင်းသော်က စက်တင်ဘာလဆန်းပိုင်းကစ ငွေများလိုသလောက်ထုတ်ယူနိုင်တော့မည်လို့ အင်တာဗျုးမှာဖြေတော့ တော်တော်များများကငွေ

ထုတ်ဖို့တန့်နေကြတယ်။

ပါဆန့်တွေကျမယ် ပါဆန့်မပါဘဲ ထုတ်ခွင့်ရတော့မယ်လို့မျှော်လင့်နေကြတယ်၊ အပျော်လွန်ပြီး မေ့နေတာက ကုမ္ပဏီဆို သိန်း ၂၀၀၊ ကိုယ်ပိုင်အကောင့်ဆို သိန်း၂၀

သတ်မှတ်ချက်ကို ပြည့်အောင်ထုတ်ပေးဖို့ ကြိုးစားထားတဲ့သဘော ထည့်ပြောသွားတာကိုလျစ်လျူရှုထားကြတယ်။

အဲ့တော့ပါဆန့်ဈေးကွက်ပျောက်မလားလို့ တွေးတောနေသူတွေအတွက် ပါဆန့်ဈေးကွက်မပျောက်ကွယ်နိုင်သေးဘူး။ ဘာလို့ဆို ဘဏ်ဆိုတာ အပ်ငွေကိုယူတဖန်ပြန်

ချေး ဒီ၂ခု ကြားထဲကကွာဟချက်အတိုးနှုန်းကိုယူပြီး

အဓိကရပ်တည်နေတာမလို့အခြေအနေအရ ချေးငွေပြန်ဆပ်တာလျော့နည်းလာသလို အပ်ငွေကိုပါ လိုသလောက်ထုတ်ပေးခွင့်ပြုလိုက်မယ်ဆိုရင် ဘဏ်တွေအနေနဲ့

ရပ်တည်ဖို့တော်တော်ခက်သွားနိုင်တယ်။

အရင်ကရရှိခဲ့တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်ဟာလည်း ဘဏ်တွေမှာမရှိတော့ဘူး ရောဂါနဲ့ အပြင်မထွက်ရအမိန့်တွေကြောင့် မှတ်ပုံတင်နဲ့ငွေလွှဲငွေထုတ်က

အပြင်ဆိုင်သမားတွေဆီမှာ ပိုရောက်နေကြတယ်။

ဒီတော့ဘဏ်ရဲ့ထောက်တိုင်တွေကယိုင်နေတဲ့အချိန်မှာ အပ်ငွေသမားတွေကို လိုသလောက်စိတ်ကြိုက်သာ ထုတ်ခွင့်ပေးလိုက်မယ်ဆိုရင် ဘဏ်အနေနဲ့အခြား

ဝန်ဆောင်မှုများပင်ပေးဖို့အချိန်မရှိ ဖြစ်သွားနိုင်တယ်။

ဒါ့အပြင် ကိုဗစ်ဟာကမ္ဘာမြေက ပပျောက်သွားတဲ့ အခြေအနေမဟုတ်သေးတာကြောင့် ထုတ်ချင်ရင်တောင် ရက်အတော်ကြာ စောင့်ရတာမျိုးရှိနေနိုင်ပါသေးတယ်။

အဲ့တော့စိတ်ကြိုက်ထုတ်ခွင့်ရတော့မှာဆိုပြီး အကြားနဲ့ပျော်နေသူများ မပျော်ပါနဲ့ ။

ပါဆန့်ဈေးကွက်ဟာ ပြည်သူမှပြည်သူသို့ သွားတဲ့ဈေးကွက်ဖြစ်လို့ ဘဏ်ငွေတွေဟာပြည်သူတွေလက်ထဲမှာ စီးဆင်းနေရတာဖြစ်လို့ ဒီဈေးကွက်ဟာ လတ်တလော

မပျောက်ကွယ်နိုင်သေးဘူး။

ပါဆန့်ကျမလားဆိုရင်တော့ ဝယ်လိုအားများရင်ဈေးတက်ဆိုသလိုဘဲ ထုတ်သူများရင်တက်မှာဖြစ်ပြီး ထုတ်သူနည်းရင်တော့ကျမှာဖြစ်တယ်။

ဒီဈေးကွက်ဆက်လက်တည်ရှိဖို့ လိုလားသူတွေရှိနေတာကြောင့် ထွက်ရှိလာမယ့် ကောလဟလ အမှောင့်ပယောဂတွေပေါ်မူတည်ပြီး ဈေးနှုန်းမှန်း၍ မရပါ။

အမြင်လေးတွေလည်း ရေးပြခဲ့ကြပါဦး။ (Credit to Zaw Zaw Oo)