ၾကားသိရသမွ်
အဝတ်မဝတ်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းကို ဘောင်းဘီပုံစံ ဆေးခြယ်ပြီး မြို့အနှံလျှောက်သွားခဲ့သည့်အမျိုးသမီး
လူတွေက သတိထားမိခြင်းရှိမရှိကို စမ်းသပ်ရန်အတွက် အဝတ်မဝတ်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းကို ဘောင်းဘီပုံစံ ဆေးခြယ်ပြီး မြို့အနှံလျှောက်သွားခဲ့သည့်အမျိုးသမီး။
ပထမဦးဆုံးအနေဖြင့် ယခုလိုမျိုးစိတ်ကူးမိပြီး စမ်းသပ်လုပ်ဆောင်ရဲသည့် အမျိုးသမီး၏ ယုံကြည်မှုကိုတော့ အံ့သြမိတာအမှန်ပင်ဖြစ်ပါတယ်။
Scribbler PH ဆိုသည့် မော်ဒယ်အမျိုးသမီးဟာ အမေရိကန်နိုင်ငံ နယူးယောက်တစ်ခုလုံးကို ဘောင်းဘီမပါဘဲ အမှန်တကယ်ပတ်ခဲ့တာဖြစ်ပါတယ်။
သူမဟာ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးကို အဝတ်အစားမဝတ်ဘဲ ဂျင်းဘောင်းဘီနှင့် ပုံစံတူအောင်ဆေးခြယ်ပြီး အပြင်ထွက်ခဲ့တာဖြစ်ပါတယ်။
အပြင်ထွက်ရခြင်းဟာလည်း ပြည်သူတွေကို သူမကိုဘယ်လောက်ထိ ကိုယ်ရေးကိုယ်တာအတွက် အလုပ်ရှုပ်နေပြီး သူမကိုသတိထားမိခြင်းရှိမရှိကို သိရှိစေရန် စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။
လူအများစုတို့ဟာ သူမကို သတိထားမိခြင်း လုံးဝမရှိကြဘဲ သူတို့အတွက် အရေးပါသောအရာများကိုသာ ဆောင်ရွက်နေကြကြောင်း သိရှိခဲ့ရပါတယ်။crd
Zawgyi