ၾကားသိရသမွ်

အနုပညာလောကထဲ ဝင်ရောက်လာတော့မယ့် သရုပ်ဆောင် ကျော်ကျော်နန္ဒရဲ့ တူမလေး ကျော်ကျော်အိန္ဒြာ

အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိဖို့ ကြိုးစားလာခဲ့တဲ့အချိန် ဝေဖန်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကျော်ကျော်နန္ဒဟာ ယခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကလို ဝတ်စားဆင်ယဥ်မှုတွေလည်း ပြောင်းလဲလာခဲ့ပြီး ဘဝကို ရိုးရှင်းစွာပဲ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒဟာ လောကဓံရဲ့ ရိုက်ခတ်မှုကြားမှာလည်း ဘယ်လိုအခြေအနေမျိုးတွေပဲ ဖြစ်ဖြစ် အကောင်းဆုံး ရင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။

ပရိသတ်တွေရဲ့ အချစ်တွေကို ပိုမိုရရှိလာတဲ့ ကျော်ကျော်နန္ဒကတော့ (၅၀၅ က)ဖြင့် အမှုပြန်လည်ရုတ်သိမ်းခံလိုက်ရတဲ့အချိန်ကတည်းက အေးချမ်းတည်ငြိမ်စွာ ခက်ခဲတဲ့ အခြေအနေတွေကနေ ဘဝကို အကောင်းဆုံး လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒဟာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ပြီး တက်တက်ကြွကြွ လုပ်ဆောင်ပေးရင်း (၅၀၅ က)ဖြင့် အမှုဖွင့်ခံရသူပဲ ဖြစ်ပါတယ်။

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…
W3Schools

လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်နေတာ တွေ့ရပြီး အရင်လို ဝတ်စားဆင်ယဥ်ပုံတွေနဲ့ နေထိုင်မှုကအစ ပြောင်းလဲလာခဲ့ပါတယ်။

ဒါ့အပြင် ချစ်တူမလေးကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပရိသတ်တွေအရှေ့ကို ပွဲထုတ်လာခဲ့ပြီး တူရီးနှစ်ယောက် အနုပညာအလုပ်တွေကို အတူတူ လုပ်ကိုင်လာတာ တွေ့ရပါတယ်။ ယခုမှာတော့ ကျော်ကျော်နန္ဒက ချစ်တဲ့ပရိသတ်တွေကို ကတိတစ်ခုပေးလာခဲ့တာ တွေ့ရပါတယ်။

ဒါကတော့ သူတို့ တူရီးနှစ်ယောက်လုံးဟာ ပြည်သူကိုအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဂိမ်းကြော်ငြာနဲ့ sexy ကြော်ငြာအလုပ်တွေကို ယခုကနေ လက်ခံမရိုက်ကူးတော့ဘဲ အခြားသမာအာဇီဝကျတဲ့ အလုပ်တွေနဲ့သာ စားဝတ်နေရေးအတွက် ရပ်တည်သွားမယ့်အကြောင်းကို ကတိပေးထားခဲ့တာ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒရဲ့ ကတိပေးလာတဲ့ အပေါ်မှာလည်း ချစ်တဲ့ပရိသတ်တွေက ချစ်အားပိုခဲ့ပြီး ဝိုင်းဝန်းအားပေးခဲ့ကြတာကို တွေ့ရပါတယ်။