အိမ်တိုင်း၏မီးဖိုချောင်တွင်မရှိမဖြစ်သော အထူးသတိထားသင့်တဲ့ အန္တာရာယ်ရှိသောကျောက်ငရုတ်ဆုံအကြောင်း..
မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်။
ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်းဖြစ်သည်။
ခရမ်းချည်သီးခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်။
ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်။
ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်အန္တရာယ်များကြောင်းကိုသိသူရှားပါးမည် ဟုထင်ပါသည်။
မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည်။
ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည်။
ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက်ထောင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည်…။
အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေတဦးတယောက်တွင်သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်။
အမှန် တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာကုသခဲ့ရပါသည်။
နောက်ပိုင်း ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့သံကျည်ပွေ့များကို ရှောင်ရှားသွားရပါတော့သည်။
တချို့မိသားစု များက စဉ့်ထည်နှင့် ပြုလုပ်ထားသော ငရုတ်ဆုံများဖြင့်ထည့်ထောင်းကြ၍အန္တရာယ်မကြုံရပေစဉ့်ငရုတ်ဆုံမှာ သစ်သား ဝါးသားကျည်ပွေ့ များဖြင့်ထောင်းကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏။
ထို့ကြောင့် မီးဖိုချောင် မှာ ဟင်းမျိုးစုံ အသီးအရွက် အမျိုးစုံများမကျန်ထောင်း မည်ဆို၊
ကျောက်ငရုတ်ဆုံကျောက်ကျည်ပွေ့သံကျည်ပွေ့များအား ရှောင်ရှား၍
စဉ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များဝါးကျည်ပွေ့များကိုသာ အသုံးပြုကြပါရန် ၊စေတနာကောင်းဖြင့် ရေးသား တင်ပြလိုက်ရပါသည်။
ကန့်ဘလူကံတင်အောင်(ပထဝီဝင်)[ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ]မည်သူ့ကိုမျှရည်ညွန်းခြင်းမဟုတ်ပါ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။