“လာဘ်ခေါ်နေရာ”
အိမ်တစ်အိမ်မှာ “လာဘ်ခေါ်နေရာ” ဆိုတာရှိပါတယ်။ ဖုန်းရွှေပညာအရ လေ့လာကြည့်မယ်ဆိုရင် အိမ်တိုင်းမှာ “လာဘ်ခေါ်တဲ့နေရာ” ဆိုတာရှိကြပါတယ်။ ထို့ကြောင့် အိမ်ရဲ့ “လာဘ်ခေါ်နေရာ” မှာ “လာဘ်ခေါ်ပစ္စည်း” တွေထားလိုက်မယ်ဆိုရင် ထိုအိမ်ရဲ့ အိမ်ထောင်ဦးစီး၊ အိမ်ရှင်မ၊ အိမ်သူအိမ်သားတွေဟာ စီးပွားရေးအလုပ်ကိုင်တွေ အောင်မြင်တိုးတက်လာပါလိမ့်မယ်။
ပထမဦးစွာ အိမ်တစ်အိမ်ရဲ့ “လာဘ်ခေါ်နေရာ” ကိုပြောပြပါမယ်။ နေအိမ်တွေမှာ “လာဘ်ခေါ်နေရာ”က တစ်ခုစီ၊ တစ်နေရာစီပဲ ရှိကြတာပါ။
အိမ်ရဲ့ဧည့်ခန်းကိုဝင်တဲ့အိမ်တံခါးမကြီးကနေ ဧည့်ခန်းထဲကိုကြည့်လိုက်ရင် လက်ဝဲဘက်ထောင့်ဖြတ် အခန်းထောင့်နေရာဟာ အိမ်တစ်အိမ်ရဲ့ “လာဘ်ခေါ်နေရာ” ပဲဖြစ်ပါတယ်။ ထိုနေရာဟာ အိမ်သူအိမ်သားတွေရဲ့ စီးပွားရေးကံကြမ္မာကို ခြယ်လှယ်တဲ့နေရာပဲဖြစ်ပါတယ်။ ထိုကြောင့် ထိုနေရာကို သတိထားသင့်တာပဲဖြစ်ပါတယ်။
အခု …..”လာဘ်ခေါ်နေရာ”ကို သိရှိပြီးပြီဆိုရင် ထိုနေရာမှာ ဘယ်လိုလုပ်ဖို့လိုသလဲဆိုတာကို ဆက်လက်ပြောပြပေးပါမယ်။ “လာဘ်ခေါ်နေရာ” မှာ “လာဘ်ခေါ်ပစ္စည်း” ထားရပါမယ်။
လာဘ်ခေါ်ပစ္စည်းအနေနဲ့ ဘယ်အရာကိုထားရမလဲဆိုရင် “ပန်းပင်” ကိုထားရမှာပဲဖြစ်ပါတယ်။”ပန်းပင်” ဟာဆိုရင် အကောင်းဆုံး “လာဘ်ခေါ်ပစ္စည်း” တစ်ခုလည်းဖြစ်ပါတယ်။
“လာဘ်ခေါ်နေရာ” မှာ စိုက်ထားတဲ့ “ပန်းပင်” ပွင့်လန်းရှင်သန်လာတာနဲ့အမျှ အိမ်သူအိမ်သားတွေရဲ့ စီးပွားရေးဟာ တိုးတက်ဖွံ့ဖြိုးလာပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုတော့ရှိပါတယ်….။ ထားရှိရမယ့် ပန်းပင်ကတော့ အနီရောင်အပွင့်ပွင့်ပြီး အစိမ်းရောင် အရွက်အဝိုင်းပါတဲ့ ထိုပန်းပင်ကို အိမ်ဧည့်ခန်းရဲ့လက်ဝဲဘက်ထောင့်ဖြတ် နေရာမှာ ထားပေးရမှာဖြစ်ပါတယ်။
“ပန်းပင်” ရဲ့ အရွက်တွေဟာဆိုရင် ရှည်မျောမျော ဖြစ်နေရင်တော့ မကောင်းပါဘူး။ လုံးဝိုင်းပြီး စိမ်းလန်းတဲ့ အရွက်မျိုးရှိတဲ့ “ပန်းပင်” ဟာအကောင်းဆုံးဖြစ်ပါတယ်။ ပြီးရင် “ပန်းပင်” ရဲ့ အကိုင်းအခတ်တွေမှာ ဆူးမပါရပါဘူး။ ဒါကိုသတိပြုဖို့လိုပါလိမ့်မယ်။ အရွက်တွေ ညှိုးလာရင်၊ ဝါလာရင်၊ ရင့်ယော်လာရင်၊ ပိုးစားလာရင်၊ အဲ့ဒီအရွက်တွေကို ချက်ခြင်း ဖယ်ရှားပစ်ရပါမယ်ခင်ဗျာ။ အရွက်ညှိုး၊ အရွက်ဝါ၊ အရွက်ရင့်ယော်၊ အရွက်ပိုးစားတွေဟာ လာဘ်လာဘကို ထိခိုက် စေလို့ပဲဖြစ်ပါတယ်။
“ပန်းပင်” ကိုလည်း ပန်းအိုးလှလှလေးနဲ့ စိုက်ပေးရမှာပါ။ ကြွေပန်းအိုး….ကြေးဝါပန်းအိုးတွေကတော့ အကောင်းဆုံးပါပဲခင်ဗျာ။ ပန်းအိုးကို သန့်ရှင်းလှပနေအောင် အမြဲတမ်း တိုက်ချွတ်ဆေးကြောဖို့ လိုပါတယ်။
ပန်းအိုးထဲက မြေကိုလည်း နေ့တိုင်းဆိုသလို ပြုပြင်ပေးပြီး ရွှေရည်၊ငွေရည် လောင်းပေးနိုင်ရင် ပိုကောင်းပါတယ်ခင်ဗျာ။ ဘာ့ကြောင့်လဲဆိုရင် ထိုပန်းအိုးဟာ နေအိမ်ရဲ့ ဧည့်ခန်းဆောင်မှာ ရှိတဲ့ “လာဘ်ခေါ်နေရာ” မှာထားမှာပဲဖြစ်လို့ပါ။
ဒါကြောင့်မို့လို့ (၇) ရက် သားသမီးအပေါင်းဟာ မိမိအိမ်ရဲ့ “လာဘ်ခေါ်နေရာ” ကို သေချာစွာ စီစစ်ပြီး စီးပွားလာဘ်လာဘတွေ တိုးများလာအောင် ဆောင်ရွက်ဖို့အတွက် မင်းသိင်္ခ ပေ့ချ်စာမျက်နှာမှ ဗဟုသုတ အနေနဲ့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ဗေဒင်ကဏ္ဍများနှင့် အခြား ဗဟုသုတရစရာ အကြောင်းအရာများကို မင်းသိင်္ခ App မှာ အခမဲ့ ဖတ်ရှုလို့ရနိုင်ပါပြီခင်ဗျာ။
Zawgyi
“လာဘ္ေခၚေနရာ”
အိမ္တစ္အိမ္မွာ “လာဘ္ေခၚေနရာ” ဆိုတာရွိပါတယ္။ ဖုန္းေ႐ႊပညာအရ ေလ့လာၾကည့္မယ္ဆိုရင္ အိမ္တိုင္းမွာ “လာဘ္ေခၚတဲ့ေနရာ” ဆိုတာရွိၾကပါတယ္။ ထို႔ေၾကာင့္ အိမ္ရဲ႕ “လာဘ္ေခၚေနရာ” မွာ “လာဘ္ေခၚပစၥည္း” ေတြထားလိုက္မယ္ဆိုရင္ ထိုအိမ္ရဲ႕ အိမ္ေထာင္ဦးစီး၊ အိမ္ရွင္မ၊ အိမ္သူအိမ္သားေတြဟာ စီးပြားေရးအလုပ္ကိုင္ေတြ ေအာင္ျမင္တိုးတက္လာပါလိမ့္မယ္။
ပထမဦးစြာ အိမ္တစ္အိမ္ရဲ႕ “လာဘ္ေခၚေနရာ” ကိုေျပာျပပါမယ္။ ေနအိမ္ေတြမွာ “လာဘ္ေခၚေနရာ”က တစ္ခုစီ၊ တစ္ေနရာစီပဲ ရွိၾကတာပါ။
အိမ္ရဲ႕ဧည့္ခန္းကိုဝင္တဲ့အိမ္တံခါးမႀကီးကေန ဧည့္ခန္းထဲကိုၾကည့္လိုက္ရင္ လက္ဝဲဘက္ေထာင့္ျဖတ္ အခန္းေထာင့္ေနရာဟာ အိမ္တစ္အိမ္ရဲ႕ “လာဘ္ေခၚေနရာ” ပဲျဖစ္ပါတယ္။ ထိုေနရာဟာ အိမ္သူအိမ္သားေတြရဲ႕ စီးပြားေရးကံၾကမၼာကို ျခယ္လွယ္တဲ့ေနရာပဲျဖစ္ပါတယ္။ ထိုေၾကာင့္ ထိုေနရာကို သတိထားသင့္တာပဲျဖစ္ပါတယ္။
အခု …..”လာဘ္ေခၚေနရာ”ကို သိရွိၿပီးၿပီဆိုရင္ ထိုေနရာမွာ ဘယ္လိုလုပ္ဖို႔လိုသလဲဆိုတာကို ဆက္လက္ေျပာျပေပးပါမယ္။ “လာဘ္ေခၚေနရာ” မွာ “လာဘ္ေခၚပစၥည္း” ထားရပါမယ္။
လာဘ္ေခၚပစၥည္းအေနနဲ႔ ဘယ္အရာကိုထားရမလဲဆိုရင္ “ပန္းပင္” ကိုထားရမွာပဲျဖစ္ပါတယ္။”ပန္းပင္” ဟာဆိုရင္ အေကာင္းဆုံး “လာဘ္ေခၚပစၥည္း” တစ္ခုလည္းျဖစ္ပါတယ္။
“လာဘ္ေခၚေနရာ” မွာ စိုက္ထားတဲ့ “ပန္းပင္” ပြင့္လန္းရွင္သန္လာတာနဲ႔အမွ် အိမ္သူအိမ္သားေတြရဲ႕ စီးပြားေရးဟာ တိုးတက္ဖြံ႕ၿဖိဳးလာပါလိမ့္မယ္။ ဒါေပမဲ့ ဒီေနရာမွာ တစ္ခုေတာ့ရွိပါတယ္….။ ထားရွိရမယ့္ ပန္းပင္ကေတာ့ အနီေရာင္အပြင့္ပြင့္ၿပီး အစိမ္းေရာင္ အ႐ြက္အဝိုင္းပါတဲ့ ထိုပန္းပင္ကို အိမ္ဧည့္ခန္းရဲ႕လက္ဝဲဘက္ေထာင့္ျဖတ္ ေနရာမွာ ထားေပးရမွာျဖစ္ပါတယ္။
“ပန္းပင္” ရဲ႕ အ႐ြက္ေတြဟာဆိုရင္ ရွည္ေမ်ာေမ်ာ ျဖစ္ေနရင္ေတာ့ မေကာင္းပါဘူး။ လုံးဝိုင္းၿပီး စိမ္းလန္းတဲ့ အ႐ြက္မ်ိဳးရွိတဲ့ “ပန္းပင္” ဟာအေကာင္းဆုံးျဖစ္ပါတယ္။ ၿပီးရင္ “ပန္းပင္” ရဲ႕ အကိုင္းအခတ္ေတြမွာ ဆူးမပါရပါဘူး။ ဒါကိုသတိျပဳဖို႔လိုပါလိမ့္မယ္။ အ႐ြက္ေတြ ညႇိဳးလာရင္၊ ဝါလာရင္၊ ရင့္ေယာ္လာရင္၊ ပိုးစားလာရင္၊ အဲ့ဒီအ႐ြက္ေတြကို ခ်က္ျခင္း ဖယ္ရွားပစ္ရပါမယ္ခင္ဗ်ာ။ အ႐ြက္ညႇိဳး၊ အ႐ြက္ဝါ၊ အ႐ြက္ရင့္ေယာ္၊ အ႐ြက္ပိုးစားေတြဟာ လာဘ္လာဘကို ထိခိုက္ ေစလို႔ပဲျဖစ္ပါတယ္။
“ပန္းပင္” ကိုလည္း ပန္းအိုးလွလွေလးနဲ႔ စိုက္ေပးရမွာပါ။ ေႂကြပန္းအိုး….ေၾကးဝါပန္းအိုးေတြကေတာ့ အေကာင္းဆုံးပါပဲခင္ဗ်ာ။ ပန္းအိုးကို သန႔္ရွင္းလွပေနေအာင္ အၿမဲတမ္း တိုက္ခြၽတ္ေဆးေၾကာဖို႔ လိုပါတယ္။
ပန္းအိုးထဲက ေျမကိုလည္း ေန႔တိုင္းဆိုသလို ျပဳျပင္ေပးၿပီး ေ႐ႊရည္၊ေငြရည္ ေလာင္းေပးႏိုင္ရင္ ပိုေကာင္းပါတယ္ခင္ဗ်ာ။ ဘာ့ေၾကာင့္လဲဆိုရင္ ထိုပန္းအိုးဟာ ေနအိမ္ရဲ႕ ဧည့္ခန္းေဆာင္မွာ ရွိတဲ့ “လာဘ္ေခၚေနရာ” မွာထားမွာပဲျဖစ္လို႔ပါ။
ဒါေၾကာင့္မို႔လို႔ (၇) ရက္ သားသမီးအေပါင္းဟာ မိမိအိမ္ရဲ႕ “လာဘ္ေခၚေနရာ” ကို ေသခ်ာစြာ စီစစ္ၿပီး စီးပြားလာဘ္လာဘေတြ တိုးမ်ားလာေအာင္ ေဆာင္႐ြက္ဖို႔အတြက္ မင္းသိခၤ ေပ့ခ်္စာမ်က္ႏွာမွ ဗဟုသုတ အေနနဲ႔ တင္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။
ေဗဒင္က႑မ်ားႏွင့္ အျခား ဗဟုသုတရစရာ အေၾကာင္းအရာမ်ားကို မင္းသိခၤ App မွာ အခမဲ့ ဖတ္ရႈလို႔ရႏိုင္ပါၿပီခင္ဗ်ာ။