ၾကားသိရသမွ်

ယူကရိန်း ဘီယာစက်ရုံမှ ရုရှားစစ်တပ်ကို ပြန်တိုက်ဖို့ ဓာတ်ဆီပုလင်

ယူကရိန်း ဘီယာစက်ရုံမှ ရုရှားစစ်တပ်ကို ပြန်တိုက်ဖို့ ဓာတ်ဆီပုလင်းဗုံးတွေ ပြောင်းလဲ ထုတ်လုပ်

ယူကရိန်း ဘီယာစက်ရုံဟာ ဘီယာချက်လုပ်မယ့်အစား ရုရှားစစ်တပ်ကို ပြန်တိုက်ဖို့ ဓာတ်ဆီပုလင်းဗုံးတွေ ပြောင်းလဲ ထုတ်လုပ်နေပါတယ်။

ယူကရိန်းအနောက်ပိုင်း လစ်ဗီယွတ်မြို့က ပရပ်ဗ်ဒါ ဘီယာစက်ရုံက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ပုံ တံဆိပ်ကပ်ထားတဲ့ ဓာတ်ဆီပုလင်းဗုံးတွေကို ထုတ်လုပ်ရင်း စစ်ပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတွေ နိုင်ငံကို ကာကွယ်ဖို့ ဓာတ်ဆီပုလင်းဗုံးတွေကို လုပ်ကြဖို့ ဖေဖော်ဝါရီ ၂၅ ရက်က အားပေးခဲ့ပါတယ်။

ဗုံးလုပ်နည်းကိုလည်း ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ညွှန်ကြားချက်ကို တင်ထားခဲ့ပါတယ်။

ယူကရိန်းကို အုပ်ချုပ်နေတဲ့ နာဇီလက်သစ်တွေက ရုရှားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောရင်း အနောက်နိုင်ငံတွေရဲ့ သီတင်းပတ်ချီ သတိပေးချက်ကို လျစ်လျူရှုပြီး အထူးစစ်ဆင်ရေး ဆင်နွှဲဖို့ ပူတင်က အမိန့်ထုတ်ခဲ့တာပါ။

အနောက်နိုင်ငံတွေနဲ့ ယူကရိန်းကတော့ ရုရှားရဲ့ စွဲချက်က အခြေအမြစ်မရှိတဲ့ ဝါဒဖြန့်ချိရေး သက်သက်ပဲလို့ ပြောခဲ့ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ တနိုင်ငံက တခြားတနိုင်ငံကို အကြီးဆုံး တိုက်ခိုက်မှုဖြစ်လာခဲ့ပြီး ဥရောပတိုက်ရဲ့ စစ်အေးခတ်နှောင်းပိုင်း ဖွဲ့စည်းပုံကို ပြောင်းပြန်လှန်သွားအောင် ခြိမ်းခြောက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Ref DVB

zawgyi

ယူကရိန္း ဘီယာစက္႐ုံမွ ႐ုရွားစစ္တပ္ကို ျပန္တိုက္ဖို႔ ဓာတ္ဆီပုလင္းဗုံးေတြ ေျပာင္းလဲ ထုတ္လုပ္

ယူကရိန္း ဘီယာစက္႐ုံဟာ ဘီယာခ်က္လုပ္မယ့္အစား ႐ုရွားစစ္တပ္ကို ျပန္တိုက္ဖို႔ ဓာတ္ဆီပုလင္းဗုံးေတြ ေျပာင္းလဲ ထုတ္လုပ္ေနပါတယ္။

ယူကရိန္းအေနာက္ပိုင္း လစ္ဗီယြတ္ၿမိဳ႕က ပရပ္ဗ္ဒါ ဘီယာစက္႐ုံက ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ပုံ တံဆိပ္ကပ္ထားတဲ့ ဓာတ္ဆီပုလင္းဗုံးေတြကို ထုတ္လုပ္ရင္း စစ္ပြဲမွာ ပါဝင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနက ျပည္သူေတြ နိုင္ငံကို ကာကြယ္ဖို႔ ဓာတ္ဆီပုလင္းဗုံးေတြကို လုပ္ၾကဖို႔ ေဖေဖာ္ဝါရီ ၂၅ ရက္က အားေပးခဲ့ပါတယ္။

ဗုံးလုပ္နည္းကိုလည္း ဝန္ႀကီးဌာနရဲ့ အင္တာနက္စာမ်က္ႏွာေပၚမွာ ညႊန္ၾကားခ်က္ကို တင္ထားခဲ့ပါတယ္။

ယူကရိန္းကို အုပ္ခ်ဳပ္ေနတဲ့ နာဇီလက္သစ္ေတြက ႐ုရွားလုံျခဳံေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ ေျပာရင္း အေနာက္နိုင္ငံေတြရဲ့ သီတင္းပတ္ခ်ီ သတိေပးခ်က္ကို လ်စ္လ်ဴရႈၿပီး အထူးစစ္ဆင္ေရး ဆင္ႏႊဲဖို႔ ပူတင္က အမိန႔္ထုတ္ခဲ့တာပါ။

အေနာက္နိုင္ငံေတြနဲ႔ ယူကရိန္းကေတာ့ ႐ုရွားရဲ့ စြဲခ်က္က အေျခအျမစ္မရွိတဲ့ ဝါဒျဖန႔္ခ်ိေရး သက္သက္ပဲလို႔ ေျပာခဲ့ပါတယ္။

႐ုရွားရဲ့ တိုက္ခိုက္မႈဟာ ဒုတိယကမၻာစစ္ေနာက္ပိုင္း ဥေရာပမွာ တနိုင္ငံက တျခားတနိုင္ငံကို အႀကီးဆုံး တိုက္ခိုက္မႈျဖစ္လာခဲ့ၿပီး ဥေရာပတိုက္ရဲ့ စစ္ေအးခတ္ေႏွာင္းပိုင္း ဖြဲ႕စည္းပုံကို ေျပာင္းျပန္လွန္သြားေအာင္ ၿခိမ္းေျခာက္ေနတယ္လို႔ ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Ref DVB