ၾကားသိရသမွ်

လမ်းမအလယ်တွင် ထီးကလေးကိုဆောင်းပြီး ‘ငါလည်းအပျိုပါ ရည်စားလိုချင်လို့ လာကြိုက်ကြပါဦး ‘ဆိုပြီး အော်နေခဲ့သည့်ကောင်မလေး

လူတိုင်းသည် အရွယ်ရောက်လာပြီးနောက်တွင် မိမိချစ်ရသောသူနှင့် အတူနေထိုင်ကာ ပျော်ရွင်ဖွယ်ဘဝတစ်ခုကို ဖန်တီးလိုကြပေသည်။အချို့သည်ကား အချစ်နှင့်အတူ ဘဝတစ်ခုဖြတ်သန်းရန် စိတ်ကူလေးများကို အကောင်အထည်ဖော်နိုင်သော်လည်း အချို့ကတော့ လာကြိုက်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့သည့်အတွက် တစ်ယောက်တည်း အထီးကျန်စွာရှိနေတတ်ပါတယ်။

 

ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် ရည်းစားမရှိဘဲ တစ်ယောက်တည်းနေရသည်ကို မကျေမနပ်ဖြစ်လာခဲ့ပုံရသည်။ထို့ကြောင့် ဗီယက်နမ်နိုင်ငံ ဟန်နွိုင်းမြို့၏ လူသူများပြားသော လမ်းပေါ်တစ်ခုတွင် အော်ပြောနေခဲ့ပါတယ်။သူမအော်ပြောတာကတော့ သူအဟာလည်း အပျိုးလေးဖြစ်ကြောင်းနှင့် ချစ်တတ်သော နှလုံးသားလည်းရှိကြောင်း မည်သူမဆိုလာကြိုက်နိုင်ကြောင်း အော်ပြောနေခဲ့ပါတယ်။

စာဖတ်သူတို့ထဲက ရည်စားမရှိတဲ့သူငယ်ချင်းတွေကိုလည်း ဒီအကြံလေးကို ပြောပြဖို့ မမေ့လိုက်ပါနဲ့နော်။

Shoon (Cele Daily)




Shoon (Cele Daily)