၀န်ထမ်းအများစုဟာ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် လစာဘယ်လောက်ပေးလဲဆိုတာကို အဓိကထားကြည့်တတ်တာ များပါတယ်။ဒီကုမ္ပဏီကတော့ ဘယ်လိုမျိုးအပိုဆုကြေးပေးတဲ့ရာဇဝင်ရှိတယ်..၊
ဝန်ထမ်းတွေကို ဘယ်လိုကူညီတတ်လဲ၊သူဌေးကဘယ်လိုလူစားမျိုးလဲ စတာတွေကို စုံစမ်းသူဟာ ရှားတယ်။
ယခုလဲ တရုတ်နိုင်ငံရှိကုမ္ပဏီတစ်ခုက သူဌေးက သူ့ဝန်ထမ်းတွေကို နှစ်တစ်နှစ်ကုန်တိုင်း နွမ်းပါးတဲ့..ဝန်ထမ်းတွေကို အိမ်တစ်လုံးဝယ်ပေးလေ့ရှိတယ်လို့ သိရပါတယ်နော်။
တရုတ်နိုင်ငံ၊ Guangdong မြို့ရှိ Anyu Industry က စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။ အဲ့ဒီကုမ္ပဏီရဲ့ သူဌေးဖြစ်သူ Zhongming Yu ကတော့ နှစ်စဉ် နေစရာအိမ်လိုအပ်တဲ့ ဝန်ထမ်းတွေအတွက်
ပျမ်ူမျှမြန်မာငွေသိန်း(၃၅၀၀၀) ကျော်ကုန်ကျခံပြီးတော့ အိမ်ဝယ်ဝယ်ပေးလေ့ရှိကြောင်း Sin Chewသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရတာ ဖြစ်ပါတယ်။
ဒီလိုဝယ်ပေးခြင်းကလည်း မိသားစုအတွင်းမှာ နေစရာနေရာ ပြဿနာတွေမရှိအောင်လို့ စီစဉ်ပေးတာဖြစ်ကြောင်း သိရပါတယ်နော်။ဒီလိုအစီအစဉ်ကို အကောင် အထည်ဖော်ခဲ့ကတော့ (၂၀၁၅)ကတည်းကဖြစ်ပြီးတော့
အခုလို (၅)နှစ်နီးပါးရှိပြီဖြစ်ကြောင်း ပြောပြခဲ့တာပါ။ကျွန်ျတာ်ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ခဲ့တာ ၅နှစ်နီးပါးရှိပါပြီ။ဝန်ထမိးတွေကို အလုပ်ရှင် အလုပ်သမားဆက်ဆံရေးထက်
ကိုယ့်မိသားစုဝင်တွေလိုပဲ ကျွန်တော်သဘောထားပါတယ်။နေစရာအိမ်ရှိရင်တောင်မှ ဥယျာဉ်ခြံစိုက်ပျိုးတာ ဝါဿနာပါရင် ကျွန်တော့် မြေကွက်တွေမှာ အလကားစိုက်ပျိုးရောင်းချခွင့်ပါပေးထားပါတယ်။
ဒီလိုမျိုးတွေ လုပ်ပေးလို့ ကျွန်တော်အရမ်းချမိးသာနေတယ်မထင်ပါနဲ့။လွန်ခဲတဲ့လကတောင် ဘဏ်က ပိုက်ဆံချေးနေရတယ်။ဒါပေမယ့် ကျွန်တော့်မိသားစုဝင် လုပ်ဖော် ကိုင်ဖက်တွေ အဆင်ပြေနေရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်
လို့ဆိုပြီးတော့ Zhongmingက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
credit
Zawgyi
၀န္ထမ္းအမ်ားစုဟာ အလုပ္တစ္ခုကို ေလွ်ာက္ေတာ့မယ္ဆိုရင္ လစာဘယ္ေလာက္ေပးလဲဆိုတာကို အဓိကထားၾကည့္တတ္တာ မ်ားပါတယ္။ဒီကုမၸဏီကေတာ့ ဘယ္လိုမ်ိဳးအပိုဆုေၾကးေပးတဲ့ရာဇဝင္ရွိတယ္၊
ဝန္ထမ္းေတြကို ဘယ္လိုကူညီတတ္လဲ၊သူေဌးကဘယ္လိုလူစားမ်ိဳးလဲ စတာေတြကို စုံစမ္းသူဟာ ရွားတယ္။
ယခုလဲ တ႐ုတ္ႏိုင္ငံရွိကုမၸဏီတစ္ခုက သူေဌးက သူ႔ဝန္ထမ္းေတြကို ႏွစ္တစ္ႏွစ္ကုန္တိုင္း ႏြမ္းပါးတဲ့ ဝန္ထမ္းေတြကို အိမ္တစ္လုံးဝယ္ေပးေလ့ရွိတယ္လို႔ သိရပါတယ္ေနာ္။
တ႐ုတ္ႏိုင္ငံ၊ Guangdong ၿမိဳ႕ရွိ Anyu Industry က စက္ပစၥည္းေတြ ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုပါ..။ အဲ့ဒီကုမၸဏီရဲ႕ သူေဌးျဖစ္သူ Zhongming Yu ကေတာ့ ႏွစ္စဥ္ ေနစရာအိမ္လိုအပ္တဲ့ ဝန္ထမ္းေတြအတြက္
ပ်မ္ူမွ်ျမန္မာေငြသိန္း(၃၅၀၀၀) ေက်ာ္ကုန္က်ခံၿပီးေတာ့ အိမ္ဝယ္ဝယ္ေပးေလ့ရွိေၾကာင္း Sin Chewသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရတာ ျဖစ္ပါတယ္။
ဒီလိုဝယ္ေပးျခင္းကလည္း မိသားစုအတြင္းမွာ ေနစရာေနရာ ျပႆနာေတြမရွိေအာင္လို႔ စီစဥ္ေပးတာျဖစ္ေၾကာင္း သိရပါတယ္ေနာ္။ဒီလိုအစီအစဥ္ကို အေကာင္ အထည္ေဖာ္ခဲ့ကေတာ့ (၂၀၁၅)ကတည္းကျဖစ္ၿပီးေတာ့
အခုလို (၅)ႏွစ္နီးပါးရွိၿပီျဖစ္ေၾကာင္း ေျပာျပခဲ့တာပါ။ကြၽန္်တာ္ဒီစိတ္ကူးေလးကို အေကာင္အထည္ေဖာ္ခဲ့တာ ၅ႏွစ္နီးပါးရွိပါၿပီ။ဝန္ထမိးေတြကို အလုပ္ရွင္ အလုပ္သမားဆက္ဆံေရးထက္
ကိုယ့္မိသားစုဝင္ေတြလိုပဲ ကြၽန္ေတာ္သေဘာထားပါတယ္..။ေနစရာအိမ္ရွိရင္ေတာင္မွ ဥယ်ာဥ္ၿခံစိုက္ပ်ိဳးတာ ဝါႆနာပါရင္ ကြၽန္ေတာ့္ ေျမကြက္ေတြမွာ အလကားစိုက္ပ်ိဳးေရာင္းခ်ခြင့္ပါေပးထားပါတယ္။
ဒီလိုမ်ိဳးေတြ လုပ္ေပးလို႔ ကြၽန္ေတာ္အရမ္းခ်မိးသာေနတယ္မထင္ပါနဲ႔။လြန္ခဲတဲ့လကေတာင္ ဘဏ္က ပိုက္ဆံေခ်းေနရတယ္။ဒါေပမယ့္ ကြၽန္ေတာ့္မိသားစုဝင္ လုပ္ေဖာ္ ကိုင္ဖက္ေတြ အဆင္ေျပေနရင္ပဲ ကြၽန္ေတာ္ေက်နပ္ပါတယ္
လို႔ဆိုၿပီးေတာ့ Zhongmingက ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
credit