3 in 1ဆက်ဆံ ပေးဖို့တောင်းဆိုမှုကို လက်မခံတဲ့ အိမ်ထောင်သည် အမျိုးသားကို ဓားနဲ့ လိုက်ခုတ်မှုဖြစ်ပွား
အိမ်ထောင်ရှိအမျိုးသားကို ဇနီးနဲ့အတူ သူမကိုပါ ပေါင်းသင်းပြီး သုံးဦးအတူ လိင်ဆက်ဆံပေးဖို့တောင်းဆိုတာကို
လက်မခံလို့ အမျိုသားကို တောင်းဆိုသူ ထိုင်းအမျိုးသမီးက အိမ်အထိ ဆာမူရိုင်းဓားရှည်ကိုင်ဆောင်ပြီး လိုက်လာခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအင်တာနက်ဆိုရှယ်စာမျက်နှာမှာ အဆိုပါရုပ်သံဟာ ပျံ့နှံ့လာပြီး ရုပ်သံဖိုင်ထဲမှာ အမျိုးသမီးတစ်ဦးဟာ အမျိုးသားရဲ့ အိမ်ရှေ့ထိရောက်လာပြီ
း ဓားနဲ့ ခုတ်ဖို့ ကြိုးစားနေကာ ဆဲဆိုကြိမ်းမောင်းခြင်းတွေလည်း ရှိခဲ့တာကို တွေ့ရပါတယ်။
အဲဒီအမျိုးသမီးက သုံးဦးအတူလိင်ဆက်ဆံဖို့ အတင်းအကျပ် တောင်းဆိုနေမှုကြောင့် ဘန်ကောက်ကနေ ထွက်ပြေးရတဲ့အထိ
အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဇနီးမောင်နှံက ပြောပြခဲ့ပါတယ်။
ထိုင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ထဲမှာ အဲ လို့ခေါ်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားဟာ
အမ်း လို့ခေါ်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ တစ်နှစ်ကြာ သူငယ်ချင်းဆက်ဆံရေးတွေ ရှိခဲ့ကြပြီး အပြန်အလှန်မှာလည်း အိမ်ထောင်တွေ ရှိကြပါတယ်။
သို့ပေမယ့်လည်း အမျိုးသမီးဟာ သူမရဲ့အိမ်ထောင်ဖက် မသိအောင် အမ်းတို့ဇနီးမောင်နှံနဲ့အတူ လိင်ဆက်ဆံဖို့ တောင်းဆိုခဲ့တာကို အမျိုသားက
အကြိမ်ကြိမ် ငြင်းဆိုခဲ့ကာ နောက်ဆုံးမှာတော့ ဘန်ကောက်မြို့ကနေ ထွက်ပြေးလာရတဲ့အထိပဲ ဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးဟာ အမျိုးသားရဲ့ မိသားစုနေအိမ်အထိ လိုက်လာပြီး ခြိမ်းခြောက်မှုတွေ၊ ဆဲဆိုကြိမ်းမောင်းမှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အမ်း ဆိုတဲ့အမျိုးသမီးဟာ စိတ်ရောဂါလက္ခဏာတွေ ရှိနိုင်တယ်ဆိုတဲ့အကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Mercury_Media ထိုင်း ဆာမူရိုင်းဓား



