ၾကားသိရသမွ်

လာမည့္ ေမလ (၉) ရက္ေန႔ ( သို႔မဟုတ္ ) ကမာၻႀကီးနဲ႔ ျမန္မာျပည္ ဘာဆက္ျဖစ္မလဲဆိုတာ ကြဲကြဲျပားျပား သိရေတာ့မယ့္ေန႔

လာမည့္ ေမလ (၉) ရက္ေန႔ ( သို႔မဟုတ္ ) ကမာၻႀကီးနဲ႔ ျမန္မာျပည္ ဘာဆက္ျဖစ္မလဲဆိုတာ ကြဲကြဲျပားျပား သိရေတာ့မယ့္ေန႔

အက်ိဳး-အေၾကာင္း၊ အဆိုး-အေကာင္းေတြကို ကြဲကြဲျပားျပားသိျမင္ရမယ့္ ၂၀၂၂ ခုႏွစ္ ေမ ဒီလိုေခါင္းစဥ္တပ္လို႔ ေမာင္ရွင္ဟာ ေဗဒင္ဆရာလား.. အၾကားအျမင္ရသူလားဆိုၿပီး မထင္ၾကနဲ႔ဦးေနာ္.. ျဖစ္ခဲ့တဲ့သတင္းျဖစ္စဥ္ေတြကိုၾကည့္ၿပီး

ကိုယ့္အျမင္သုံးသပ္တာပါ.. ပထမဆုံးကမာၻ႔ေရးရာကိစၥေတြကေတာ့ ႐ုရွား-ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ဒီေမလဆန္းေလာက္မွာ န်ဳလက္နက္ ဘယ္ေလာက္အတိုင္းအဆအထိသုံးမယ္..။ မသုံးဘူးဆိုတာ

ကြဲကြဲျပားျပားသိလာရလိမ့္မယ္လို႔ ယူဆပါတယ္။ ဒါကလည္း ‘ပူတင္န်ဴလက္နက္သုံးလာႏိုင္ေခ်ရွိသလား’ ဆိုတဲ့ ေခါင္းစဥ္နဲ႔ မိမိအျမင္ကိုေရးခဲ့စဥ္တုန္းကအတိုင္း ‘မဟာအရွက္ေတာ္ကြဲေနတဲ့ပူတင္’က

အခုဆို ကမာၻႀကီးကို စကားလုံးေတြနဲ႔ၿခိမ္းေျခာက္တဲ့အဆင့္ကေန နမူနာသေဘာ၊ အျမည္းသေဘာနဲ႔ ကုလအတြင္းေရးမႉးခ်ဳပ္ေခတၱေရာက္ရွိတည္းခိုေနတဲ့ ယူကရိန္းၿမိဳ႕ေတာ္ ‘ကိယစ့္’ကို ဒုံးက်ည္လက္နက္ပစ္ျပလိုက္ပါတယ္။

(သုံးစားမရတဲ့)ကုလအတြင္းေရးမႉးခ်ဳပ္လည္း ညႀကီးမင္းႀကီး သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ထြက္ခြာသြားရတာကိုပဲၾကည့္.. ေျမာက္ကိုရီးယားေခါင္းေဆာင္ကလည္း

‘ရန္သူေတြကိုအျမစ္ျပတ္ေခ်မႈန္းဖို႔အတြက္ လက္နက္ေတြအဆင့္ျမင့္ထုတ္သြားမယ္..’လို႔ ကမာၻကိုစိန္ေခၚေနေလရဲ႕.. တီလုတ္ႀကီးကလည္း ယူကရိန္းဟာ ႐ုရွားပိုင္ျဖစ္လို႔ သိမ္းတယ္ဆိုရင္ ထိုင္ဝမ္ဆိုတာ

ငါတို႔အပိုင္ကြၽန္းစုေလးျဖစ္တယ္ဆိုတာ ေျပာစရာမလိုဘူးထင္ပါတယ္..လို႔ ေလသံမာမာနဲ႔ၿခိမ္းေျခာက္လာၿပီ။ ဒီအကြက္ေတြကိုႀကိဳျမင္တာလား ဒါမွမဟုတ္

စူပါပါဝါအင္အားျပၿပီး အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ကာကြယ္ေပးေနတာလား မကြဲျပားေတာ့ေပမယ့္ ကမာၻ႔ပုလိပ္ႀကီးအေမရိကန္ကေတာ့ ယူကရိန္းကို ပူတင္စတင္က်ဴးေက်ာ္ကတည္းက မက်ဖို႔ကို ေပၚေပၚထင္ထင္

ေျပာဆိုစည္း႐ုံးၿပီး လက္နက္ေရာ ေငြပါေထာက္ပံ့ေပးေနလ်က္.. တျခားကမာၻ႔အေရးေတြအမ်ားႀကီးရွိေပမယ့္(ဥပမာ- အစၥေရး-ပါလက္စတိုင္းအေရး၊ အီရန္အေရးစသည္ျဖင့္)

လက္တေလာ’ေဟာ့’ေနတာက ႐ုရွား, ေျမာက္ကိုရီးယားနဲ႔ တီလုတ္.. ကိုယ္ေတြ ႏိုင္ငံအေရးကလည္း ထိုနည္းလည္ေကာင္းပဲ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဆိုတာ တိုင္းျပည္ကိုဖ်က္ဆီးေနသူေတြ။

တက္လာတဲ့အစိုးရ မွန္သမွ်ကို ဆန႔္က်င္တိုက္ခိုက္ေနသူေတြ လို႔ေျပာခဲ့တဲ့’မအလ’က အခုေတာ့ ‘တိုင္းရင္းသားလက္နက္ကိုင္ေတြကို က်ေနာ္ကိုယ္တိုင္ေတြ႕ပါမယ္..’

ဆိုၿပီး ေျပာလာျပန္ေလေရာ။ ဒီလိုေျပာလို႔ ‘မအလ’ဟာ ‘ေသြး႐ူးေသြးတန္း’နဲ႔ေျပာတယ္မထင္နဲ႔.. ‘ဘာေတးလစ္တနာ’ေျပာခဲ့သလိုပဲ.. ‘ျမန္မာအာဏာသိမ္းစစ္တပ္ဟာ ဘယ္ကိစၥမဆို စစ္ေရးအျမင္နဲ႔

ပဲသုံးသပ္ဆုံးျဖတ္ၿပီး မဟာဗ်ဴဟာက်က်ေရာ၊ နည္းဗ်ဴဟာက်က်ပါလုပ္ေဆာင္ေနသူ..’ဆိုတဲ့စကားဟာ အမွန္ဆုံးပဲ.. ‘မအလ’ထြက္ေပါက္ျဖစ္တဲ့ ၂၀၂၃ ေ႐ြးေကာက္ပြဲကို

မျဖစ္,ျဖစ္တဲ့နည္းနဲ႔က်င္းပမယ္.. အဲ့လိုက်င္းပဖို႔အတြက္ နယ္ေျမေတြ တည္ၿငိမ္ဖို႔လိုသလို၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ceasefire လုပ္ဖို႔လိုတယ္ ဆိုတဲ့မူအတိုင္း ၂၀၀၈ ေျခဥအရ သက္တမ္းသိပ္မက်န္ေတာ့တဲ့အခ်ိန္မွာ ‘မအလ’ဟာ ‘သပ္သ်ိဴေသြးခြဲ အျမစ္ျပတ္ေခ်မႈန္းေရးလမ္းစဥ္’ က်င့္သုံးလာေတာ့မယ္။

Crd

 

လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့

အကျိုး-အကြောင်း၊ အဆိုး-အကောင်းတွေကို ကွဲကွဲပြားပြားသိမြင်ရမယ့် ၂၀၂၂ ခုနှစ် မေ ဒီလိုခေါင်းစဉ်တပ်လို့ မောင်ရှင်ဟာ ဗေဒင်ဆရာလား.. အကြားအမြင်ရသူလားဆိုပြီး မထင်ကြနဲ့ဦးနော်.. ဖြစ်ခဲ့တဲ့သတင်းဖြစ်စဉ်တွေကိုကြည့်ပြီး

ကိုယ့်အမြင်သုံးသပ်တာပါ.. ပထမဆုံးကမ္ဘာ့ရေးရာကိစ္စတွေကတော့ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဒီမေလဆန်းလောက်မှာ နျုလက်နက် ဘယ်လောက်အတိုင်းအဆအထိသုံးမယ်..။ မသုံးဘူးဆိုတာ

ကွဲကွဲပြားပြားသိလာရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကလည်း ‘ပူတင်နျူလက်နက်သုံးလာနိုင်ချေရှိသလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိမိအမြင်ကိုရေးခဲ့စဉ်တုန်းကအတိုင်း ‘မဟာအရှက်တော်ကွဲနေတဲ့ပူတင်’က

အခုဆို ကမ္ဘာကြီးကို စကားလုံးတွေနဲ့ခြိမ်းခြောက်တဲ့အဆင့်ကနေ နမူနာသဘော၊ အမြည်းသဘောနဲ့ ကုလအတွင်းရေးမှူးချုပ်ခေတ္တရောက်ရှိတည်းခိုနေတဲ့ ယူကရိန်းမြို့တော် ‘ကိယစ့်’ကို ဒုံးကျည်လက်နက်ပစ်ပြလိုက်ပါတယ်။

(သုံးစားမရတဲ့)ကုလအတွင်းရေးမှူးချုပ်လည်း ညကြီးမင်းကြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထွက်ခွာသွားရတာကိုပဲကြည့်.. မြောက်ကိုရီးယားခေါင်းဆောင်ကလည်း

‘ရန်သူတွေကိုအမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်တွေအဆင့်မြင့်ထုတ်သွားမယ်..’လို့ ကမ္ဘာကိုစိန်ခေါ်နေလေရဲ့.. တီလုတ်ကြီးကလည်း ယူကရိန်းဟာ ရုရှားပိုင်ဖြစ်လို့ သိမ်းတယ်ဆိုရင် ထိုင်ဝမ်ဆိုတာ

ငါတို့အပိုင်ကျွန်းစုလေးဖြစ်တယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ်..လို့ လေသံမာမာနဲ့ခြိမ်းခြောက်လာပြီ။ ဒီအကွက်တွေကိုကြိုမြင်တာလား ဒါမှမဟုတ်

စူပါပါဝါအင်အားပြပြီး အမျိုးသားအကျိုးစီးပွားအတွက် ကာကွယ်ပေးနေတာလား မကွဲပြားတော့ပေမယ့် ကမ္ဘာ့ပုလိပ်ကြီးအမေရိကန်ကတော့ ယူကရိန်းကို ပူတင်စတင်ကျူးကျော်ကတည်းက မကျဖို့ကို ပေါ်ပေါ်ထင်ထင်

ပြောဆိုစည်းရုံးပြီး လက်နက်ရော ငွေပါထောက်ပံ့ပေးနေလျက်.. တခြားကမ္ဘာ့အရေးတွေအများကြီးရှိပေမယ့်(ဥပမာ- အစ္စရေး-ပါလက်စတိုင်းအရေး၊ အီရန်အရေးစသည်ဖြင့်)

လက်တလော’ဟော့’နေတာက ရုရှား, မြောက်ကိုရီးယားနဲ့ တီလုတ်.. ကိုယ်တွေ နိုင်ငံအရေးကလည်း ထိုနည်းလည်ကောင်းပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာ တိုင်းပြည်ကိုဖျက်ဆီးနေသူတွေ။

တက်လာတဲ့အစိုးရ မှန်သမျှကို ဆန့်ကျင်တိုက်ခိုက်နေသူတွေ လို့ပြောခဲ့တဲ့’မအလ’က အခုတော့ ‘တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်..’

ဆိုပြီး ပြောလာပြန်လေရော။ ဒီလိုပြောလို့ ‘မအလ’ဟာ ‘သွေးရူးသွေးတန်း’နဲ့ပြောတယ်မထင်နဲ့.. ‘ဘာတေးလစ်တနာ’ပြောခဲ့သလိုပဲ.. ‘မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဘယ်ကိစ္စမဆို စစ်ရေးအမြင်နဲ့

ပဲသုံးသပ်ဆုံးဖြတ်ပြီး မဟာဗျူဟာကျကျရော၊ နည်းဗျူဟာကျကျပါလုပ်ဆောင်နေသူ..’ဆိုတဲ့စကားဟာ အမှန်ဆုံးပဲ.. ‘မအလ’ထွက်ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို

မဖြစ်,ဖြစ်တဲ့နည်းနဲ့ကျင်းပမယ်.. အဲ့လိုကျင်းပဖို့အတွက် နယ်မြေတွေ တည်ငြိမ်ဖို့လိုသလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ceasefire လုပ်ဖို့လိုတယ် ဆိုတဲ့မူအတိုင်း ၂၀၀၈ ခြေဥအရ သက်တမ်းသိပ်မကျန်တော့တဲ့အချိန်မှာ ‘မအလ’ဟာ ‘သပ်သျိူသွေးခွဲ အမြစ်ပြတ်ချေမှုန်းရေးလမ်းစဉ်’ ကျင့်သုံးလာတော့မယ်။

Crd