ၾကားသိရသမွ်

“အပေါ်ယံတွေသာ များပြီး တကယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်တဲ့ NATO အဖွဲ့ကို ယူကရိန်းသမ္မတ ဒဲ့ပြောပြီ”

ယူကရိန်းသမ္မတ Zelensky ကတော့ NATO နေတိုးအဖွဲ့ကို ဒဲ့ဝေဖန်လိုက်ပါပြီ။

“ဒီနေ့ကစပြီး သေကျေကြရတဲ့လူအားလုံးဟာ ခင်ဗျားတို့ကြောင့်သေကျေရတာ။

ခင်ဗျားတို့ရဲ့ ပျော့ညံ့မှု၊ ခင်ဗျားတို့ရဲ့ မစည်းလုံးမှုတို့ကြောင့် သေကျေရတာဖြစ်တယ်” လို့ မနေ့ညကမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

“All the people who die from this day forward will also die because of you, because of your weakness, because of your lack of unity,” he said in an address, sometime after midnight in Ukraine.

နေတိုးမဟာမိတ်တွေဟာ “#လေယာဉ်မပျံသန်းရဇုံ” သတ်မှတ်ဖို့ငြင်းဆိုခဲ့ခြင်းဟာ ယူကရိန်းမြို့ရွာတွေကို ဗုံးကြဲဖို့ မီးစိမ်းပြလိုက်ခြင်းပဲလို့ ဒေါသနဲ့ပြောခဲ့ပါတယ်။

“The alliance has given the green light to the bombing of Ukrainian cities and villages by refusing to create a no-fly zone.”

တကယ်တော့လည်း အနောက်အုပ်စုဟာ ရုရှားနဲ့ထိပ်တိုက်မရင်ဆိုင်ချင်တဲ့အတွက် အကြောင်းပြချက်မျိုးစုံနဲ့ ဘာလုပ်လုပ်တွန့်ဆုတ်နေတာပါ။

ယူကရိန်းအတွက်က အသက်နဲ့သေရေးရှင်ရေးဖြစ်နေပြီး အနောက်အုပ်စုက ဆန်ရှင်ပြစ်ဒဏ်ခတ်တာတောင်မှ တဆင့်ချင်းလိပ်သွားနှုန်းနဲ့ သွားနေတာပါ။

ဒီပြဿနာဟာ #ဘယ်သူကဘယ်လောက်မှန်သလဲပြောရခက်ပါတယ်။

နောက်ဆုံးတော့ ကိုယ်ကျိုးစီးပွားကြည့်ကြတာပါပဲ။

ယူကရိန်းအတွက်ကဘရုရှားလက်အောက်မကျရောက်ဖို့ အသက်နဲ့လဲပြီးကာကွယ်ကြရတဲ့ စစ်ပွဲပါ။

အနောက်အုပ်စုအတွက်က ပူတင်ကျရှုံးရေး၊ ရေရှည်ထိခိုက်ရေးကအဓိကပါ။

လူ့သဘောသဘာဝမှာ လူသတ်ရင်အရေးယူဒဏ်ခတ်မယ်ပဲ ဝိုင်းအော်နေကြပြီး။ လူမသတ်အောင်ဘယ်လိုတားဆီးမလဲ? လူမသတ်အောင်ဘယ်လိုဝင်ကာကွယ်ပေးမလဲမေးရင် ‘ဟင်ကနဲ’ လှည့်ထွက်သွားကြတဲ့သူကများပါတယ်။

ရဲစခန်းတွေလည်းအဲ့လိုပါပဲ။ လူသတ်မှုဖြစ်နိုင်တယ်လို့တိုင်ရင် အလေးထားအရေးမယူကြပါဘူး။ လူသတ်မှုဖြစ်မှ အရေးတယူစကိုင်ကြတာပါ။

နောက်ဆုံးတော့ လူ့လောကကြီးမှာ ကိုယ်ရှင်သန်နိုင်အောင် ကိုယ်ပဲရုန်းကန်ကြရတာပါ။

တိရိစ္ဆာန်လောကနဲ့ သိပ်မကွာပါဘူး။

#RichardMyoThant

5-March-2022