အေထြအေထြဗဟုသုတ

အဂၤါ ေတြရဲ႕ အားနည္းခ်က္၊ တနဂၤေႏြ ေတြရဲ႕ ဝဋ္ေႂကြး

အဂၤါ ေတြရဲ႕ အားနည္းခ်က္၊ တနဂၤေႏြ ေတြရဲ႕ ဝဋ္ေႂကြး

အဂၤါေန႔ဖြားေတြရဲ႕အဆိုးဆုံး အားနည္းခ်က္ကေတာ့ လက္လြန္ေျခလြန္ ေပးကမ္းပစ္တတ္တာပါပဲ။
ဘဝမွာ အေပးလြန္ၿပီးမွ ေနာင္တရ ၊ ျပန္လိုခ်င္မႈ ၊ ယူက်ဳံးမရ တသသ ျဖစ္ရမႈ ၊ ႏွေမ်ာတသ ..ျဖစ္ရမႈစသည္ျဖင့္လက္လြန္ ကြၽံနစ္ ေဝဒနာ ျဖစ္ရတတ္သည့္ ကံမ်ိဳးကို ရင္မဆိုင္ရဖူးေသာ အဂၤါေန႔ဖြား ဟူ၍ မရွိႏိုင္လို႔ေတာင္ ေျပာရေလာက္သည့္ အေနအထားပါပဲ။အဂၤါေန႔ဖြားေတြဟာ အတိတ္ကို ျပန္လည္ခံစားႏိုင္စြမ္း ျမင့္မားၾကပါတယ္။ ဒီအခ်င္းအရာကပဲ သူတို႔ဟာ ဘဝမွာသူတို႔ ဆုံးရႈံးသြားခဲ့ဖူးေသာအတိတ္ကာလရဲ႕ အရိပ္မ်ား ၊ နစ္နာမႈမ်ားကို ဘယ္ေသာအခါမွ မေမ့ႏိုင္ေတာ့ဘဲ တႏုံ႔ႏုံ႔ မ်ိဳသိပ္ ထိခိုက္ေနမိတတ္ၾကသူေတြ ျဖစ္လာၾကပါတယ္။

ဒါေၾကာင့္ သင္ဟာ အဂၤါေန႔ဖြား တစ္ေယာက္ေယာက္ ျဖစ္လာခဲ့မယ္ဆိုရင္ ျဖစ္ႏိုင္သမွ် လက္မလြယ္မိပါေစနဲ႔။သင္အမွန္တစ္ကယ္ စိတ္က ျပတ္သားႏိုင္တာကိုပဲ၊ ဒါမွမဟုတ္ သင္ဆုံးရႈံးခံႏိုင္တာကိုပဲ လက္လြယ္ပါ။ႏို႔မဟုတ္လို႔ကေတာ့ တစ္ဘဝလုံး ေမ့မရႏိုင္တဲ့ ခံစားမႈအမာ႐ြတ္ေတြ စြဲထင္က်န္ရစ္ခဲ့ပါလိမ့္မယ္။

တနဂၤေႏြ သားသမီးေတြအတြက္ အႀကီးဆုံး အတိတ္ဝဋ္ေႂကြး ကံတစ္ခုကို ျပပါဆိုရင္ ကိုယ္တစ္ေယာက္တည္းကို အစုလိုက္ ျဖစ္ေသာ
လူတစ္စုက ဝိုင္းဝန္းရန္ရွာ ခံရတတ္ျခင္း တစ္မ်ိဳးပါပဲ။ဒါေၾကာင့္ တနဂၤေႏြ သားသမီးေတြသည္ ဘဝမွာ အမ်ားနဲ႔တစ္ေယာက္ရင္ဆိုင္ရတဲ့ ဘဝအခက္အခဲမ်ိဳးေတြ အလြန္ ႀကဳံလြယ္တတ္ၾကသူေတြပါ။ကိုယ္တစ္ေယာက္တည္းကို…လူတစ္စုက ညီညီၫြတ္ၫြတ္နဲ႔ဝိုင္းတိုက္ခိုက္ၾကတာမ်ိဳး (ဝဋ္ေႂကြးကံ) ပါလာၾကေသာ ေမြးေန႔နံအမ်ိဳးအစား တစ္ခုပါပဲ။အထူးသျဖင့္ တနဂၤေႏြ ေန႔ဖြား ျဖစ္တဲ့အျပင္အထြန္းဖြား သို႔မဟုတ္ ပုတိဖြား ျဖစ္ေနခဲ့ရင္ ဒီကံကို ပိုမို ရင္ဆိုင္ၾကရပါတယ္။

ထို႔အတူ အမည္ရဲ႕ အဆုံးစာလုံးကို (ယ၊လ၊ဝ၊ရ) တို႔ျဖင့္ မွည့္ေခၚထားမိခဲ့ရင္လည္း ဥပမာ ေအးေအးဝင္း၊ျမတ္ေလးရည္၊ ေအးသီတာလင္း ၊ေက်ာ္ျမတ္ေ႐ႊ စသည္ျဖင့္ မွည့္ေခၚထားမိမယ္ဆိုရင္လည္း ဒီလိုကံ အေျခအေနဟာ ပိုမို ျမင့္တက္လာပါမယ္။
ပိုၿပီး ထူးဆန္းတာကေတာ့ တနဂၤေႏြသားသမီးလည္းျဖစ္ အဲဒီလို အမည္လည္း မွည့္ေခၚမိထားခဲ့မယ္ ဆိုရင္ဘဝခရီးလမ္းမွာအယူအဆ မတိုက္ဆိုင္မႈေတြ ၊ ရည္႐ြယ္ခ်က္ လုံး၀ ပ်က္ျပားသြားတာေတြ၊ အႀကီးအက်ယ္ တြက္ကိန္း လြဲသြားတာေတြကို မုခ်ကို ရင္ဆိုင္ရတတ္ျခင္းပါပဲ။
အမ်ားနဲ႔အတူတကြ လက္တြဲဖို႔လည္း အလြန္ ခက္ခဲေစမယ့္ အမည္မ်ိဳး ေန႔နံမ်ိဳးလို႔သာ ဆိုပါရေစ။

ဖတ္မွတ္သုတရ႐ုံမွ် ေလးစားစြာျဖင့္ ကိုဖုန္း သုေတသီ ေဝသာလီေမာင္ဖုန္း။

အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး

အင်္ဂါနေ့ဖွားတွေရဲ့အဆိုးဆုံး အားနည်းချက်ကတော့ လက်လွန်ခြေလွန် ပေးကမ်းပစ်တတ်တာပါပဲ။
ဘဝမှာ အပေးလွန်ပြီးမှ နောင်တရ ၊ ပြန်လိုချင်မှု ၊ ယူကျုံးမရ တသသ ဖြစ်ရမှု ၊ နှမျောတသ ..ဖြစ်ရမှုစသည်ဖြင့်လက်လွန် ကျွံနစ် ဝေဒနာ ဖြစ်ရတတ်သည့် ကံမျိုးကို ရင်မဆိုင်ရဖူးသော အင်္ဂါနေ့ဖွား ဟူ၍ မရှိနိုင်လို့တောင် ပြောရလောက်သည့် အနေအထားပါပဲ။အင်္ဂါနေ့ဖွားတွေဟာ အတိတ်ကို ပြန်လည်ခံစားနိုင်စွမ်း မြင့်မားကြပါတယ်။ ဒီအချင်းအရာကပဲ သူတို့ဟာ ဘဝမှာသူတို့ ဆုံးရှုံးသွားခဲ့ဖူးသောအတိတ်ကာလရဲ့ အရိပ်များ ၊ နစ်နာမှုများကို ဘယ်သောအခါမှ မမေ့နိုင်တော့ဘဲ တနုံ့နုံ့ မျိုသိပ် ထိခိုက်နေမိတတ်ကြသူတွေ ဖြစ်လာကြပါတယ်။

ဒါကြောင့် သင်ဟာ အင်္ဂါနေ့ဖွား တစ်ယောက်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဖြစ်နိုင်သမျှ လက်မလွယ်မိပါစေနဲ့။သင်အမှန်တစ်ကယ် စိတ်က ပြတ်သားနိုင်တာကိုပဲ၊ ဒါမှမဟုတ် သင်ဆုံးရှုံးခံနိုင်တာကိုပဲ လက်လွယ်ပါ။နို့မဟုတ်လို့ကတော့ တစ်ဘဝလုံး မေ့မရနိုင်တဲ့ ခံစားမှုအမာရွတ်တွေ စွဲထင်ကျန်ရစ်ခဲ့ပါလိမ့်မယ်။

တနင်္ဂနွေ သားသမီးတွေအတွက် အကြီးဆုံး အတိတ်ဝဋ်ကြွေး ကံတစ်ခုကို ပြပါဆိုရင် ကိုယ်တစ်ယောက်တည်းကို အစုလိုက် ဖြစ်သော
လူတစ်စုက ဝိုင်းဝန်းရန်ရှာ ခံရတတ်ခြင်း တစ်မျိုးပါပဲ။ဒါကြောင့် တနင်္ဂနွေ သားသမီးတွေသည် ဘဝမှာ အများနဲ့တစ်ယောက်ရင်ဆိုင်ရတဲ့ ဘဝအခက်အခဲမျိုးတွေ အလွန် ကြုံလွယ်တတ်ကြသူတွေပါ။ကိုယ်တစ်ယောက်တည်းကို…လူတစ်စုက ညီညီညွတ်ညွတ်နဲ့ဝိုင်းတိုက်ခိုက်ကြတာမျိုး (ဝဋ်ကြွေးကံ) ပါလာကြသော မွေးနေ့နံအမျိုးအစား တစ်ခုပါပဲ။အထူးသဖြင့် တနင်္ဂနွေ နေ့ဖွား ဖြစ်တဲ့အပြင်အထွန်းဖွား သို့မဟုတ် ပုတိဖွား ဖြစ်နေခဲ့ရင် ဒီကံကို ပိုမို ရင်ဆိုင်ကြရပါတယ်။

ထို့အတူ အမည်ရဲ့ အဆုံးစာလုံးကို (ယ၊လ၊ဝ၊ရ) တို့ဖြင့် မှည့်ခေါ်ထားမိခဲ့ရင်လည်း ဥပမာ အေးအေးဝင်း၊မြတ်လေးရည်၊ အေးသီတာလင်း ၊ကျော်မြတ်ရွှေ စသည်ဖြင့် မှည့်ခေါ်ထားမိမယ်ဆိုရင်လည်း ဒီလိုကံ အခြေအနေဟာ ပိုမို မြင့်တက်လာပါမယ်။
ပိုပြီး ထူးဆန်းတာကတော့ တနင်္ဂနွေသားသမီးလည်းဖြစ် အဲဒီလို အမည်လည်း မှည့်ခေါ်မိထားခဲ့မယ် ဆိုရင်ဘဝခရီးလမ်းမှာအယူအဆ မတိုက်ဆိုင်မှုတွေ ၊ ရည်ရွယ်ချက် လုံး၀ ပျက်ပြားသွားတာတွေ၊ အကြီးအကျယ် တွက်ကိန်း လွဲသွားတာတွေကို မုချကို ရင်ဆိုင်ရတတ်ခြင်းပါပဲ။
အများနဲ့အတူတကွ လက်တွဲဖို့လည်း အလွန် ခက်ခဲစေမယ့် အမည်မျိုး နေ့နံမျိုးလို့သာ ဆိုပါရစေ။

ဖတ်မှတ်သုတရရုံမျှ လေးစားစွာဖြင့် ကိုဖုန်း သုတေသီ ဝေသာလီမောင်ဖုန်း။