ၾကားသိရသမွ်











တစ်နှစ်တောင်ပြည့်ခဲ့ပြီပဲ

မနှစ်က ဒီလိုအချိန် အကြွေးဝယ်ထားတဲ့ ဆိုင်ကယ်လေးနဲ့ ဘာမှမယူနိုင်ပဲ စခန်းက ထွက်ပြေးလာခဲ့တဲ့ ကျနော်

လွတ်မြောက်နယ်မြေမှာ သင်တန်းတက် ရန်ကုန်ထဲပြန်ဝင်လို့ UG လဲ လုပ်ခဲ့ဘူးတယ်

နိုင်ငံတော်အကြမ်းဖက်ဖောက်ခွဲရေးသမားဆိုပြီး ၅၀၅ တွေ ၃၀၂ တွေနဲ့ ပုဒ်မ စုံအောင်တပ်ပြီး ဝရမ်းထုတ်ခံရတဲ့အချိန်က ဂုဏ်ယူရဆုံးအချိန်ပဲ

ရဲဘော်တွေနဲ့လက်နက်အချို့ဆုံးရှုံးခဲ့ပြီး မနဲလွတ်အောင်ပြေးခဲ့ရသေးတယ်

ဒီနယ်မြေထဲပြန်ရောက် PDF တွေကိုသင်တန်းပေးရင်း

အခုတော့ ရှေ့တန်းမှာ ကလေးတွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်ဗျို့

ပြည်သူကလက်မခံတဲ့ အာဏာရှင် ပျက်ဆီးဖို့အတွက် အဆုံးထိ တိုက်ပွဲဝင်ရပ်တည်ပေးသွားပါမယ်ဗျ

အားလုံးပဲ အားတင်းထားပေးပါ