အင်းစိန်အကျဉ်းထောင်မှာ အပြစ်မရှိဘဲ ဖမ်းဆီးခံနေရသူတွေထဲက စာရေးဆရာထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်နဲ့ စာရေးဆရာမောင်သာချိုကို ထောင်ဒဏ် ၂ နှစ် စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ရှေ့နေတယောက်ထံက သိရပါတယ်။
စာရေးဆရာထင်လင်းဦးကို စစ်ကောင်စီက ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခဲ့ပြီး စာရေးဆရာ မောင်သာချိုကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုကာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အင်းစိန်ထောင်တွင်းရှိ မြောက်ဥက္ကလာပ အထူးတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချလိုက်တာဖြစ်ပါတယ်။
သူတို့နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးက “စာရေးဆရာထင်လင်းဦးက ကျန်းမာရေးအနည်းငယ်ကောင်းမွန်တယ်ဆိုပေမဲ့ အနည်းငယ်ချူချာတယ်။
သူတို့က ထောင်ထဲမှာ တနှစ်လောက် အချုပ်နဲ့ နေခဲ့ရတာကြောင့် အဲဒီနေ့တွေအတွက် လျှော့ရက်တော့ ခံစားရမှာပါ။ ဆရာမောင်သာချိုကတော့ သူတို့တိုက်ရိုက်လိုက်တာ မဟုတ်တော့ ကျန်းမာရေး အခြေအနေကို သိပ်မသိပါဘူး”လို့ ပြောပါတယ်။
ဖမ်းဆီးခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကိုလည်း ဒီနေ့ အမိန့်ချမယ်လို့ သတင်းထွက်နေပေမဲ့ အခုထိတော့ အခြေအနေမသိရသေးပါဘူး။
စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့အကြီးအကဲတွေကို ဘာအပြစ်မှ ကျူးလွန်ခြင်းမရှိဘဲ ဥပဒေမဲ့ဖမ်းဆီးထားပြီး အခုလို တနှစ်ကျော်ကြာချိန်မှာ ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။
Crd…
Unicode
အင္းစိန္အက်ဥ္းေထာင္မွာ အျပစ္မရွိဘဲ ဖမ္းဆီးခံေနရသူေတြထဲက စာေရးဆရာထင္လင္းဦးကို ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ စာေရးဆရာေမာင္သာခ်ိဳကို ေထာင္ဒဏ္ ၂ ႏွစ္ စစ္ေကာင္စီတရား႐ုံးက ခ်မွတ္လိုက္ၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ရဲ႕ ေရွ႕ေနတေယာက္ထံက သိရပါတယ္။
စာေရးဆရာထင္လင္းဦးကို စစ္ေကာင္စီက ပုဒ္မ (၅၀၅-က) နဲ႔ တရားစြဲဆိုခဲ့ၿပီး စာေရးဆရာ ေမာင္သာခ်ိဳကိုေတာ့ ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုကာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ အင္းစိန္ေထာင္တြင္းရွိ ေျမာက္ဥကၠလာပ အထူးတရား႐ုံးကေန ေထာင္ဒဏ္ အသီးသီး ခ်လိုက္တာျဖစ္ပါတယ္။
သူတို႔နဲ႔ နီးစပ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနတဦးက “စာေရးဆရာထင္လင္းဦးက က်န္းမာေရးအနည္းငယ္ေကာင္းမြန္တယ္ဆိုေပမဲ့ အနည္းငယ္ခ်ဴခ်ာတယ္။
သူတို႔က ေထာင္ထဲမွာ တႏွစ္ေလာက္ အခ်ဳပ္နဲ႔ ေနခဲ့ရတာေၾကာင့္ အဲဒီေန႔ေတြအတြက္ ေလွ်ာ့ရက္ေတာ့ ခံစားရမွာပါ။ ဆရာေမာင္သာခ်ိဳကေတာ့ သူတို႔တိုက္႐ိုက္လိုက္တာ မဟုတ္ေတာ့ က်န္းမာေရး အေျခအေနကို သိပ္မသိပါဘူး”လို႔ ေျပာပါတယ္။
ဖမ္းဆီးခံေနရတဲ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးျမေအးကိုလည္း ဒီေန႔ အမိန႔္ခ်မယ္လို႔ သတင္းထြက္ေနေပမဲ့ အခုထိေတာ့ အေျခအေနမသိရေသးပါဘူး။
စစ္ေကာင္စီဟာ အာဏာစသိမ္းကတည္းက ထင္ရွားတဲ့ စာေရးဆရာေတြ၊ အႏုညာရွင္ေတြ၊ တက္ႂကြလႈပ္ရွားသူေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ အစိုးရအဖြဲ႕အႀကီးအကဲေတြကို ဘာအျပစ္မွ က်ဴးလြန္ျခင္းမရွိဘဲ ဥပေဒမဲ့ဖမ္းဆီးထားၿပီး အခုလို တႏွစ္ေက်ာ္ၾကာခ်ိန္မွာ ပုဒ္မအမ်ိဳးမ်ိဳးနဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ေနတာ ျဖစ္ပါတယ္။
Crd…



