ထိုင်ဝမ်နိုင်ငံ၊ Taipei မြို့က အသက် ၂၇ နှစ်အရွယ် Q May Chen အမည်ရှိ အမျိုသမီးတစ်ဦးဟာ သူမငယ်စဥ်ကတည်းကပင်် ရင်သားကင်ဆာရောဂါနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမဟာ ရင်သားကင်ဆာဒုတိယအဆင့်အတွက် ကုသမှုခံယူပြီးနောက် သူမကင်ဆာနဲ့မကင်း ဆိုပြီး ကြေငြာလိုက်တဲ့အခါ ဘယ်လိုပျော်ရွှင်မှုမှ မရရှိနိုင်တော့ပါဘူး။ Chen ရဲ့ သူငယ်ချင်းတွေက သူမမွေးနေ့ရောက်တဲ့အခါမှာ သူမအမြဲလိုချင်တဲ့ မွေးနေ့လက်ဆောင်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Chen သိပ်ကိုလိုချင်တဲ့ လက်ဆောင်ကတော့ သူမရဲ့မင်္ဂလာဆောင်တဲ့နေ့မှာ သူမကိုအရမ်းချစ်မြတ်နိုးတဲ့ကောင်လေးနဲ့ အတူ လှပတဲ့ဓာတ်ပုံတွေ ရိုက်ကူးခြင်းဖြစ်တဲ့ ထိုအချိန်ကာလကို စောင့်မျှော်ခဲ့တာပါ။
“ ကျွန်မ ငယ်ငယ်တုန်းကဆို လှလှပပဝတ်စားရတာကို ကြိုက်တယ်၊ တစ်နေ့ ငါလက်ထပ်ခဲ့မယ်ဆိုရင် ပုံလှလှလေးတွေ ရိုက်ကူးမယ်လို့ ငါအမြဲမျှော်လင့်ခဲ့တယ်။ ဒါမဲ့ ငါစောင့်ဆိုင်းရင်းနဲ့ ငါ့ရဲ့ရောဂါအခြေနေ နောက်တစ်ဆင့်ထပ်ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ဒီချိန်မှာ ငါလုပ်ချင်တဲ့အရာပဲ လုပ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်” ဆိုပြီး Chen က သူမရဲ့ဆုံးဖြတ်ချက်ကို ပြောလာခဲ့ပါတယ်။ ဒီရိုက်ချက်က သူမကို တကယ်စွမ်းအားရှိစေတယ်လို့ Chen က ဝန်ခံခဲ့ပါတယ်။ Chen ဟာ သူမလိုမျိုး ရှေ့ဆက်တက်ဖို့ ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရတဲ့ အခြားသူတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ရပ်တည်ရန် တိုက်တွန်းလှုံ့ဆော်လိုတာကြောင့် သူမရဲ့ဇာတ်လမ်းကို မျှဝေရန် ဆုံးဖြတ်ခဲ့တာပါ။
.
.
.
.
.
.
.
JRose (KB Chimmy)
Reference : gtgoodtimes
Zawgyi
ထိုင်ဝမ်နိုင်ငံ၊ Taipei မြို့က အသက် ၂၇ နှစ်အရွယ် Q May Chen အမည်ရှိ အမျိုသမီးတစ်ဦးဟာ သူမငယ်စဉ်ကတည်းကပင် ရင်သားကင်ဆာရောဂါနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမဟာ ရင်သားကင်ဆာဒုတိယအဆင့်အတွက် ကုသမှုခံယူပြီးနောက် သူမကင်ဆာနဲ့မကင်း ဆိုပြီး ကြေငြာလိုက်တဲ့အခါ ဘယ်လိုပျော်ရွှင်မှုမှ မရရှိနိုင်တော့ပါဘူး။ Chen ရဲ့ သူငယ်ချင်းတွေက သူမမွေးနေ့ရောက်တဲ့အခါမှာ သူမအမြဲလိုချင်တဲ့ မွေးနေ့လက်ဆောင်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Chen သိပ်ကိုလိုချင်တဲ့ လက်ဆောင်ကတော့ သူမရဲ့မင်္ဂလာဆောင်တဲ့နေ့မှာ သူမကိုအရမ်းချစ်မြတ်နိုးတဲ့ကောင်လေးနဲ့ အတူ လှပတဲ့ဓာတ်ပုံတွေ ရိုက်ကူးခြင်းဖြစ်တဲ့ ထိုအချိန်ကာလကို စောင့်မျှော်ခဲ့တာပါ။