ၾကားသိရသမွ်

“စစ်ကိုင်းတိုင်းမှာ အင်တာနက်တွေ ဖြတ်လို့ လူငယ်တွေက အော်ရီဒူး Call center ကို ဖုန်းခေါ်ပြီး သတိပေးခဲ့တဲ့ ဗီဒီယို လူကြိုက်များနေ”

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်မှုအ​ပေါ် လူငယ်များ သတိ​ပေး

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်​တောက်ထားသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးလိုက်သည်။

အင်တာနက်စျေးနှုန်းများ မြှင့်တင်ထားသည့်အပြင် လိုင်းပါဖြတ်တောက်လိုက်၍ ဒေသခံများက ဒေါသထွက်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးလူငယ်အချို့က ယနေ့(မတ်လ ၄ရက်) နံနက်တွင် အော်ရီဒူးရုံးချုပ်သို့ဖုန်းခေါ်ဆို၍ သတိပေးခြင်းဖြစ်သည်။

” လိုင်းဖွင့်ပေးရင်ပေး၊ မပေးရင် ခင်များတို့ကိုယ်တိုင် လာဖြုတ်။ မဖြုတ်ရင် ကျုပ်တို့ကိုယ်တိုင်ချိုးပစ်ရလိမ့်မယ်”ဟု ဖုန်းခေါ်ဆို၍ သတိပေးထားသည်ကို တွေ့ရသည်။

အော်ရီဒူးရုံးချုပ်နှင့် ဖုန်းအပြန်အလှန်ပြောကြားနေသည့် နှစ်မိနစ်ခန့်ပါ အသံဖိုင်ကို ပြည်သူ့ကာကွယ်ရေးလူငယ်အဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။

” ခင်များတို့ကစကစလက်အောက်ခံမို့ ဖင်ခေါင်းကျယ်တာလား”

” မိုက်ရိုင်းတာတွေ များနေပြီ။ ပြည်သူလူထုကို မစော်ကားနဲ့”ဟုလည်း လူငယ်အဖွဲ့က ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံးကို ယမန်နေ့(မတ်လ ၃ ရက်)ည ၁၁နာရီကစ၍ အင်တာနက် ထပ်မံဖြတ်တောက်ထားသည်။

ရုပ်သံကြည့်ရန်

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အစွမ်းကုန်ယုတ်မာမှုများ ကျူးလွန်ရန် ယခုကဲ့သို့ ဆက်သွယ်ရေးဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မြှပည်သူများအနေဖြင့် ယခင်ကထက် အားစိုက်ကူညီကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။

—People’s Spring